အခက်အခဲအတားအဆီးတွေကို အောင်မြင်စွာကျော်လွှားနိုင်စေမယ့် Eduard Folayang ၏ လမ်းစဉ်

အခက်အခဲအတားအဆီးတွေကို အောင်မြင်စွာကျော်လွှားနိုင်စေမယ့် Eduard Folayang ၏ လမ်းစဉ်

ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်သူ Eduard Folayang သည် အခက်အခဲအတားအဆီးများနှင့် စိမ်းသောသူတစ်ယောက်မဟုတ်။ အကြောင်းမှာ ဖိလစ်ပိုင်လူမျိုးဖြစ်သော ၎င်းသည် ကိုယ်ခံပညာသိုင်းလောက၏ အကျော်အမော်တစ်ဦးအဖြစ်မရပ်တည်မီ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားရင်း သူကိုယ်တိုင် အခက်အခဲများကို ကျော်လွှားအောင်မြင်လာသူတစ်ဦးပင်ဖြစ်ချေသည်။

ယခုအခါ Eduard Folayang သည် မကြာမီ တိုကျိုမြို့ကြီးတွင် ကျင်းပမည့် ပြိုင်ပွဲကြီး၌ ပြိုင်ဖက်ဖြစ်သူ Shinya Aoki ထံမှ ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်ရန် ကြိုးစားလေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ ထို့ကြောင့်ပင် Folayang က သူကိုယ်တိုင်ကျင့်သုံးခံယူထားသော လမ်းစဉ်အချို့ကိုလည်း ပြန်လည်မျှဝေထားလျက်ရှိသည်။

နားထောင်လိုစိတ်ရှိတတ်ပါစေ။

“မိမိမှာ သင်ယူစရာမကျန်တော့ဘူးလို့ မထင်လိုက်ပါနဲ့၊ မိမိကိုယ်ကို နှိမ့်ချပြီး သူတစ်ပါးဆီက အကြံဉာဏ်ကို တောင်းခံတတ်ပါစေ” ဟု Folayang က ဦးစွာဆိုသည်။

“ကျွန်တော်တို့ရဲ့ကိုယ်ခံပညာသိုင်းလောကမှာ အားလုံးက မာန မထောင်လွှားတတ်ဘဲ မိမိကိုယ်ကိုနှိမ့်ချပြီး နေတတ်ရပါတယ်။ မိမိကိုယ်ကို နှိမ့်ချတတ်ခြင်းက ကျွန်တော်တို့အတွက် လေ့ကျင့်ရေးတွေ စလုပ်ကတည်းက အရေးအကြီးဆုံးသင်ခန်းစာပါပဲ။ ဒီလိုမျိုးနေထိုင်မှသာ ကျွန်တော်တို့အတွက် ပွင့်လင်းတဲ့ အကြံပြုချက်တွေ ဝေဖန်မှုတွေကို လက်ခံရရှိနိုင်မှာပါ။” ဟု Folayang က ဆိုသည်။

“ကျွန်တော်တို့ဟာ လေ့ကျင့်ရေးလုပ်နေတဲ့အချိန်တွင်းမှာ နည်းပြရဲ့သင်ကြားပြသမှုကို သေချာလိုက်နာမှသာ ကိုယ်အားနည်းတဲ့အပိုင်းတွေကို သိမြင်ခွင့်ရမှာပါ။ သင့်ရဲ့လေ့ကျင့်ဖော်လေ့ကျင့်ဖက်တွေကလည်း ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့အမူအကျင့်တွေကို  ပြုပြင်ပေးရင်း တစ်ယောက်နဲ့ တစ်ယောက်ကူညီရိုင်းပင်းနိုင်မှာပါ။”

