တံတိုင်း ကုန်ကျစရိတ်အတွက် မက္ကဆီကိုက စရိတ်ခံနေတယ်လို့ ထရမ့် အတိအလင်းပြော

တံတိုင်း ကုန်ကျစရိတ်အတွက် မက္ကဆီကိုက စရိတ်ခံနေတယ်လို့ ထရမ့် အတိအလင်းပြော

၀ါရှင်တန်၊ ဇန်နဝါရီ ၁၁ ။              ။ မက္ကဆီကို နယ်စပ်ကို ခရီးစဉ် ရောက်ရှိပြီး တာဝန်ရှိသူတွေရယ်၊ ဒေသခံတွေရယ်နဲ့ တွေ့ဆုံရာမှာ အမေရိကန််သမ္မတ ဒေါ်နယ်ထရမ့်က အငြင််းပွားဖွယ် ၎င်းရဲ့ နယ်ခြားတံတိုင်း တည်ဆောက်ရေးစီမံကိန်းကို ခုခံကာကွယ်ပြောဆိုပါတယ်။

ဒီတံတိုင်းအတွက် ကုန်ကျစရိတ်ကို မက္ကဆီကိုနိုင်ငံဟာ သွယ်ဝိုက်တဲ့ နည်းနဲ့ ပေးနေရကြောင်း ထရမ့်က အတိအလင်း ပြောပါတယ်။

မကြာသေးခင်က ရရှိခဲ့တဲ့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ သုံးနိုင်ငံ ကုန်သွယ်ရေးသဘောတူညီမှုကနေပြီး မက္ကဆီကိုထံက တံတိုင်းကုန်ကျစရိတ်ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ရရှိတယ်လို့ ထရမ့်က ခုခံကာကွယ် ပြောဆိုတာ ဖြစ်ပါတယ်။

အဲဒီ မက္ကဆီကိုနယ်စပ် တံတိုင်းကာရံရေး ရန်ပုံငွေပါဝင်တဲ့ အစိုးရအသုံးစရိတ်ကို လွှတ်တော်က အတည်မပြုတာကြောင့် အမေရိကန်မှာ အစိုးရလုပ်ငန်းဌာနအချို့ တန့်ရပ်မှု ကြုံနေပါတယ်။

အစိုးရဝန်ထမ်းအချို့ဟာ အိမ်ဖြူတော်ရှေ့မှာ ပြီးခဲ့တဲ့ရက်က ဆန္ဒပြခဲ့ကြပါတယ်။

ခုလို တံတိုင်းကိစ္စကြောင့် အစိုးရယန္တရား တန့်ရပ်မှုဖြစ်တာနဲ့ ပတ်သက်ပြီး ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီကို အပြစ်ဆိုထားသလို ဒီမိုကရက်တစ်ပါတီကလည်း ထရမ့်ကို အပြန််အလှန် အပြစ်ပြောဆိုနေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly