အီရန်နဲ့ ဂျီဟတ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုအတွက် အရှေ့အလယ်ပိုင်း မဟာမိတ်တွေ ညီညွတ်ကြဖို့ ပွန်ပီယို တိုက်တွန်း

အီရန်နဲ့ ဂျီဟတ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုအတွက် အရှေ့အလယ်ပိုင်း မဟာမိတ်တွေ ညီညွတ်ကြဖို့ ပွန်ပီယို တိုက်တွန်း
Photo: AFP

အမ်မန်၊ ဇန်နဝါရီ ၉ ။    ။ အီရန်နဲ့ ဂျီဟတ်ဝါဒီတွေရဲ့ သိသိသာသာ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အရှေ့အလယ်ပိုင်းမဟာမိတ်တွေအနေနဲ့ စည်းလုံးညီညွတ်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုဟာ အင်္ဂါနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

ဆီးရီးယားကနေ အမေရိကန် တပ်တွေ ရုပ်သိမ်းမှာကြောင့် ပူပန်နေရတဲ့ အရှေ့အလယ်ပိုင်းက ဂျော်ဒန်နိုင်ငံဆီ မနှစ်ကမှ ရာထူးတာဝန်ထမ်းဆောင်တဲ့ ပွန်ပီယိုက ပထမဆုံး လာရောက်တဲ့ ခရီးစဉ်မှာ ခုလို ပြောဆိုတာပဲ ဖြစ်ပါတယ်။

“အရှေ့အလယ်ပိုင်းဒေသကို အသိသာဆုံး ခြိမ်းခြောက်နေတာက အိုင်အက်စ်တွေနဲ့ အစ္စလာမ္မစ်တော်လှန်ရေးတပ်ပဲ ဖြစ်တယ်။”လို့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန်းဆာဖာဒီနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပွန်ပီယိုက အိုင်အက်စ်နဲ့ အီရန်ကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတာဟာ အိုင်အက်စ်အပေါ် စစ်ရေးဆင်နွှဲနေတာကို ယုတ်လျော့သွားစေမှာ မဟုတ်ဘူးလို့လည်း ၎င်းက ပြောပါတယ်။

အာရပ်နိုင်ငံတွေက မြို့တော် ရှစ်မြို့ဆီ ရက်အတော်ကြာ ခရီးစဉ်လှည့််လည်တဲ့ ပွန်ပီယိုရဲ့ အဓိကရည်ရွယ်ချက်က အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အစ္စရေးတို့ရဲ့ ပင်မရန်ဖက်ဖြစ်တဲ့ အီရန်ကို ဆန့်ကျင်တန်ပြန်ရေးအတွက် ဒေသတွင်း မဟာမိတ်ညွန့်ပေါင်း ခိုင်မာစေရေးအတွက်ပဲ ဖြစ်ပါတယ်။

“အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ်ကို တန်ပြန်တဲ့ ညွန့်ပေါင်းအင်အားဟာ ထိရောက်မှု ရှိတာကို တွေ့ရတယ်။ နောက်ပိုင်းတွေမှာလည်း စုစည်းအားနဲ့ ထိထိရောက်ရောက် တန်ပြန်သွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။”လို့ ပွန်ပီယိုက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly