Miss Universe Myanmar 2015-2016 ဖိုင်နယ် ပြိုင်ပွဲတွင် အဆိုတော်များလည်း ပါ၀င် တင်ဆက်မည်

Miss Universe Myanmar 2015-2016 ဖိုင်နယ် ပြိုင်ပွဲတွင် အဆိုတော်များလည်း ပါ၀င် တင်ဆက်မည်

ရန်ကုန်၊ စက်တင်ဘာ ၃၀ ။          ။ Miss Universe Myanmar 2015-2016 ဖိုင်နယ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ်များ၏ ယှဉ်ပြိုင်မှုအပြင် အဆိုတော် ဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ အောင်ထက် ၊အောင်သီဟ နှင့် Life & Dance တို့မှ ပူးပေါင်း တင်ဆက်ကြမည် ဖြစ်သည်။

Gandamar Grand Ballroom တွင် အောက်တိုဘာ ၃ရက်၌ ကျင်းပ ပြုလုပ်မည့် Miss Universe Myanmar 2015-2016 ဖိုင်နယ် ပြိုင်ပွဲ ဖျော်ဖြေရေး အစီအစဉ် အနေဖြင့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ အောင်ထက်၊ အောင်သီဟ နှင့် Life & Dance တို့မှ ပါဝင် ပူးပေါင်း တင်ဆက်ကြမည် ဖြစ်သည်။

Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲအကြို အဖြစ် စက်တင်ဘာ ၃၀ရက်တွင် Gandamar Grand Ballroom ၌ ပြုလုပ်မည့် National Costume Competition & National Gift Auction ပွဲတွင်လည်း အဆိုတော် ထွန်းထွန်း၊ အစ္စဏီ၊ သိန်းလင်းစိုး၊ စိုင်းလွှမ်း၊ Myanmar Girl နှင့် Red Lips Girl Band တို့မှ ပါဝင် ဖျော်ဖြေ ကြမည် ဖြစ်သည်။

"The Best National Costume" ရွေးချယ်မှု အတွက် ပွဲသို့ တက်ရောက် လာသည့် ဧည့်ပရိတ်သတ်များမှ ပွဲကြည့် လက်မှတ်များနှင့် မဲပေး ရွေးချယ်ပေးရမည် ဖြစ်သည်။ ပြိုင်ပွဲ လက်မှတ်ရောင်းချရငွေနှင့် National Gift ရောင်းချရ ငွေများကို မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ်နှင့် ကလေး ဆေးရုံကြီးသို့ လှူဒါန်းသွားမည် ဖြစ်သည်။

Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲ တွင် ချီးမြှင့်မည့် Miss Famous Title ဆုအတွက် စက်တင်ဘာ ၁၅ရက်မှ စတင်ကာ Website Vote ၊ Facebook Vote ၊ SMS Vote တို့ဖြင့် စတင် မဲပေးနိုင်ပြီး ထို Voting သုံးမျိုး ပေါင်းပြီး အမှတ်အများဆုံး ရရှိသူသည် Miss Famous Title ဆု ချီးမြှင့်ခံရမည်ဟုလည်း သိရသည်။

Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲတွင် Miss Universe Myanmar 2015 ရရှိသူကို ကျပ် သိန်း ၁၀၀၊ Miss Universe Myanmar 2016 အတွက် ကျပ် သိန်း ၁၀၀၊ 1st Runner Up ကို ကျပ် သိန်း ၅၀၊  2nd Runner Up ကို ကျပ် ၂၅ သိန်း ချီးမြှင့်မည် ဖြစ်သည်။

Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲဝင် အလှမယ် အယောက် ၂၀သည် လက်ရှိတွင် National Costume Competition & National Gift Auction ပွဲ အတွက်လေ့ကျင့်မှု များပြုလုပ်နေ သလိုနောက်ဆုံး ပြိုင်ပွဲ အတွက်ကိုလည်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required