ထီစာအုပ် ၁၀၀၀ ကျော် ပျောက်ဆုံးသည့်ကိစ္စ ကားဂိတ်ယာဉ်နောက်လိုက်တစ်ဦးကို စာတိုက်မှူးက အမှုဖွင့်

ထီစာအုပ် ၁၀၀၀ ကျော် ပျောက်ဆုံးသည့်ကိစ္စ ကားဂိတ်ယာဉ်နောက်လိုက်တစ်ဦးကို စာတိုက်မှူးက အမှုဖွင့်

မကွေး၊ ဇန်နဝါရီ ၁၁ ။           ။ ထီစာအုပ် ၁၀၀၀ ကျော် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မ​ကွေးကားကြီးကွင်​း စတားသန်​းဆု​အောင်​ကားဂိတ်​မှ ယာဉ်​​နောက်​လိုက်​ ဦးပိုင်​ဆိုသူကို မ​ကွေးစာတိုက်​မှူး​ဒေါ်နှင်​းရီ​သော်​က ဇန်​နဝါရီလ ၁၀ ရက်​၊ ည​နေ ၆ နာရီခွဲအချိန်​က မကွေးနယ်​​မြေရဲစခန်​းတွင်​ အမှုဖွင့်တိုင်​ကြားလိုက်​​ကြောင်း သိရသည်​။

စာတိုက်​မှ ယုံကြည်​စွာဖြင့် ပို့ဆောင်​ရန်​ အပ်​နှံလိုက်​​သည့် ချောထုပ်များအား ​ပျောက်​ပျက်​​အောင်​ ပြုလုပ်​ခဲ့ခြင်းကြောင်​႔ ဖြစ်​သည်​ဟု သိရသည်​။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်​ဘာလ ၂၇ ရက်​​နေ့က စတားသန်းဆု​အောင်​ကားဂိတ်​တွင်​ မကွေးစာတိုက်​ကြီး​ချောစာပို့ဝန်​ထမ်း မျိုးသူရသည်​ အန်​စာတုံးယာဉ်​​ပေါ်မှ ယာဉ်နောက်လိုက်စပယ်ယာ ဦးပိုင်​ထံသို့ ၂၀၁၉ ခုနှစ်၊ ဇန်​နဝါရီလအတွင်​း​ ရောင်​းချမည့် အောင်​ဘာ​လေထီလက်​မှတ်​ ကျပ် သိန်း(၆၀) တန်​ဖိုးပါ ​ချောထုပ် ​တစ်​ထုပ်​၊တန်​ဖိုး​ပေး​ရွေး အမြန်​ ​ချောထုပ် ၃ ထုပ် ၊ တန်​ဖိုး(၄)​သောင်းကျပ်​တို့အား ပွင်​့ဖြူစာတိုက်​သို့ ပို့​ဆောင်​​ပေးရန်​အပ်​နှံခဲ့​ကြောင်း သိရသည်​။

ထိုကဲ့သို႔ ပို့​ဆောင်​အပ်​နှံ​ပေးခဲ့​သော​ချောထုပ်များမှာ ပွင်​့ဖြူစာတိုက်​သို့ မရာက်​ရှိဘဲ လမ်​းတွင်​ကျ​ပျောက်​ခဲ့​ကြောင်​း စပယ်​ယာ ဦးပိုင်​က ပွင်​့ဖြူစာတိုက်​မှူး ဒေါ်မြင်​့​ဌေးထံ သတင်​း​ပေးပို့လာ​သဖြင့်​ မ​ကွေးတိုင်​း​ဒေသကြီး စာတိုက်​မှူး​ဒေါ်နှင်းရီ​သော်​ထံသို့ ဆက်​လက်​အ​ကြောင်း ပြန်​ကြားခဲ့သည်​ဟုသိရသည်​။

စတားသန်းဆု​အောင်​ကားဂိတ်​သည်​ မ​ကွေးစာတိုက်​ကြီးနှင့် ၂၀၁၈ ခုနှစ်​​ အောက်​တိုဘာ ၁ ရက်​​နေ့မှ၂၀၂၁ ခုနှစ်​၊ စက်​တင်​ဘာလ ၃၀ ရက်​​နေ့ထိ တစ်​လလျှင်​​ငွေကျပ်​(၃)သောင်းနှုန်းဖြင်​့ ပို့​ဆောင်​ခြင်​းလုပ်​ငန်​း လုပ်​ကိုင်​ရန်​အတွက်​ (၃)နှစ်​စာ နုတ်​ကတိဖြင့်ဆောင်​ရွက်​​နေ​သောကားဂိတ်​ဖြစ်​​ကြောင်း သိရသည်​။

ဖြစ်​စဉ်​နှင်​့ပတ်​သက်​ပြီးမ​ကွေးနယ်​​မြေရဲစခန်​းကစပယ်​ယာဦးပိုင်​အား ပအမှတ်​(ပ)၄/၁၉ ရာဇသတ်​ကြီးပုဒ်​မ ၄ဝရဖြင်​့ အမှူ​ရေးဖွင်​့ထားပြီးဒုရဲအုပ်​မျိဳးကိုကိုစိမ်​းက အမှူအား စစ်​​ဆေး​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်​းသိရသည်​။

" ထီထိုးလို့ပေါက်ရင် ဘယ်လိုလုပ်မလဲ။ ပြည်သူတွေဒုက္ခရောက်မယ်။ကံဆိုတာ ခဏခဏ မကောင်းတတ်ဘူးလေ။ အဲဒီလိုတွေကနေ ထီဆုကြီးတွေဖြစ်လာရင် သက်ဆိုင်ရာအနေနဲ့ ဘယ်လို လုပ်မလဲ " ဟု ပွင့်ဖြူမြို့မှ ထီဝါသနာရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ထွက်ရှိမည့် ၂၃ ကြိမ်မြောက် အောင်ဘာလေထီ၏ ထီအုပ် ၁၂၈၅ အုပ် ( စောင်ရေ ၁၄၁၃၅ စောင်)မှာ ဇန်နဝါရီလ ၁၀ ရက်က ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly