သြစတြီးယားတွင် ဆီးနှင်းများ သည်းထန်စွာကျဆင်းလျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များမှ ဆီးနှင်းထုကြီးအား လိုက်လံဖယ်ရှား

သြစတြီးယားတွင် ဆီးနှင်းများ သည်းထန်စွာကျဆင်းလျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များမှ ဆီးနှင်းထုကြီးအား လိုက်လံဖယ်ရှား

ဇန်နဝါရီ ၁၁ ။         ။ သြစတြီးယားနိုင်ငံတစ်နိုင်ငံလုံးမှာ ဆီးနှင်းတွေ သည်းထန်စွာကျဆင်းလျက်ရှိရာ နေရာအနှံ့အပြားမှာ ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေကြောင်း သိရပါတယ်။

သြစတြီးယားမြို့လေးတစ်မြို့ဖြစ်တဲ့ ဇယ်လ်ဘာ့ခ်မြို့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ အများပြည်သူတွေ အန္တရာယ်မဖြစ်စေအောင် ၃ မီတာထူတဲ့ ဆီးနှင်းထုကြီးကို လိုက်လံဖယ်ရှားနေကြတာဖြစ်ပါတယ်။

သြစတြီးယားရဲတွေဟာ အဆောက်အဦခေါင်မိုးတွေပေါ်က နှင်းခဲကြီးတွေအပြင် လမ်းမပေါ်က နှင်းထုကြီးကိုပါ တတ်နိုင်သလောက် ဖယ်ရှားလျက်ရှိကြောင်း သိရှိရပါတယ်။

“ဒီမြို့ထဲမှာ နေရာ ၇ နေရာခွဲထားပြီး နှင်းခဲတွေလိုက်ဖယ်နေတာ။ နှင်းတွေ တစ်ခါမှ ဒီလိုအများကြီး မကျဖူးဘူး။”လို့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ယခုလို ဆီးနှင်းတွေ အဆက်မပြတ်ကျဆင်းနေတဲ့အတွက် သြစတြီးယားနိုင်ငံမှာရှိတဲ့ နှင်းလျှောစီးအပန်းဖြေစခန်းတွ၊ ကျောင်းတွေ၊ ရုံးတွေကိုပါ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly