AA ၏ ဖေ့စဘုတ်အကောင့်များ ရုတ်တရက် ကွယ်ပျောက်

AA ၏ ဖေ့စဘုတ်အကောင့်များ ရုတ်တရက် ကွယ်ပျောက်

ရက္ခိုင့်တပ်ဖွဲ့ AA မှ သတင်းနှင့် ပြန်ကြားရေးအတွက် ၎င်းတို့၏ စာမျက်နှာဖြစ်သည်ဟု ကြေညာထား၍ အသုံးပြုလျက်ရှိနေသည့် စာမျက်နှာတစ်ခုဖြစ်သည့် "ရက္ခိုင့်တပ်မတော် - သတင်းနှင့်ပြန်ကြားရေး" စာမျက်နှာအပါအဝင်၊ ဒေါက်တာညိုထွန်းအောင်၏ အကောင့်၊ ဦးခိုင်သုခ၏ အကောင့်၊ ဗိုလ်မှူးအေးထွန်း၏ အကောင့်နှင့် အခြား AA ၏ ထိပ်သီးအရာရှိများအသုံးပြုသော ဖေ့စဘုတ်အကောင့်များနှင့် စာမျက်နှာများမှာ ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လည်မှစတင်ကာ တွေ့ရှိရခြင်း မရှိတော့ပေ။

ထိုသို့ အကောင့်နှင့် စာမျက်နှာများ တွေ့မြင်ရခြင်းမရှိတော့မှုနှင့် ပတ်သက်၍ ဖေ့စဘုတ်မှာ ဖယ်ရှားရှင်းလင်းခြင်းလားဆိုသည်မှာလည်း ယခုအချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါ။

မဇ္စျိမအနေဖြင့် အတည်ပြုမှုများပြုလုပ်နိုင်ရန် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၏ လက်ကိုင်တယ်လီဖုန်းသို့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ဝန်းကျင်ခန့်က ခေါ်ဆိုမေးမြန်းရာတွင် လတ်တလောတွင် မအားသဖြင့် ညနေတွင် ပြန်လည်ခေါ်ဆိုပါရန် ဖြေကြားခဲ့သည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဖေ့စဘုတ်စာမျက်နှာအပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား ရာနှင့်ချီသည့် ဖေ့စဘုတ်စာမျက်နှာများကို ဖေ့စဘုတ်မှ ရှင်းလင်းဖယ်ရှားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly