လိမ်လည်တရားစွဲဆိုမှုကို တရားရုံးမှလက်ခံသည်ဟု ဆိုကာ ဆန္ဒထုတ်ဖော်

လိမ်လည်တရားစွဲဆိုမှုကို တရားရုံးမှလက်ခံသည်ဟု ဆိုကာ ဆန္ဒထုတ်ဖော်

မကွေး၊ ဇန်နဝါရီ ၉ ။         ။ မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့၊မြို့နယ်တရားရုံးအရှေ့လမ်းမပေါ်တွင် လိမ်လည်တရားစွဲဆိုမှုကိုမြို့နယ်တရားရုံးမှလက်ခံသည်ဟုဆိုကာ ဇန်နဝါရီ၊၉ရက်နံက်၁ဝနာရီအချိန်က ဘေးမဲ့ရပ်ကွက်တွင်နေထိုင်သည့် ဦးသန်းဆောင်(တရားစွဲဆိုခံရသူ)မှဦးဆောင်၍ လူအင်အား၂ဝခန့်ဖြင့်ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

“တစ်ရပ်ကွက်တည်းနေပြီး အခု ရွှေဘုံသာအရှေ့ပိုင်းကို ပြောင်းသွားတဲ့ ဦးအုန်းရွှေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရရက်နေ့က ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုနဲ့ လိမ်လည်တရာစွဲဆိုတာကို ရေနံချောင်းမြို့နယ် တရားရုံးက အမှုလက်ခံပေးလို့တရားရုံးကို မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာပါ။ သူရဲ့ ခြံစည်းရိုး(ဝန်းနံရံတိုင်)တွေကို ကျွန်တော် ဖျက်ဆီးပါတယ်ဆိုပြီး လိမ်တိုင်တယ်။ ကျွန်တော်တို့ သာမာန်ပြည်သူတွေအနေနဲ့ ဒီလိုလိမ်လည် တရားစွဲဆိုတာကို လိုက်ဖြေရှင်းရတာဆိုတော့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်။ အချိန်တွေ ပေးရတယ်။ သူက သူ့ပစ္စည်းကို သူဖာသာဖျက်ဆီးပြီး အမှုဆင်ပြီး တရားစွဲဆိုတာကို လက်ခံပေးတဲ့ တရားရေး အပေါ် မကျေနပ်လို့ပါ” ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သော ရေနံချောင်းမြို့၊ ဘေးမယ့်ရပ်ကွက်တွင်နေထိုင်သော ဦးသန်းဆောင်က ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည်မြို့နယ်တရားရုံးအရှေ့လမ်းမတွင်မြေစိုက်ပိုစတာများ စိုက်ထူပြီး၊ ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ဟောပြောခြင်းများပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်၊။

“သူတို့ဆန္ဒဖော်ထုတ်တာနဲ့ပတ်သက်ပြီး သူတို့ဆန္ဒဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ပြောစရာမရှိပါဘူး။ ရေနံချောင်းမြို့နယ်တရားရုံးအနေနဲ့ တရားစီရင်ရေးလမ်းကြောင်းအတိုင်း၊ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်” ဟု ရေနံချောင်း မြို့နယ်၊ တရားရုးံသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရာဇာမင်းစိုးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly