မျောက်တွေ ကြိုးတန်းလမ်းလျှောက်တဲ့ ဗီဒီယိုတစ်ခု ဂျပန်မှာ လူကြည့်များနေ

မျောက်တွေ ကြိုးတန်းလမ်းလျှောက်တဲ့ ဗီဒီယိုတစ်ခု ဂျပန်မှာ လူကြည့်များနေ

ဇန်နဝါရီ ၁၁ ။          ။ မြင့်မားတဲ့ ၀ါယာကြိုးတန်းတွေပေါ်မှာ မျောက်တွေ ကျွမ်းကျင်စွာ လမ်းလျှောက်သွားလာနေကြတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု ဂျပန်မှာ ရေပန်းစားနေလျက် ရှိပါတယ်။

ဂျပန် မြောက်ပိုင်းက နှင်းတွေ ဖုံးလွှမ်းနေတဲ့ နေရာတစ်နေရာမှာ ကေဘယ်လ်ကြိုးတွေပေါ် လမ်းလျှောက်သွားနေခဲ့ကြတဲ့ မျောက်အုပ်စု တစ်စုကို ယင်းဗီဒီယိုထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

မျောက်တွေဟာ ဓာတ်ကြိုးတန်းတွေပေါ်မှာ ကျွမ်းကျင်စွာနဲ့ ဟန်ချက်ထိန်းပြီး လမ်းလျှောက်နေကြတာဖြစ်ပါတယ်။

" ဒါကို ကြည့်စမ်းပါဦးဟေ့၊ ဟုတ်မှ ဟုတ်ပါ့မလား" ဆိုပြီး အဆိုပါ ၇၁ စက္ကန့်ကြာမြင့်တဲ့ အဆိုပါ ဗီဒီယိုအောက်မှာ အမျိုးသမီးတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

ယင်း မျောက်တွေ ကြိုးတန်းလမ်းလျှောက်တဲ့ ဗီဒီယိုကတော့ ဇန်နဝါရီ ၇ ရက်က Twitter ပေါ် ရောက်လာပြီးကတည်းက ကြည့်ရှုမှုပေါင်း ၁ သန်းနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

ယင်း ဗီဒီယို ကလစ်ကိုတော့ baritone 666 ဆိုတဲ့ တွစ်တာ သုံးသူတစ်ဦးက တင်ခဲ့တာဖြစ်ပြီး ယင်း မျောက်တွေ ကြိုးတန်းလမ်းလျှောက်တာကိုတော့ ၎င်းရဲ့ မိခင်ဖြစ်သူက တိုကျိုမြို့ မြောက်ပိုင်း မိုင် ၃၇၀ အကွာကျော်က မတ်ဆု ဆိုတဲ့ ရွာလေးမှာ ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly