သုံးရက်အတွင်း နှစ်ပွဲမှာ ၁၆ဂိုးသွင်းယူခဲ့တဲ့ မန်ချက်စတာစီးတီး

သုံးရက်အတွင်း နှစ်ပွဲမှာ ၁၆ဂိုးသွင်းယူခဲ့တဲ့ မန်ချက်စတာစီးတီး

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ။        ။ ဇန်နဝါရီ ၁ဝရက်နေ့ မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီး အသင်း ဟာ ဘာတွန်အသင်းကို ၉ ဂိုး၊ ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါရလဒ်ဟာ သုံးရက်အတွင်း မန်စီးတီးရဲ့ ဒုတိယမြောက် ဂိုးပြတ်နိုင်ပွဲလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက FA ဖလားပြိုင်ပွဲမှာ ရိုသာဟန် အသင်းကို ခုနစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး သုံးရက်အကြာမှာ ဘာတွန်အသင်းနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့တာဖြစ် ပါတယ်။

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဘာတွန်အသင်းနဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး ဂျီဆပ်က တစ်ဦးထဲ လေးဂိုးသွင်းယူခဲ့ပြီး ဒီဘရိုင်း ၊ ဇင်ချန်ကို၊ ဖိုဒန် ၊ ဝေါ်လ်ကာ နဲ့ မာရက်ဇ်တို့က တစ်ဂိုးဆီ သွင်းယူ ခဲ့ကြတာ ဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ ၃၁ နှစ်က အင်္ဂလိပ်ဖလား ဆီးမီးဖိုင်နယ်မှာ ဟက်ဒါဖီးလ် အသင်းကို ၁၀-၁ ရလဒ်နဲ့ အနိုင်ရရှိထားဖူးပါတယ်။ ဒါကြောင့် ယခုနိုင်ပွဲဟာ မန်စီးတီးအသင်းရဲ့ သမိုင်း တစ်လျှောက် ဒုတိယမြောက်ဂိုးပြတ်နိုင်ပွဲလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာဟာ အဆိုပါ ဂိုးပြတ်နိုင်ပွဲကြောင့် ပျော်ရွှင်နေပြီး သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘာတွန်အသင်းရဲ့ အဝေးကွင်းအထိ လိုက်ပါ အားပေး ခဲ့ကြတဲ့ အသင်းရဲ့ ပရိသတ်တွေကိုလည်း ကျေဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ရဲ့ တခြားသော ပွဲစဉ်မှာတော့ စပါးအသင်းက ချယ်လ်ဆီးအသင်းကို တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ ဇန်နဝါရီလ ၂၄ ရက်မှာ ဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly