ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နှစ်ထက် ယာဉ်တိုက်မှုများမြင့်တက်လာပြီး လူ ၆ဝဝကျော် သေဆုံး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နှစ်ထက် ယာဉ်တိုက်မှုများမြင့်တက်လာပြီး လူ ၆ဝဝကျော် သေဆုံး

ဇန်နဝါရီလ ၁၄ ။              ။ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မတော်တမှု ၊ ယာဉ်တိုက်မှုများယမန်နှစ်ထက် မြင့်တက် လာပြီး လူ ပေါင်း ၆၀၂ ဦး သေဆုံးကာ လူပေါင်း ၃၁၇၇ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ႔ခွဲမှုးရုံး မှ စုံစမ်းသိရှိရသည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၅၇၁ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၉၉ ဦးသေဆုံးကာ ၃၂၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၁၈ ခုှနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု ၊ယာဉ်မတော်တဆမှု ၂၆၈၅ မှု ဖြစ်ပွားခဲ့ပြီး မတ်လတွင်ယာဉ်တိုက်မှု ၂၇၅ မှုအများဆုံး  ဖြစ်ပွားခဲ့ကာ ၄၉ ဦး သေဆုံးပြီး လူပေါင်း  ၃၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဇန်နဝါရီလတွင် ယာဉ်တိုက်မှု ၂၂၇ မှု ဖြစ်ပွားပြီး လူ ၅၀ ဦးသေဆုံးကာ လူပေါင်း ၃ဝဝခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ဖေဖော်ဝါရီလတွင် ယာဉ်တိုက်မှု ၂၁၃ မှု ဖြစ်ပွားပြီး လူပေါင်း၄၄ ဦး သေဆုံးကာ ၂၇၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။ မတ်လ တွင် ယာဉ်တိုက်မှု၂၇၅ မှုဖြစ်ပွားပြီး ၄၉ ဦးသေဆုံးကာ ၃၂၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဧပြီလ တွင်ယာဉ်တိုက်မှု ၂၆၄ မှု ဖြစ်ပွားပြီး လူပေါင်း ၄၄ ဦး သေဆုံးကာ ၃၅၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။မေလ တွင် ယာဉ်တိုက်မှု ၂၄၆ မှု ဖြစ်ပွားခဲ့ပြီး ၅၈ ဦး သေဆုံးကာ ၂၇၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ တွင် ယာဉ်တိုက်မှု ၂၄၄ မှု ဖြစ်ပွားပြီး ၅၉ ဦးသေဆုံးကာ ၂၉၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လတွင် ယာဉ်တိုက်မှု၂၀၀ မှုဖြစ်ပွားခဲ့ပြီး ၄၃ ဦးသေဆုံးကာ ၂၃၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သြဂုတ်လ တွင် ယာဉ်တိုက်မှု ၁၅၈ မှုဖြစ်ပွားခဲ့ပြီး ၅၀ ဦးသေဆုံးကာ၁၄၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။စက်တင်ဘာလ တွင် ယာဉ်တိုက်မှု ၂၁၁ မှုဖြစ်ပွားခဲ့ပြီး ၄၅ ဦးသေဆုံးကာ ၂၂၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာလ တွင် ယာဉ်တိုက်မှု ၂၁၁ ဖြစ်ပွားခဲ့ပြီး ၅၁ ဦးသေဆုံးကာ ၂၃၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။နိုဝင်ဘာလ တွင် ယာဉ်တိုက်မှု ၂၁၄ မှု ဖြစ်ပွားခဲ့ပြီး ၄၉ ဦး သေဆုံးကာ ၁၉၆ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

 ဒီဇင်ဘာလ တွင် ၂၂၂ မှု ဖြစ်ပွားခဲ့ပြီး ၆၀ ဦးသေဆုံးကာ ၃၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှုးရုံး က ထုတ်ပြန်ခဲ့သည်။

၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီး ခရေပင်လမ်းခွဲ၌ ဖြစ်ပွားခဲ့သော ယာဉ် ၆ စီး ဆင့်တိုက်မှု မြင်ကွင်း။ ဓာတ်ပုံ - Yangon Traffic Police
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly