ACHC သည် ရှမ်း နှစ်သစ်ကူးပွဲတော်အတွင်း မြန်မာလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဧရာဝတီမြစ်စီမံကိန်းဆိုင်ရာဆွေးနွေးပွဲ ကျင်းပခြင်း

ACHC သည် ရှမ်း နှစ်သစ်ကူးပွဲတော်အတွင်း မြန်မာလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဧရာဝတီမြစ်စီမံကိန်းဆိုင်ရာဆွေးနွေးပွဲ ကျင်းပခြင်း

ဒီဇင်ဘာလ ၂၆ရက်နေ့နှင့် ၂ရရက်နေ့တွင် ACHCသည် ကချင်ပြည်နယ် ဗန်းမော်မြို့၌ ကျင်းပသော ရှမ်း နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ရာ ကချင်ပြည်နယ်အစိုးရ  ရှမ်းမျိုးနွယ်စု ရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ဗန်းမော်မြို့ အစိုးရမှ အရာရှိများ၊ ကျောင်းထိုင်းများ၊ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်များနှင့်  ထောင်နှင့်ချီသော ပြည်သူလူထုများသည်  ပွဲတော်သို့ တက်ရောက်ခဲ့
ကြပါသည်။


  ပွဲတော်အတွင်း  ACHC နှင့်  ရှမ်းမျိုးနွယ်စုရေးရာကော်မတီသည်   မြန်မာလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဧရာဝတီမြစ်စီမံကိန်း  နှင့်ပတ်သက်၍  မြန်မာတစ်ပြည်လုံးရှိ ရှမ်းမျိုးနွယ်စုခေါင်းဆောင် ကိုယ်စားလှယ်များ ၁၀၀ ကျော် နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ရှမ်းလူမျိုး  ခေါင်းဆောင်များသည် အကြီးစားရေအားလျှပ်စစ် စီမံကိန်းသည် ရေကြီးရေလျှံမှု ထိန်းညှိကာကွယ်ခြင်း၊ လယ်ယာများ ရေသွင်းပေးခြင်းနှင့် စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ဒေသစီးပွားရေး
ဖွံ့ဖြိုးတိုးတက်ခြင်းကို အထူးဂရုစိုက်ကြပါသည်။ ACHC မှ ဝန်ထမ်းများသည် တရုတ်ယန်စီမြစ်  အထွေထွေစီမံခန့်ခွဲခြင်း၊ Three Gorges လျှပ်စစ်စီမံကိန်းဖော်ဆောင်ခြင်းဖြင့်  မြစ်ဝှမ်းဒေသရှိ
နှစ်ရှည်လများ ရေဘေးအန္တရာယ် ဖြေရှင်းခြင်း စသော ဥပမာများဖြင့် သေသေသတ်သတ် ဖြေဆိုပေးသည်။ ယင်းစကားဝိုင်းအတွင်း ACHCသည် ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ တက်တက် ကြွကြွ ပညာပေးခဲ့ရာ ပညာပေးရန် အချက်အလက် အစုံ ၅၀၀ ကျော် ခွဲဝေပေးခဲ့၍ လူများကြိုဆိုလက်ခံ ကြပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် လူ နေမှုဘဝ မြှင့်တင်ရန် လျှပ်စစ်ဓတ်အားသည်  မဖြစ်မနေရှိရမည်ဖြစ်ကြေင်း၊ ရေအားလျှပ်စစ်သည် မြန်မာနိုင်ငံနှင့် အသင့်လျော်ဆုံးသော စွမ်းအင်ဖြစ်သဖြင့် ပြည်သူများသည် ရေအားလျှပ်စစ်ကို မှန်ကန်အောင် သိရှိရကြောင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီမှ အတွင်းရေးမှူး ဦးခင်မောင်းအေး (ရှမ်းမျိုးနွယ်စုရေးရာ ကော် မတီနာယက)မှ ဖော်ပြခဲ့သည်။ ပြည်သူလူထုမှ ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုသိရှိ နားလည်ရန် ACHC သည် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်းစသောဒေသများတွင် ရေးအားလျှပ်စစ်နှင့်ဧရာဝတီမြစ်စီမံကိန်းနှင့်ပတ်သက်၍ ပညာပေးရန်  ရှမ်းလူငယ်ကော်မတီဥက္ကဋ္ဌ ကိုထွန်းထွန်းမှ မျှော်လင့်ပါသည်။

ရှမ်းနှစ်သစ်ကူးပွဲတော်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ရှမ်းမျိုးနွယ်စုခေါင်းဆောင်များကို ဖိတ်ခေါ်၍ သီးထွက်ကေင်းခြင်း ဂုဏ်ပြုရာ ရှမ်းသမိုင်းနှင့်ယဉ်ကျေးမှုများ ဆက်ခံကြောင်း၊
ရှမ်းလူမျိုး ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း ညှိနှိုင်းဆွေးနွေးကြပါသည်။ ယခုအထိ ရှမ်းနှစ်သစ်ကူး ပွဲတော်သည် လေးကြိမ်မြောက်ကျင်းပခဲ့ပြီဖြစ်၍ နောက်တစ်ကြိမ်သည် စစ်ကိုင်းတိုင်း၌ ကျင်းပမည်ဖြစ်ပါသည်။
   

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly