နယူးဇီလန်မှာ ရော်ဘာလှေငယ်တစ်စင်း ဧရာမ အပျော်စီးသင်္ဘောကြီးနဲ့ တိုက်မိလုနီးပါး ဖြစ်ပြီး ကံသီစွာ ရှောင်တိမ်းနိုင်ခဲ့

နယူးဇီလန်မှာ ရော်ဘာလှေငယ်တစ်စင်း ဧရာမ အပျော်စီးသင်္ဘောကြီးနဲ့ တိုက်မိလုနီးပါး ဖြစ်ပြီး ကံသီစွာ ရှောင်တိမ်းနိုင်ခဲ့

ဇန်နဝါရီ ၁၁ ။          ။ နယူးဇီလန်မှာ တန်ချိန် ၁၂၂,၀၀၀ ရှိ ကြီးမားလှတဲ့ ခရီးသည်တင် အပျော်စီး သင်္ဘောကြီး တစ်စင်းနဲ့ ရော်ဘာလှေငယ်လေးတစ်စင်း တို့ တိုက်မိလုခင် ဖြစ်ပြီး ကံအားလျော်စွာ လွဲသွားတဲ့ ဖြစ်စဉ်ကို ရိုက်ကူးမိထားတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။

ယင်း ဖြစ်စဉ်မှာ လူ လေးဦး ပါရှိတဲ့ ရော်ဘာလှေငယ်လေးတစ်စင်းဟာ ယင်း ဧရာမ အပျော်စီး သင်္ဘောကြီးနဲ့ တိုက်မိမလိုဖြစ်ပြီး ပွတ်ကာသီကာ ရှောင်တိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦးတို့ လိုက်လာတဲ့ ရော်ဘာလှေငယ်လေးဟာ နယူးဇီလန် ပလန်တီ ပင်လယ်အော်မှာ သွားလာနေစဉ် ရုတ်တရက် ဆီပြတ်သွားပြီး Celeberity Solstice သင်္ဘောကြီး လာနေတဲ့ လမ်းကြောင်းပေါ်မှာ ရောက်သွားခဲ့တာဖြစ်ပါတယ်။

ယင်းအချိန် ရော်ဘာလှေလေးဟာ အကူအညီ မဲ့ မျောနေခဲ့ပြီး ၃၁၅ မီတာရှိ သင်္ဘောကြီး တစ်ဖြည်းဖြည်း နီးလာတာနဲ့အမျှ တိုက်မိတော့မယ်လို့ ထင်ခဲ့ရပေမယ့် နောက်ဆုံးမှာ လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။

ယင်း ဖြစ်စဉ်ဟာ ရော်ဘာလှေပေါ်မှာ လိုက်ပါလာသူတွေ အင်မတန် ကံကောင်းသွားခဲ့တယ်လို့ လူပြောများနေကြပါတယ်။

ယင်း ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ခဲ့တာဖြစ်ပြီး ယခုအခါကျမှ ယင်းဗီဒီယိုဟာ  လူမှုကွန်ရက်ပေါ် ရောက်လာခဲ့တာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly