လေးဖက်သွားလျက်၊ ကင်းမြီးကောက်ထောင်လျက် ကျောင်းသွားရတဲ့ အင်ဒိုနီးရှားက တတိယတန်း ကျောင်းသားလေး

လေးဖက်သွားလျက်၊ ကင်းမြီးကောက်ထောင်လျက် ကျောင်းသွားရတဲ့ အင်ဒိုနီးရှားက တတိယတန်း ကျောင်းသားလေး

ဆူကာဘူမီ၊ ဇန်နဝါရီ ၁၀ ။              ။ မူခလိစ်အဒူဟိုလက်ဆိုတဲ့ သုံးတန်းကျောင်းသားလေးဟာ ကင်းမြီးကောက်ထောင်ပြီး သွားလာရတဲ့ ကိုယ်အောက်ပိုင်း ပုံမှန်မဟုတ်တဲ့ တတိယတန်း ကျောင်းသားလေးတစ်ဦးပါ။

သူကျောင်းကို သွားတဲ့ လမ်းမှာဆိုရင်လည်း လူကသာ မသန်စွမ်းပေမယ့် မိဘတွေကို အားမကိုးဘဲ ကိုယ်လမ်းကိုယ်လျှောက်ပြီး သွားရောက်တာပဲ ဖြစ်ပါတယ်။

ဒီလို သွားရောက်ရာမှာ ကိုယ်အောက်ပိုင်း ခြေထောက်တွေ တိုတိုလေးရှိနေတဲ့ မူခလိစ်အတွက် ကင်းမြီးကောက်ထောင်လို့ တစ်မျိုး၊ လေးဖက်ထောက်သွားလို့ တစ်ဖုံ ကျောင်းကို မရောက်ရောက်အောင် သွားတာပဲ ဖြစ်ပါတယ်။

သူ ကျောင်းသွားတော့မယ်ဆို ခြေထောက်မှာ ဖိနပ်ကို စီးသလို လက်နှစ်ဖက်မှာလည်း ကြိုးသိုင်းဖိနပ်ကို စည်းနှောင်လိုက်ပါတယ်။

ဒီလို လုပ်ဆောင်ပြီးတာနဲ့ မူခလိစ်ရဲ့ ကျောင်းသို့ သွားတဲ့ ခရီး စပါတယ်။ ကြိုးသိုင်းဖိနပ်တွေ စည်းနှောင်ထားတဲ့ လက်နှစ်ဖက်ကို အားပြုရင်း လေးထောက်ကုန်းလျက် သွားပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် လေးဖက်ထောက်ကနေ ကင်းမြီးကောက်ထောင်ပြီး မူခလိစ်က သွားပါတယ်။

အသက် ရှစ်နှစ်သား မူခလိစ်လေးအနေနဲ့ ကျောင်းက အတန်းတွေကြားမှာဆိုရင် သူ့အရပ်ဟာ အခြားကလေးတွေရဲ့ ခါးလောက်ပဲ မြင့်ပါတယ်။

“သားလေး ကျောင်းသွားရတဲ့ လမ်းက ကုန်းတက်ကုန်းဆင်းတွေ များပါတယ်။ ဒါပေမယ့် သားက နေ့တိုင်းပဲ ခုလိုမျိုး ကျောင်းကို သွားနေတာပဲ ဖြစ်တယ်။”လို့ မူခလိစ်ရဲ့ အမေဖစြ်သူ ပီပင်းက ပြောပါတယ်။

“ကျွန်မတို့မှာ ပိုက်ဆံရှိရင်တော့ သားကို ဆိုင်ကယ်ကယ်ရီနဲ့ ပို့ပေးနိုင်တာပေါ့။ ဒါပေမယ့် ငွေကျပ်တည်းရင် သားဟာ ခုလိုပဲ လေးဖက်ထောက်သွားတာ၊ ကင်းမြီးကောက်သွားတာနဲ့ ကျောင်းကို အရောက်သွားတာပဲ ဖြစ်တယ်။ နေပူပူ၊ မိုးရွာရွာ တစ်ချက်မညည်းဘူး။ နေ့တိုင်းမပျက် ကျောင်းသွားတာပါ။ သားကို ဘာလိုချင်လည်း မေးတော့ များများစားစား မပြောပါဘူး၊ သူ တက္ကသိုလ်အထိ ကျောင်းတက်ချင်တယ်လို့ပဲ  ပြောပါတယ်။”ဆိုပြီး မိခင်ဖြစ်သူ ပီပင်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly