တရုတ်ရဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ ပိုငွေ အားကောင်းစွာ ပြပေမယ့် ကုန်သွယ်ရေးစစ် ဒဏ်ကို စတင် ခံစားလာရ

တရုတ်ရဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ ပိုငွေ အားကောင်းစွာ ပြပေမယ့် ကုန်သွယ်ရေးစစ် ဒဏ်ကို စတင် ခံစားလာရ

ပေကျင်း၊ ဇန်နဝါရီ ၁၄ ။          ။ တရုတ်ရဲ့ အမေရိကန်နိုင်ငံနဲ့ ပြီးခဲ့တဲ့နှစ်က ကုန်သွယ်ရေးမှာ ပိုငွေအားကောင်းစွာ ပြကြောင်း တနင်္လာနေ့ အချက်အလက်တွေက ပြသပါတယ်။

ဒါပေမယ့် ရေရှည်ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ရဲ့ ဒဏ်ကို ကမ္ဘာ့ ဒုတိယစီးပွားရေး အကြီးဆုံး တရုတ်နိုင်ငံအနေနဲ့ စတင်ခံစားလာရခြင်းအဖြစ် သွင်းကုန်ပို့ကုန်တွေ ကျဆင်းလာမှုကို ဒီဇင်ဘာလမှာ စတင်ကြုံတွေ့လာရပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ ပိုငွေပြနေတာဟာ ထရမ့်အစိုးရအတွက်တော့ အမျက်ထွက်စရာ အဓိကအကြောင်းရင်းခံတစ်ခုပဲ ဖြစ်ပါတယ်။

ထရမ့်အစိုးရဟာ တရုတ်ရဲ့ ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိတဲ့ ကုန်စည်တွေကို ပြီးခဲ့တဲ့နှစ်က သွင်းကုန်ခွန်တွေ ချမှတ်ပြဌာန်းခဲ့ပြီး ဒီလို သွင်းကုန်ခွန်တွေ ပိုမိုချမှတ်သွားမယ်လို့လည်း သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို စည်းကြပ်မှုတွေ လုပ်ဆောင်နေတဲ့ကြားမှာပဲ အမေရိကန်ဆီ တရုတ်ရဲ့ ကုန်စည်တင်ပို့မှုဟာ ၂၀၁၈ ခုနှစ်မှာ ၁၁ ဒဿမ ၃ ရာခိုင်နှုန်း ကြီးထွားခဲ့ပြီး ကုန်စည်တင်ပို့မှုကတော့ ၀ ဒဿမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က တရုတ်ရဲ့ အမေရိကန်နဲ့ ကုန်သွယ်မှုမှာ ပိုငွေပြတာဟာ ဒေါ်လာ ၂၇၅ ဒဿမ ၈ ဘီလီယံ ရှိခဲ့ရာကနေ ၂၀၁၈ ကုန်သွယ်ရေးပိုငွေက ဒေါ်လာ ၃၂၃ ဒဿမ ၃ ဘီလီယံအထိ တိုးများပြီး ပိုငွေ ပြခဲ့တာ ဖြစ်ကြောင်း အကောက်ခွန်အချက်အလက်တွေက ပြသပါတယ်။

ဒါပေမယ့် အိမ်ဖြူတော်ရဲ့ သွင်းကုန်ခွန် စည်းကြပ်မှု ဒဏ်ကို စတင်ခံစားရခြင်းအဖြစ် ပြီးခဲ့တဲ့လမှာ တရုတ်ရဲ့ အမေရိကန်ဆီ ကုန်စည်တင်သွင်းမှုဟာ ကျဆင်းလာတော့တာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required