ရွေးကောက်ပွဲစောင့်ကြည့်ရေးအတွက် အီးယူက ပထမဆုံးဖြန့်ကြက်ချထားမည်

ရွေးကောက်ပွဲစောင့်ကြည့်ရေးအတွက် အီးယူက ပထမဆုံးဖြန့်ကြက်ချထားမည်

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် စောင့်ကြည့်လေ့လာသူများကို အီးယူက ပထမဆုံးအကြိမ်အဖြစ် ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က ပြောသည်။

"ဒီလုပ်ဆောင်မှုက ဥရောပသမဂ္ဂက မြန်မာနိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဆက်လက်အားပေးသွားမယ်ဆိုတာကို အတည်ပြုလိုက်တာပါပဲ။"ဟု အီးယူနိုင်ငံခြားရေးရာအကြီးအကဲ ဖက်ဒါရီကာမိုဂါရီနီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရွေးကောက်ပွဲများကျင်းပပြီး အားလုံးပါဝင်ခြင်းက မြန်မာ့ပြုပြင်ပြောင်းလဲမှုကို စုစည်းအားကောင်းစေမှာပဲဖြစ်ပါတယ်။"ဟု မိုဂါရီနီက ပြောသည်။

အီးယူ၏ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွင် ရွေးကောက်ပွဲ အကဲခတ်ပညာရှင် ကိုးဦးနှင့်အတူ ရေရှည်စောင့်ကြည့်လေ့လာသူ ၃၀ နှင့် ကာလတိုစောင့်ကြည့်မည့်သူ ၆၂ ဦး ပါဝင်ဖွဲ့စည်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အီးယူပါလီမန်မှ အီးယူသံတမန်များနှင့် သီးခြားမစ်ရှင်က မဲရလဒ်အားလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီသည် ၁၉၉၀ ရွေးကောက်ပွဲက အနိုင်ရခဲ့သည့် ပါတီဖြစ်သော်လည်း စစ်အစိုးရက မဲရလဒ်ကို ငြင်းပယ်ကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ချခဲ့သည်မှာ ၂၀၁၀ ခုနှစ်အထိတိုင်အောင်ဖြစ်သည်။

Ref: AFP

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly