၃ လ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃ ခုခွင့်ပြုခဲ့ပြီး ကန်ဒေါ်လာသန်းရ၀၀ ကျော် ရင်းနှီးမြှုပ်နှံ

၃ လ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃ ခုခွင့်ပြုခဲ့ပြီး ကန်ဒေါ်လာသန်းရ၀၀ ကျော် ရင်းနှီးမြှုပ်နှံ

ရန်ကုန်၊ ဇန်နဝါရီ ၁၄။          ။  ၂၀၁၈ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃ခုကိုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၇၉၉ သန်းကျော်ရှိကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

 "နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒ အရေးကြီးတဲ့မူဝါဒတစ်ရပ်မှာတော့ အလုပ်အကိုင်ရရှိရေးဖြစ်ပါတယ်။ ဒါနဲ့ပတ် သက်လို့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ငန်းဖွ့ံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင် ရေးအတွက် ဘဏ္ဍာငွေရရှိမှုများတိုးတက်စေဖို့ လိုအပ်နေတဲ့မူဝါဒတွေကို ချမှတ်ဆောင်ရွက်နေပါတယ်" ဟု ဦးသောင်းထွန်းကပြောသည်။

 ၂၀၁၈ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၅ဝခုကို ခွင့်ပြု အတည်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း ၅ဝဝကျော်ရှိကြောင်း သိရသည်။

 မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁ရနှင့်အညီ ကျင့်သုံးသည့် အီလက်ထရောနစ်မှတ်ပုံတင်ခြင်းစနစ် MyCo ကို ၂၀၁၈ခုနှစ် သြဂုတ် ၁ရက်တွင် စတင်ခဲ့ပြီး အဆိုပါစနစ်ဖြင့် သြဂုတ်လ ၁ရက်မှ ဇန်နဝါ ရီ ၉ရက်အထိ မှတ်ပုံ တင်သည့် ကုမ္ပဏီ ၃၄ဝဝဝရှိပြီး မှတ်ပုံတင်အသစ်တင်သည့်ကုမ္ပဏီ ၈၉၈၂ခုရှိကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

 မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ သိုမဟုတ် ၁၉၅ဝပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေတို့နှင့် မှတ်ပုံ တင်ထားသော တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများအားလုံးသည် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၂၀၁ရနှင့်အညီ ကျင့်သုံးဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCo တွင် ၂၀၁၈ခုနှစ် သြဂုတ်လ ၁ရက်မှ ဇန်နဝါရီ ၃၁ရက်အထိ ၆လကာလအတွင်း သတ်မှတ်ပုံစံနည်းလမ်းများအတိုင်း ပြန်လည် မှတ်ပုံတင်ရန် ၂၀၁၈ခုနှစ် ဇွန်လ ၂၂ရက်တွင် ကြေညာထားကြောင်း ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ၂၀၁ရခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည်။

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required