စိတ်ထားကောင်းမွန်တဲ့သူတွေနှင့်သာ ပေါင်းသင်းနေထိုင်ပါ။

မလေးရှားနိုင်ငံမှ နာမည်ကျော် Team Lakay ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ရာ Folayang မှာ တက်ကြွသောသူများနှင့် အတူယှဉ်တွဲလေ့ကျင့်မှုကြောင့် ရလာသောကောင်းကျိုးကို ကောင်းစွာသဘောပေါက်နားလည်သူဖြစ်သည်။ သူတို့ထံမှ တက်ကြွသောအမူအကျင့်များက မိမိထံပင်ကူးစက်လာစေရုံသာမက ကျွန်တော်ဟာ
Team Lakay က ညီအစ်ကိုများထံကနေ ကျွန်တော့် ကစားသမားဘဝအတွက် အထောက်အကူများစွာကိုရရှိစေပါတယ်။ အချို့သင်ခန်းစာတွေဆိုရင် ကြိုးဝိုင်းအတွင်းမှာလိုအပ်တဲ့အရာတွေထက်ကိုပိုပါသေးတယ်။” ဟုလည်း Folayang က မှတ်ချက်ပေးခဲ့သည်။

ယခုအခါ ၎င်းတို့၏ အသင်းအဖွဲ့မှာ ချန်ပီယံအဖွဲ့သားလေးဦးတို့အတွက် စုစည်းရာအိမ်သဖွယ်ဖြစ်လာပြီးနောက် ချန်ပီယံအသီးသီးမှာလည်း နယ်ပယ်စုံတွင် လွှမ်းမိုးနိုင်သူများဖြစ်ရာ ယင်းအဖွဲ့အစည်းသည် ယခုအခါအခြေခိုင်သောနေရာတစ်ခုအဖြစ်ရပ်တည်နိုင်နေပြီဖြစ်သည်။ ဒီအရာကသာ Team Lakay အဖွဲ့အတွက် အစစ်အမှန် အောင်မြင်မှုတစ်ရပ်ဖြစ်ပေသည်။

“ကျွန်တော်တို့အားလုံးဟာ ကိုယ်ခံပညာသိုင်းကစားသမားတွေပါ။ ကျွန်တော်တို့တွေမှာ နပန်းသတ်တဲ့နေရာမှာရော၊ ထိုးနှက်တဲ့နေရာမှာရော၊ အခြားမြေပြင်ကစားကွက်တွေကိုပါ ခွန်နဲ့အားနဲ့ကစားသူတွေပါ။ အရေးကြီးတဲ့အချက်ကတော့ ကျွန်တော်တို့ ဒီစွမ်းရည်တွေကို သူတစ်ပါးကို ဘယ်လိုပြန်လည်မျှဝေမလဲနဲ့ သူများဆီကရော ဘာတွေကို တစ်ဖန်ပြန်လည်သင်ယူနိုင်သလဲဆိုတာပါ။”

အရှုံးနှင့် ရင်ဆိုင်ရမှာ မကြောက်ပါနဲ့။

ကမ္ဘာ့ချန်ပီယံခါးပတ်အား Martin Nguyen ကို ပေးအပ်ခဲ့ပြီးနောက် Folayang သည် သူ၏ အရှုံးများထဲမှ အတွေ့အကြုံများမှ သင်ခန်းစာများယူက မိမိကိုယ်ကို ကိုယ်ခံပညာသိုင်းသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမြှင့်တင်ခဲ့သည်။ ထို့နောက် လအနည်းငယ်အကြာတွင် Folayang သည် မနီလာမြို့တွင် ကျင်းပခဲ့သော ONE: CONQUEST OF CHAMPIOS ပြိုင်ပွဲကြီး၌ ပြိုင်ဖက် Amir Khan ကို အောင်ပွဲရရှိခဲ့ပြီး ခါးပတ်ကို ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

“ခုခံကာကွယ်ခြင်းက ဘဝမှာတိုးတက်မှုတွေကို ဘယ်လိုရှာဖွေရမလဲဆိုတာမျိုး ကျွန်တော်တို့ကို သင်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ဘယ်လိုပဲ ပြင်ဆင်မှုတွေ ပြုလုပ်ထားပါစေ ဆုံးရှုံးမှုတွေကြုံနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝခရီးမှာ အတွေ့အကြုံဆိုတာ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ယှဉ်ပြိုင်ရတဲ့သူတွေအတွက်ပေ့ါ။“ ဟု Folayang က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly