မိုရီဆာကီဝင်း နှင့် နီနီခင်ဇော်တို့ ဂျပန်မြန်မာပွဲတော်တွင် စုံတွဲသီချင်း သီဆိုမည်

မိုရီဆာကီဝင်း နှင့် နီနီခင်ဇော်တို့ ဂျပန်မြန်မာပွဲတော်တွင် စုံတွဲသီချင်း သီဆိုမည်
ဓာတ်ပုံ-ဂျပန်မြန်မာပွဲတော်

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။            ။ ၂၀၁၉ ခုနှစ် ဂျပန်မြန်မာပွဲတော်တွင် မိုရီဆာကီဝင်း နှင့် နီနီခင်ဇော် တို့က စုံတွဲသီချင်းအသစ်တစ်ပုဒ်ကို အတူဖန်တီးသီဆိုမည် ဟု သိရသည်။

မိုရီဆာကီဝင်း နှင့် နီနီခင်ဇော် တို့ အတူတကွ ပါဝင်ဖျော်ဖြေရန် ဇန်နဝါရီလ ၁၂ ရက်တွင် ဂျပန်မြန်မာပွဲတော်မှ အတည်ပြုထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ် ဂျပန်မြန်မာပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၃ ရက်တွင် ရန်ကုန်မြို့ရှိ၊ သုဝဏ္ဏဘူမိအီးဗန့်ပက်ခ်တွင် ကျင်းပမည် ဖြစ်ပြီး ယခုအကြိမ်သည် ပဥ္စမအကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

မိုရီဆာကီဝင်း နှင့်အတူ အမွန်းကလည်း စုံတွဲသီချင်း သီဆိုဖျော်ဖြေမည်ဟု သိရပြီး ယမန်နှစ်ကလည်း အတူမျှော်မှန်းတဲ့အနာဂတ် သီချင်းကို အတူတွဲဖက် ဖျော်ဖြေခဲ့ကြသေးသည်။

လာမည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၁၂ နာရီမှ ည ၇ နာရီအထိ ကျင်းပမည့် ပဥ္စမအကြိမ်မြောက် ဂျပန် မြန်မာ ပွဲတော်တွင် မိုရီဆာကီဝင်း နှင့် နီနီခင်ဇော်တို့အပြင် အဆိုတော် G Fatt ၊ ချမ်းမြေ့မောင်ချို၊ ဘန်နီဖြိုး၊ အမွန်း၊ Project K ၊ ပန်းရောင်ခြယ်တို့အပြင် ဂျပန်ဘက်မှ Prizma X ၊ Rimi Natsukawa တို့ ပါဝင်ဖျော်ဖြေမည်ဟု လတ်တလော ဇန်နဝါရီလ ၁၂ ရက်အထိ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly