Martin Nguyen နှင့် Aung La N Sang တို့ စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်

Martin Nguyen နှင့် Aung La N Sang တို့ စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်

Martin Nguyen သည် မြန်မာ့စပါးအုံ တစ်ကောင်ကို အမှန်တကယ် ကိုင်ခဲ့ရသည်။ သို့သော် ယခုကဲ့သို့သော အခြေအနေကို ၎င်း အနေနှင့် နောက်ထပ် ကြုံတွေ့လိုခြင်းမရှိပါ။

“ကျွန်တော့် ဘဝတလျှောက်လုံးမှာ မြန်မာ့စပါးအုံးမြွေကို ဒီတကြိမ်ပဲ ကိုင်ခဲ့ဖူးတာပါ။” ဟု Nguyen တစ်ယောက် ထိတ်လန့်ပုံဖြင့် ပြောပြခဲ့သည်။

သြစတေးလျနိုင်ငံသားဖြစ်သူ Martin Nguyen ၏ ထုတ်ဖော်ပြောပြလိုက်ခြင်းမှာ အဓိပ္ပါယ်နှစ်မျိုး ဖြစ်နိုင်သည်ဟုလည်း မှတ်ချက်ပေးခံရသည်။ ပထမတစ်ခုမှာ Martin Nguyen သည် မြွေများကို အင်မတန်ကြောက်ရွံတတ်သူဖြစ်နိုင်သည်။ ထိုသို့မဟုတ်လျှင် ဒုတိယတစ်မျိုးမှာ ဖယ်သာဝိတ်တန်းနှင့် လိုက်ဝိတ်တန်းချန်ပီယံဖြစ်သူ ၎င်းမှာ မြန်မာ့စပါးအုံးဘွဲ့အမည်ခံ ONE၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဝိတ်တန်းချန်ပီယံဖြစ်သူ အောင်လအန်ဆန်ကို မပြိုင်ဆိုင်ရဲသောအခြေအနေကို ဖော်ပြခြင်းလည်းဖြစ်နိုင်သည်ဟု ဆိုနေကြသည်။

Nguyen မှာ မကြာသေးမီက စင်ကာပူနိုင်ငံရှိ Reptopia တိရိစ္ဆာန်ရုံသို့ အောင်လအောင်ဆန်နှင့်အတူ သွားရောက်လည်ပတ်ခဲ့ခြင်းမှာ ၎င်းအတွက် သက်တောင့်သက်သာရှိလှသည်မဟုတ်ချေ။

Reptopia တိရိစ္ဆာန်ရုံ၏ လက်ထောက်ဥက္ကဋ္ဌ Jose Cair မှ မြွေနှင့်အတူ အခန်းထဲဝင်လာသောအခါ  “ခဏ၊ ခဏ၊ ခဏနေပါဦး။ ဘာလို့တံခါးတွေကို ပိတ်ရမှာလဲ” ဟု Nguyen က ကြောက်လန့်တကြား ဆိုခဲ့သေးသည်။

Nguyen မှာ “Jose ရေ ကျွန်တော် ချွေးတွေပြန်လာပြီ။ ကျွန်တော်တော့ သူ့ကို ကိုင်နိုင်မှာ မဟုတ်ဘူး။ ဟင့်အင်း မဖြစ်နိုင်ဘူး။”ဟု အခန်းတွင်းပြေးလွှားနေချိန်တွင် အောင်လအန်ဆန်တစ်ယောက်မှာမူ မျက်တောင်တစ်ချက်ပင်မခတ်ပေ။

“ကျွန်တော် မြွေကို အကြိမ်ကြိမ်ကိုင်ခဲ့ဖူးတာမို့ ကျွန်တော့်အတွက်တော့ ကိစ္စမရှိပါဘူး။” ဟု အောင်လက ဆိုခဲ့သည်။

“ကျွန်တော် ဘယ်တုန်းကမှ မြွေတွေကို မနှစ်သက်ခဲ့ပေမယ့် ကျွန်တော့် ဇနီးနှင့် ကျွန်တော့်ကလေးတွေကတော့ ကိုင်ခဲ့ဖူးတာကို သွားသတိရပြီး ကျွန်တော့်ရဲ့ သမီးလေးကလည်း မြွေကို ကိုင်ခဲ့ဖူးတယ်လေ ဒါကြောင့်ပဲ ‘ငါတော့ ဒါကိုဖြစ်အောင်ကိုင်ရမယ်။’ လို့အတွေးရခဲ့တာပါ။”

အောင်လအန်ဆန်ထံသို့ မြွေမှာ ရှပ်တိုက်ပြေးသွားလိုက်သည်နှင့် Nguyen မှာ “ငါတော့ ဘာကိုလုပ်ဖို့ လက်ခံမိလိုက်တာလဲ။”ဟုပင် ရေရွတ်မိသည်ထိပင် ဖြစ်ခဲ့ရသည်။

သို့သော် အောင်လမှာ ဆစ်ဒနီမြို့သား Nguyen ကို ဖြေသိမ့်ပေးခဲ့သည်။

“ကျွန်တော်ကတော့ ပိုကြီးတဲ့ အစာဖြစ်မှာပါ။” ဟု အောင်လက နောက်ပြောင်ခဲ့သည်။

Cairos ကလည်း “အဆိပ်သင့် သတ္တဝါတွေကြောင့် သြစတေးလျမှာ သေဆုံးသူလူဦးရေ ဘယ်လောက်ရှိလဲ” ဟု ထပ်၍ နောက်ပြောင်ခဲ့သေးသည်။

“အများဆုံးရှိလှ ၁၅ယောက်လောက်ပေါ့။ ကားမတော်တဆမှုကြောင့် သေဆုံးသူတွေကရော ဘယ်နှစ်ယောက်လောက် ဖြစ်နိုင်မလဲ” ဟု မေးသည့်အခါတွင်…. Nguyen မှ “၁၀ သို့မဟုတ် ၁၂လောက်” ဟုဖြေခဲ့သည်ရာ Cairos ကပင် “ဟုတ်တာပေါ့။ ဒါကြောင့်မို့ ဒီလို အဆိပ်မရှိတော့တဲ့ တိရစ္ဆာန်တွေဆိုရင် ကြောက်နေဖို့မလိုအပ်ပါဘူး” ဟု အဆုံးမှာ ဖြေသိမ့်ပေးခဲ့ရသည်။

မကြာမီပင် Nguyen မှာ ကြောက်စိတ်ကို တွန်းလှန်နိုင်ခဲ့ပြီး “ဟုတ်ပြီ။ကျွန်တော့်ကို ပေးပါ။” ဟုဆိုခဲ့သည်။

အောင်လအန်ဆန်နှင့် Nguyen တို့အဖို့ စင်ကာပူနိုင်ငံရှိ တိရိစ္ဆာန်ရုံသို့ လည်ပတ်ခဲ့သော ခရီးစဉ်မှာ ONE Championship ၏ လာမည့် ပွဲကြီးအတွက် အကြိုလှုပ်ရှားမှုတစ်ရပ်ဟုလည်း ဆိုနိုင်သည်။

“ဒါကပျော်ဖို့ကောင်းပါတယ်။” “ကျွန်တော် အရင်က စင်ကာပူကို ဒီလိုမရောက်ခဲ့ဖူးပါဘူး။ ကျွန်တော်စင်ကာပူကို ရောက်ရှိခဲ့ပေမယ့် ဒီလိုအချိန်ပေးပြီး လျောက်လည်ပတ်တာမျိုးမလုပ်ဖူးခဲ့ပါဘူး။ အတော်လှတဲ့မြို့တစ်မြို့ပါ။ အနာဂတ်က မြို့တော်တစ်ခုနှင့်လည်းတူပါတယ်။ သူတို့က အားလုံးအတွက် ပြင်ဆင်ပေးပါတယ်။အစီအစဉ်တွေကိုလည်း သေချာလုပ်ပေးပါတယ်။ ဒီလို အတွေ့အကြုံမျိုးက အင်မတန်နှစ်သက်ဖွယ်ရာပါ။“ ဟု အောင်လကဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly