မလေးရှား တိရိစ္ဆာန်ရုံက ပန်ဒါဝက်ဝံလေးအတွက် မွေးနေ့ပွဲ ကျင်းပပေး

မလေးရှား တိရိစ္ဆာန်ရုံက ပန်ဒါဝက်ဝံလေးအတွက် မွေးနေ့ပွဲ ကျင်းပပေး

ဇန်နဝါရီ ၁၄ ။             ။ မလေးရှား တိရိစ္ဆာန်ရုံတစ်ခုမှာ မွေးဖွားတဲ့ ပန်ဒါဝက်ဝံလေးအတွက် ပထမဆုံး မွေးနေ့ပွဲကို ဇန်နဝါရီ ၁၄ ရက်က ကျင်းပပေးခဲ့ပါတယ်။

အဆိုပါ ပန်ဒါဝက်ဝံလေးကို တိရိစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦးက မွေးနေ့ကိတ်ရှိရာ စင်မြင့်ပေါ်က ချီပွေ့ တင်ပေးခဲ့ပြီးနောက် ယင်းချစ်စဖွယ် ဝက်ဝံလေးဟာ ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်းနဲ့ ရှိုးတိုးရှန့်တန့် ဖြစ်နေခဲ့ပါတယ်။

ယင်း ပန်ဒါလေးအတွက် ရေခဲနဲ့ လုပ်ထားတဲ့ မွေးနေ့ကိတ်တစ်ခုနဲ့အတူ မွေးနေ့ပွဲ လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ခုချိန်ထိ နာမည်ပေးရသေးခြင်းမရှိတဲ့ ယင်းပန်ဒါလေးကတော့ မွေးနေ့ပွဲကို သိပ်စိတ်ဝင်စားပုံ မရဘဲ သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့ပါတယ်။

လက်ရှိမှာ အလေးချိန် ၇၅ ပေါင်ခန့်ရှိတဲ့ အဆိုပါ ပန်ဒါ ဝက်ဝံလေးကတော့ တရုတ်ကနေ မလေးရှားထံ ဆယ်နှစ် ငှားရမ်းပေးခဲ့တဲ့ ဝက်ဝံ စုံတွဲဖြစ်တဲ့ လျန်လျန် နဲ့ ရှင်းရှင်းတို့ကနေ မွေးဖွားခဲ့တဲ့ ဒုတိယမြောက် ဝက်ဝံလေးလည်း ဖြစ်ပါတယ်။

၂၀၁၅ သြဂုတ်လက အဆိုပါ ပန်ဒါဝက်ဝံ မောင်နှံကနေ ပထမ မွေးဖွားခဲ့တဲ့ ပန်ဒါလေး နွမ်နွမ် ကတော့ ၂၀၁၇ မှာပဲ တရုတ်ကို ပြန်ပို့ပေးထားရပြီး ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required