ရာသီဥတုပြောင်းလဲမှုကို လေ့လာနိုင်မယ့် နေရာ သို့မဟုတ် ချီလီရဲ့ ပက်တာဂိုးနီးယားဒေသ

ရာသီဥတုပြောင်းလဲမှုကို လေ့လာနိုင်မယ့် နေရာ သို့မဟုတ် ချီလီရဲ့ ပက်တာဂိုးနီးယားဒေသ

ဇန်နဝါရီ ၁၄ ။          ။ ချီလီနိုင်ငံရဲ့ ပက်တာဂိုးနီးယားဒေသကတော့ ကမ္ဘာကြီးပူနွေးမှုကို လေ့လာနေကြတဲ့ သုတေသီတွေအတွက် သဘာဝ ဓာတ်ခွဲခန်းတစ်ခုလိုမျိုး ဖြစ်နေလျက် ရှိပါတယ်။

ယင်းဒေသမှာတော့ ရေခဲတောင်တွေ အရည်ပျော်ကျနေပြီး ရေချို ပမာဏအများအပြားကို ပင်လယ်ထဲ ထုတ်လွှတ်ပေးနေတဲ့အတွက် ပင်လယ်ရေကြောင်းတွင်း ဂေဟစနစ်တွေအပေါ် ကမောက်ကမဖြစ်စေလျက် ရှိပါတယ်။

ယင်းအတိုင်းသား ဆက်သွားမယ်ဆိုရင် ဒါဟာ အဆိုပါ ဧရိယာမှာ ကျက်စားတဲ့ ဝေလငါးတွေအပေါ် ကြီးကြီးမားမား ထိခိုက်စေဖို့ ရှိသလို ယင်းတို့ရဲ့ အစားအစာ အရင်းအမြစ်တွေလည်း ပျောက်ကွယ်သွားဖွယ် ရှိနေပါတယ်။

လက်ရှိ ရာသီဥတု ပြောင်းလဲမှုက ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာတွေအပေါ် ဘယ်လိုမျိုး ထိခိုက်စေလျက် ရှိတယ်ဆိုတာကို ခန့်မှန်းသိရှိနိုင်ဖို့အတွက် ယင်း ဒေသရဲ့ တောင်ဘက်စွန်းပိုင်းမှာတော့ သိပ္ပံပညာရှင်တွေဟာ ဝေလငါးတွေ၊ လင်းပိုင်တွေ၊ မှော်ပင်တွေ လေ့လာနေကြလျက် ရှိပါတယ်။

လက်ရှိမှာတော့ ချီလီ Austral တက္ကသိုလ်က သုတေသီတွေဟာ လေ့လာချက်တစ်ရပ် လုပ်ဖို့ ဝေးလံတဲ့ Seno Ballena ဆိုတဲ့ တောင်ချောက်ကမ်းပါးအကြားက ပင်လယ်ရေဝင်လမ်းတစ်ခုဘက်ဆီ ဦးတည်သွားရောက်နေပြီ ဖြစ်ပါတယ်။

အဆိုပါ Seno Ballena ကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်လို့ အထူး လေ့လာနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။

" ဒီနေရာက တကယ်တော့ သဘာဝတရားအရ အလိုလိုဖြစ်နေတဲ့ လက်တွေ့စမ်းသပ်နိုင်မယ့် နေရာတစ်ခုလိုမျိုး ဖြစ်နေပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဓာတ်ခွဲခန်းထဲမှာ လက်တွေ့စမ်းသပ်ချက်တွေ လုပ်စရာ မလိုဘဲ ကျွန်တော်တို့ ဒီမှာပဲ လာလေ့လာပြီး နောက်ဆယ်စုနှစ်တွေမှာ ဘာတွေ ဖြစ်လာမလဲ သိရနိုင်ပါတယ်" ဆိုပြီး ပင်လယ်ရေကြောင်း သတ္တဗေဒပညာရှင် မက်ဇီမီလီယာနို ဗာဂါရာ က ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required