Mizzima TV ၏ အစီအစဉ်ကောင်းများကို မြန်မာကတ်စ် မိုဘိုင်း အက်ပလီကေးရှင်းတွင် ကြည့်ရှုနိုင်

Mizzima TV ၏ အစီအစဉ်ကောင်းများကို မြန်မာကတ်စ် မိုဘိုင်း အက်ပလီကေးရှင်းတွင် ကြည့်ရှုနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ။             ။ မြန်မာနက်မှ စတင်မိတ်ဆက်လိုက်သော မြန်မာကတ်စ် မိုဘိုင်း အက်ပလီကေးရှင်းတွင် မဇ္စျိမတီဗီအစဉ်များကို အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာကတ်စ် မိုဘိုင်း အက်ပလီကေးရှင်းသည် မြန်မာနက်မှ စတင်မိတ်ဆက်လိုက်သော မိုဘိုင်း အက်ပလီ ကေးရှင်း တစ်ခုဖြစ်ပြီး သတင်း၊ သီချင်း ၊ ရုပ်ရှင်နှင့် ဖျော်ဖြေရေးကဏ္ဍပေါင်းစုံကို စုစည်းတင်ဆက်ထားသော မိုဘိုင်းအက်ပလီကေးရှင်းလည်း ဖြစ်သည်။

Mizzima TVသည် မြန်မာနိုင်ငံရှိ လိုင်စင်ရ ရုပ်သံတင်ဆက်သူ ၅ ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး ထူးခြားသော သတင်းဦး ၊ သတင်းထူးများဖြင့် ဖျော်ဖြေရေး ကဏ္ဍပေါင်းစုံတို့အား နေ့စဉ်တင်ဆက်ပေးနေသော မီဒီယာ တစ်ခုလည်း ဖြစ်သည်။

အဆိုပါ အက်ပလီကေးရှင်းတွင် MCS၊ Myanmar Music Network၊ Mizzima TV, Maximax Solution, Blue Planet, AES Myanmar, 7887, Legacy Music Network,  အချစ်တလိုင်း TV, 7 Day TV, ဂီတမိတ်, Yangon Yangon နှင့်  DVB TV တို့ကို ပူးပေါင်းတင်ဆက်ထားခြင်း ဖြစ်သည်။

မြန်မာကတ်စ် မိုဘိုင်း အက်ပလီကေးရှင်းကို ဒေါင်းလော့ ရယူနိုင်ရန်အတွက် www.myanmarcast.com တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly