ယီမင်က အကြီးဆုံး လေတပ်စခန်းကို သူပုန်တွေက ဒရုန်းနဲ့ တိုက်ခိုက်လို့ ခြောက်ဦး သေဆုံး

ယီမင်က အကြီးဆုံး လေတပ်စခန်းကို သူပုန်တွေက ဒရုန်းနဲ့ တိုက်ခိုက်လို့ ခြောက်ဦး သေဆုံး

အယ်အန်နက်၊ ဇန်နဝါရီ ၁၀ ။             ။ ယီမင်က အကြီးဆုံးလေတပ်အခြေစိုက်စခန်းကို ကြာသပတေးနေ့မှာ သူပုန်ဒရုန်းယာဉ်တစ်စီး တိုက်ခိုက်တာကြောင့် အစိုးရသစ္စာခံတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးကြောင်း နှစ်ဖက်စလုံးက သတင်းရင်းမြစ်တွေက ပြောပါတယ်။

 အစိုးရ ထိန်းချုပ်ရာ လာဟစ်ချ် တောင်ပိုင်းပြည်နယ်မှာရှိတဲ့ အယ်အန်နက်လေတပ်စခန်းကို ၎င်းတို့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရှီးယိုက်ဟူသီသူပုန်အဖွဲ့က ပြောပါတယ်။

 စစ်ရေးပြချီတက်တာကို တိုက်ခိုက်တာဖြစ်ပြီး သေဆုံးဒဏ်ရာရမှုတွေ ရှိကြောင်း အစိုးရထောက်ခံတဲ့ သတင်းရင်းမြစ်တွေက ပြောပေမယ့် သေဆုံးဒဏ်ရာရမှု အရေအတွက်ကိုတော့ မပြောပါ။

 တိုက်ခိုက်ခံရတဲ့ အချိန်မှာ သစ္စာခံတပ်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဒူလက်ရှ်အယ်နာခီနဲ့ လက်ထောက်ဖြစ်သူ ဆာလက်အယ်လ်ဇန်ဒါနီအပြင် လာဟစ်ချ်ပြည်နယ်အုပ်ချုပ်ရေးမှူး အာမတ်အဒူလက်ရှ်တို့ပါ ဒီလေတပ်စခန်းမှာ ရှိနေခဲ့ကြောင်း အစိုးရထောက်ခံတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly