အောင်ရဲထွေးသေဆုံးမှုအတွက် ပြန်ခေါ်သက်သေများကို စစ်ဆေး

အောင်ရဲထွေးသေဆုံးမှုအတွက် ပြန်ခေါ်သက်သေများကို စစ်ဆေး

ဇန်နဝါရီလ ၁၅ ။             ။ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအတွက်  ရန်ကုန်အရှေပိုင်းခရိုင်တရားရုံးမှ The One Entertainment Park မှ အထွေထွေမန်နေဂျာ နှင့် လုံခြုံရေးအကြံပေးတို့အား ပြန်ခေါ်သတ်သေအဖြစ်  စစ်ဆေးခဲ့သည်။

အမှုအတွက် စွဲချက်တင်ခံထားရသည့် သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည်ဖြိုးအောင် (ခ) အောင်လေး ၊ ကျော်ဇောပာန် (ခ)ကျော်ဇော တို့ကို ဇန်နဝါရီလ ၁၅ ရက်နေ ့တွင်အရှေ့ပိုင်းခရိုင်းတရားရုံးတွင် ရုံးထုတ် ခဲ့သည်။

ဇန်နဝါရီ ၁၅ရက်နေ့တွင် ပြုလုပ်သော ရုံးချိန်းတွင် အခင်းဖြစ်ပွားရာ  VVIP နေရာတွင် CCTV  များ တပ်ဆင် ထားခြင်းမရှိကြောင်းနှင့် လုံခြုံရေးအနေဖြင့် အတက်အဆင်းလှေကားတွင် လုံခြုံရေး ၄ ယောက် ထားရှိ ထားခြင်းဖြစ်ကြောင်း ပြန်ခေါ်သက်သေများက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

The One Entertainment Park မှ အထွေထွေမန်နေဂျာ ဖြစ်သူက တရားခွင် အတွင်းထွက်ဆိုရာတွင် The One Entertainment Park ၏ နေရာစုံတွင် CCTV  ၁၀ လုံးတပ်ဆင်ထားပြီး VIP / VVIP နေရာ နှင့် ဝင်း အတွင်းတွင် တပ်ဆင်ထားခြင်းမရှိပဲ ဂိတ်ဝင်အပေါက်ဝမှာသာ တပ်ဆင်ထားကြောင်း ၊ အခင်းဖြစ်စဉ်ကို ၄င်း အနေဖြင့်မသိရှိသော်လည်း လုံခြုံရေးများ အကြောင်းကြားမှုကြောင့် ရောက်ရှိသည့်အခါတွင် သန်းထွဋ်အောင် (ခ)သားကြီး နှင့် ပြည်ဖြိုးအောင်(ခ) အောင်လေးတို ့နောက်တွင် လုံခြုံရေးများက ကပ်ပါလာပြီး ပြဿနာ ဖြစ်သူမှာ သန်းထွဋ်အောင်(ခ)သားကြီး နှင့် ပြည်ဖြိုးအောင်(ခ) အောင်လေး တို ့ဖြစ်သည့် ပာု လုံခြုံရေးဝန်ထမ်း နှစ်ဦး ၏ ပြောကြားချက်အရ သိရသည်ပာု တရားခွင်တွင် ထွက်ဆိုခဲ့သည်။

လုံခြုံရေးအကြံပေးဖြစ်သူက တရားခွင်တွင်ထွက်ဆိုရာ၌ အခင်းဖြစ်ပွားခဲ့သည့် The One Entertainment Park ဝင်းအတွင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များကြောင့်  ပွဲကျင်းပသည့် ဝင်း နှင့် VIP VVIP စင်များတွင် CCTV  တပ်ဆင်ထားခြင်းမရှိဘဲ အခင်းဖြစ်ပွားခဲ့သည့် VVIP စင် သို့ အတတ်အဆင်း ပြုလုပ်ရတာတွင် လုံခြုံရေးနှင့် လက်မှတ်စစ်ရန် လုံခြုံရေးဝန်ထမ်း ၄ ဦး ထားရှိထားသည်ပာု တရားခွင်တွင် ထွက်ဆိုခဲ့သည်။

 အောင်ရဲထွေးသေဆုံးခဲ့မှုအတွက် သန်းထွဋ်အောင်(ခ) သားကြ်ီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ကို လူသတ်မှုပုဒ်မ ၃၀၂ အပိုဒ်ခွဲ (၂) ဖြင့် စွဲချက်တင်အမိန့်ချခဲ့ပြီး ကျော်ဇောဟန် (ခ) ကျော်ဇောကို လူသတ်မှု ဖြစ်ပေါ်လာစေရန် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၀၂ အပိုဒ်ခွဲ (၂) / ၁၁၄ ဖြင့် စွဲချက်တင်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ ့တွင် အမိန့်ချမှတ်ခဲ့သည်။

 အဆိုပါ အမှုအတွက် ရုံးချိန်းကို ဇန်နဝါရီလ  ၂၂ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ကျန်ရှိနေသည့် ပြန်ခေါ်သက်သေ ၇ ဦးကို ဆက်လက်စစ်ဆေးသွားမည်ဟု သိရသည်။

 ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ဦးနှောက် ဖိညှပ်ခံရခြင်း၊ဦးနှောက်ဖူးယောင်ခြင်း စသည့် ဒဏ်ရာ လက္ခဏာဖြင့် သေဆုံးခဲ့ကြောင်း တရားလိုပြသက်သေ မှုခင်းဆရာဝန်၏ ထွက်ဆိုချက်များအရ အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားသူကြီးက ဇန်နဝါရီလ ၇ ရက်နေ႔က တရားခွင်မှာ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly