ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ဇန်နဝါရီ ၉ ။              ။ ယခု ၂၀၁၉ ခုနှစ်ထဲမှာတော့ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေးမယ်လို့ မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သတိပေးလိုက်ပါတယ်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး ပဋိပက္ခစစ်က ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှုတွေဖြစ်ထားစေခဲ့ပြီး ဆိုးကျိုးအန္တရာယ်တွေကိုပါ တိုးမြင့်ဖြစ်ပေါ်ထားစေခဲ့ကြောင်း ယင်းက ပြောပါတယ်။

အလားတူ လက်ရှိအနေအထားတွေကြောင့် ယုံကြည်မှုတွေကိုလည်း တိုက်စားစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ယင်းရဲ့ နှစ်ဝက် ခန့်မှန်းချက်ထဲမှာ ပြောထားပါတယ်။

ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ ခန့်မှန်းချက်ကိုတော့ ကမ္ဘာ့ဘဏ်က ၂ ဒသမ ၉ ရာခိုင်နှုန်းထိ လျှော့ချခန့်မှန်းသွားခဲ့ပါသေးတယ်။

တစ်ဆက်တည်းမှာလည်းပဲ ၂၀၂၀ ပြည့်နှစ်အတွက်ကိုလည်း ၂ ဒသမ ၈ ရာခိုင်နှုန်းဆိုပြီး ခန့်မှန်းသွားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ကမ္ဘာ့စီးပွားရေးအပေါ်မှာ မှောင်မိုက်တဲ့ တိမ်စိုင်တိမ်သားတွေ မိုးထားနေလျက်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ပြောသွားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required