Shinhwa အဖွဲ့ဝင် ကင်ဒေါင်ဝန် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည်

Shinhwa အဖွဲ့ဝင် ကင်ဒေါင်ဝန် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည်

ဆိုးလ်၊ စက်တင်ဘာ ၂၉ ။         ။ တောင်ကိုရီးယား အဆိုတော်အဖွဲ့ Shinhwa အဖွဲ့ဝင် ကင်ဒေါင်ဝန်သည် ခုနှစ်နှစ်တာ ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ကိုယ်တော်ဖျော်ဖြေ ပွဲပြုလုပ်သွား မည်ဖြစ်သည်။

ကင်ဒေါင်ဝန်သည် အောက်တိုဘာလတွင် မီနီတေးသီချင်း အယ်လ်ဘမ် D ကို ထုတ်ဝေဖြန့် ချိပြီး ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် အရောင်းမြှင့်တင်ရေးကို လုပ်ဆောင်သွားမည် ဖြစ်သည်။

ကင်ဒေါင်ဝန်သည် နိုဝင်ဘာလကလည်း မီနီတေးသီချင်း အယ်လ်ဘမ် W ကို ထုတ်ဝေ ဖြန့်ချိ ခဲ့သည်။ ကင်ဒေါင်ဝမ်သည် ၎င်း၏ တေးသီချင်း အယ်လ်ဘမ်သစ်ကို တေးသံရှင် အများအပြားနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိသည်။ Shinhwa အဖွဲ့ဝင် အန်ဒီ ၊ g.o.d အဖွဲ့ဝင် ဒန်နီအန် ၊ Standing Egg တေးဂီတအဖွဲ့နှင့် ရက်ပ်ပါ စီဂျင်တို့က featuring ကို သီဆို ပေးထားသည်။

“ပရိသတ်တွေအနေနဲ့ ကင်ဒေါင်ဝန်ရဲ့ စိတ်ခံစားမှုများကို ခံစား နားဆင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်း၏ အေဂျင်စီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required