အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ဦးဟန်ထူးအမှုမှ တရားလိုဖြစ်သူကိုမေးမြန်း စစ်ဆေးမှု ပြီးစီး

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ဦးဟန်ထူးအမှုမှ တရားလိုဖြစ်သူကိုမေးမြန်း စစ်ဆေးမှု ပြီးစီး

ဇန်နဝါရီလ ၁၁ ။          ။ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဟောင်း ဦးဟန်ထူးအမှုမှ တရားလိုဖြစ်သူ ကိုမိုးနိုင်ကို ဇန်နဝါရီလ ၁၁ ရက် ရုံးချိန်းတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်မှာ ဦးဟန်ထူး အပါဝင်ငါးဦးကို ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ကိုမိုးနိုင် ကို တရားစွဲဆိုခံထားရသူ ဒေါ်သစ်သစ်ခင်၏ ရှေ့နေဖြစ်သူက အပြန်လှန်မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်သစ်သစ်ခင် ရဲ့တရားလွှတ်တော်ရှေနေက အပြန်အလှန်စစ်မေးတာပြီးသွားပြီ။ နောက်ရုံးချိန်းကြရင် ဦးကိုကိုလေး ရဲ့ရှေ့နေက အပြန်အလှန်စစ်မေးမှပေါ့။ထူးခြားတာတော့မပါ ပါဘူး။ အပြန်အလှန်မေးသွားတာ ဖြေသွားတာ ဒါပါပဲ” ဟု ဦဟန်ထူး ရဲ့ရှေ့နေဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်ကပြောပါတယ်။

 
အဆိုပါ အမှုကို ဇန်နဝါရီ်လ ၁၈ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ပြီး ဖမ်းဆီးခံထားရသူ ဦးကိုကိုလေးနဲ့ ပတ်သက်ပြီး အဆိုပါရုံးချိန်းတွင် တရားလိုကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင် ၊ဒုတိယ ခရိုင်တရား သူကြီး ဦးအောင်ကြည်၊ ရွှေပေါက္ကံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ချစ်ကိုကို တို့ကို အောင်ရဲထွေးသေဆုံးမှု တရားစွဲဆို ဖမ်းဆီးခံထားရသူ ၃ ဦး ကို တရားရှင်လွှတ်ပေးနိုင်ရေးအတွက် စုစုပေါင်း ကျပ်သိန်း ၇၂၀ နှင့် ပါတိတ်၊ အင်္ကျီ ၊ အရက်ပုလင်းများ လာဘ်ယူသည်ပာုဆိုကာ  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုပြီး အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly