ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း ထုတ်ပြန်

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း ထုတ်ပြန်
စက်တင်ဘာ ရ ရက်က နယူးဇီလန်အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့သော မြန်မာ့လက်ရွေးစင်အသင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဘုတ်

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင် အသင်းအတွက် အပြီးသတ် ကစားသမား ၂၄ ဦး လူစာရင်းကို စက်တင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ်က တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။

အဆိုပါ လူစာရင်းတွင် လက်ရွေးစင်ကစားသမား ဘဝမှ အနားယူတော့မည်ဟု ကြေညာခဲ့ သော ရန်ကုန်နောက်ခံလူ ခင်မောင်လွင် ပြန်လည် ပါဝင်လာခဲ့သော်လည်း မြန်မာ ယူ-၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းမှာ ဒဏ်ရာကြောင့် ချန်လှပ်ခံခဲ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် သုံးပွဲ ယှဉ်ပြိုင် ကစားပြီးချိန်၌ တစ်ပွဲသရေ နှစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် တစ်မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် လေး နေရာတွင် ရောက်ရှိလျက် ရှိသည်။ မြန်မာအသင်းသည် လာမည့် အောက်တိုဘာ ၈  ရက်နှင့် ၁၃ ရက်တို့တွင် လက်ဘနွန်အသင်း၊ လာအိုအသင်းတို့နှင့် အိမ်ကွင်းပွဲစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် အေဗရာမိုဗစ်က တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး လက်ထောက် နည်းပြများအဖြစ် ဦးကြည်လွင်၊ ဦးစိုးမြတ်မင်းနှင့် ဂိုးနည်းပြအဖြစ် ဦးအောင် သက်တို့က တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ ကစားသမားများကို အောက်တိုဘာ ၂ ရက်တွင် စုစည်း လေ့ကျင့်မှုများ ပြန်လည် ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာ မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း

ဂိုး               ။    ။ ကျော်ဇင်ဖြိုး(မကွေး)၊ မျိုးမင်းလတ်(KBZ)၊ ရန်အောင်လင်း(ဟံသာဝတီ)နောက်တန်း  ။    ။ ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ ခင်မောင်လွင်(ရန်ကုန်ယူနိုက်တက်)၊ နန္ဒကျော်၊ ကျော်ဇင် လွင်(မကွေး)၊ ဇော်ရဲထွန်း၊ စည်သူအောင်(ရတနာပုံ)၊ ဇော်လင်း(KBZ)၊ ဖြိုးကိုကိုသိန်း(ဧရာဝတီ)အလယ်တန်း ။    ။ အောင်သူ၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ ရှိုင်းသူရ (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး၊ သီဟဇော်(ဧရာဝတီ)ရှေ့တန်း      ။    ။ မောင်မောင်လွင်(ဟံသာဝတီ)၊ သန်းပိုင်၊ ကျော်ကိုကို(ရန်ကုန်ယူနိုက်တက်)၊ ဆမ်လမ်မန်(ချင်းယူနိုက်တက်)။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required