စကားများရန်ဖြစ်ရာမှ တူဖြစ်သူက ဦးလေးဖြစ်သူကို ဓားဦးချွန်ဖြင့်ထိုး

စကားများရန်ဖြစ်ရာမှ တူဖြစ်သူက ဦးလေးဖြစ်သူကို ဓားဦးချွန်ဖြင့်ထိုး

ရန်ကုန်မြို့၊ ဇန်နဝါရီ ၁၅ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် ဦးလေးနှှင့် တူဖြစ်သူတို့ စကားများရန်ဖြစ်ရာမှ တူဖြစ်သူက အသင့်ပါလာသော ဓားဦးချွန်ဖြင့် ထိုးခြင်းကြောင့် ဦးလေးဖြစ်သူ သေဆုံးသွားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ထန်းတပင်ကျေးရွာ ရှိ လယ်တောအိမ်တွင် ဦးညွန့်အောင်သည် မိသားစုနှင့် အတူ မီးလှုံနေစဉ် ဦးညွန့်အောင်၏ တူတော်စပ်သူ သိန်းနိုင် ရောက်ရှိလာပြီး ဦးညွန့်အောင်ကို တောထဲသို့ သွားရန်ခေါ်ရာ ဦးညွှန့်အောင်မှ မလိုက်ချင်ကြောင်း ပြောဆိုသည်သဖြင့် သိန်းနိုင်မှ မကျေမနပ်ဖြစ်ကာ စကားများရန်ဖြစ်စဉ် သိန်းနိုင်က အသင့်ပါလာသော ဓားဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဓားဦးချွန်၏ အရွယ်အစားသည် အရိုး/ အသွား(၁၅)လက်မခန့်ရှိပြီး အသက် (၅၃)နှစ်အရွယ် ဦးညွန့်အောင်သည် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားသောကြောင်းသိရသည်။

ဖြစ်စဉ်အတွက် ကျူးလွန်သူ အသက် (၂၂)နှစ်အရွယ် သိန်းနိုင်ကို အရေးယူပေးရန်တိုင်တန်းချက်အရ ဝန်းသိုမြို့မရဲစခန်း(ပ) ၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly