ဘဏ်လုပ်ငန်းများတွင် ပုံစံကြေးများ၊ စာရွက်စာတမ်းကြေးများ မယူရန် ဆောင်ရွက်နေ

ဘဏ်လုပ်ငန်းများတွင် ပုံစံကြေးများ၊ စာရွက်စာတမ်းကြေးများ မယူရန် ဆောင်ရွက်နေ

ဇန်နဝါရီ ၁၂ ။             ။ အစိုးရဘဏ်လုပ်ငန်းများတွင် ပုံစံကြေးများ၊ စာရွက်စာတမ်းကြေးများကို နောက်ပိုင်းတွင် ယူခွင့်ပြုမည် မဟုတ် ဘဲ ဘဏ်မှတရားဝင်လိုအပ်သော စည်းကြပ်ခွန်နှုန်းသာယူရန် စီစဉ်ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကပြောသည်။

 "ဘဏ်ကိုသွားရင် ပုံစံတွေရောင်းတဲ့ကိစ္စပါ။ ပုံစံတွေရောင်းပြီး ဟိုရန်ပုံငွေ၊ ဒီရန်ပုံငွေ ထားတဲ့အခါမှာ ကျွန်တော် တို့ Corruption တွေဝင်လာမှာ ကြောက်ပါတယ်။ ဘဏ်တွေဟာရှုံးတဲ့ဘဏ်မရှိပါဘူး။ မြတ်တဲ့ဘဏ်ကြီးဘဲဆို တော့ ဒီစရိတ်စားခကို Customer ဆီကိုမပေးဘဲနဲ့ ဘဏ်တွေခံခံစေချင်တဲ့ဆန္ဒ ကျွန်တော်ဆီမှာရှိပါတယ်" ဟု ဦးစိုးဝင်း ကပြောသည်။

ပုဂ္ဂလိကကဏ္ဍဖွ့ံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေး နွေးပွဲ ၂၃ကြိမ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ခြင်းဖြစ်သည်။

 "ကျွန်တော်တို့ ကိုင်တွယ်နေရတဲ့ ဘဏ်သုံးလေးခုစီမှာ အစိုးရဘဏ်လုပ်ငန်းတွေမှာ နောက်နောင်ဆိုရင် စက္ကူ ကြေးတို့ ပုံစံကြေးတို့မယူဘဲနဲ့ လိုအပ်တဲ့ ဘဏ်ကတရားဝင်ယူရမယ့် Tariff တွေဘဲယူဖို့ဆိုပြီး စီစဉ်ထားတာ တွေရှိပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ကဆက်လက်ပြောကြားသည်။

 နိုင်ငံခြားငွေ (ဒေါ်လာ)များအား ဘဏ်သို့သွင်းရာတွင် ၀.၀၃ရာခိုင်နှုန်းဖြတ်ခြင်းကြောင့် ငွေအပ်သည့် သူများ အပေါ် မညှာမတာလုပ်သကဲ့သို့ ဖြစ်နေကြောင်း ထို့ကြောင့် အစိုးရဘဏ်များတွင် လာအပ်သည့် နိုင်ငံခြားငွေ (ဒေါ်လာ) များအပေါ်တွင် ဝန်ဆောင်ခ(Fee) မယူရန် အဆိုပြုထားကြောင်း အဆိုပါ တွေ့ဆုံပွဲမှ သိရသည်။

 ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များကိုလည်း နိုင်ငံတကာဘဏ်များနှင့် မကြာခင်ကာလတွင် မျှတသောပြိုင်ဆိုင်ခြင်းဖြစ်လာနိုင်စေရန် အတိုင်းအတာတစ်ခုအထိ နိုင်ငံခြားဘဏ်များကိုခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များ ရပ်တည်လုပ်ကိုင်လာသည်မှာ ၂၅နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required