အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ ဆိုးရွားတဲ့ မိုးခေါင် ရေရှားမှုနဲ့ ကြုံတွေ့နေ

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ ဆိုးရွားတဲ့ မိုးခေါင် ရေရှားမှုနဲ့ ကြုံတွေ့နေ

ဇန်နဝါရီ ၁၁ ။         ။ မိုးရွာသွန်းမှု နည်းပါးလွန်းနေတဲ့ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာတော့ ယခုအခါ ရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ဒါ့အပြင် မြို့တွင်းမှာ လူနေထူထပ်လာမှု၊ ရေကို မဆင်မခြင် သုံးစွဲပစ်မှုတို့ကြောင့်လည်း ယခုအချိန်မှာ အာဖဂန် မြို့တော်ရဲ့ ရေအရင်းအမြစ်တွေကို လျော့ပါးခန်းခြောက်စေခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ယင်းမြို့ရှိ အိမ်ထောင်စုတွေ၊ စီးပွားရေး လုပ်ငန်းတွေအနေနဲ့လည်း အဖိုးတန် သုံးစွဲရေကို ရရှိဖို့အတွက် ခက်ခဲနေကြပြီ ဖြစ်ပါတယ်။

ယခုလအတွင်း မြို့တွင်းမှာ နှင်းကျခဲ့ပေမယ့် ရေရှားပါးမှုကို ဖြေရှင်းနိုင်လောက်တဲ့အထိ လုံလောက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

" ခုဆိုရင် တွင်းတွေထဲက ရေလယ်ဗယ်က တော်တော့်ကို အောက်ကျနေပါပြီ" ဆိုပြီး ရေတွင်း တူးသူ တစ်ဦးဖြစ်တဲ့ မိုဟာမက် အာမန်က ပြောသွားပါတယ်။

နှစ်စဉ်နှစ်တိုင်း ကဘူးလ်မြို့ မြေအောက် ရေအောင်းလွှာတွေကနေ ရေ ကုဗ မီတာ သန်း ၈၀ လောက် ထုတ်ယူသုံးစွဲနေလျက် ရှိပြီး ယင်းဟာ သဘာဝအလျောက် ရေပြန်ပြည့်နိုင်တဲ့ ပမာဏရဲ့ နှစ်ဆနီးပါး ဖြစ်နေတယ်လို့လည်း အာဖဂန် ရေပေးဝေရေးနဲ့ ရေဆိုး သန့်စင်ရေး ကော်ပိုရေးရှင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly