အောင်လအန်ဆန်နှင့် ပာန်ဆီဂါဝါတို့ ပွဲစဉ်အပါအဝင် MMA တွဲဆိုင်းများ ထုတ်ပြန်

အောင်လအန်ဆန်နှင့် ပာန်ဆီဂါဝါတို့ ပွဲစဉ်အပါအဝင် MMA တွဲဆိုင်းများ ထုတ်ပြန်

ရန်ကုန် ၊ ဇန်နဝါရီ ၈ ။                 ။ ဒုတိယအကြိမ်မြောက် ထိုးသတ်မည့် အောင်လအန်ဆန် နှင့် ပာန်ဆီဂါဝါ တို့ယှဉ်ပြိုင်မည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာချန်ပီယံလုပြိုင်ပွဲ အပါအဝင် ချန်ပီယံခါးပတ်လုပြိုင်ပွဲတွဲဆိုင်းများကို  One Championship အဖွဲ့က  ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

ဂျပန်နိုင်ငံတွင် ထိုးသတ်သွားမည့် အဓိကချန်ပီယံလုပွဲ သုံးပွဲတွင် အမျိုးသမီးစတောဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ် လုပွဲအဖြစ် တရုတ်နိုင်ငံသူ Xiong Jing Nan နှင့် စင်ကာပူနိုင်ငံသူ An Gela Lee တို့၏ပွဲစဉ်၊အမျိုးသား မစ်ဒယ် ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာနိုင်ငံမှ ကချင်ပြည်နယ်ဖွား အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ဟန်ဆီဂါဝါတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည့်ပွဲစဉ်နှင့် လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဂျပန်နိုင်ငံမှ Shinya Aoki နှင့် ဖိလစ်ပိုင်နိုင်ငံသား Eduard Folayang တို့ ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ်များ ပါဝင်လျက်ရှိသည်။

 အောင်လအန်ဆန် နှင့် ဟန်ဆီဂါဝါတို့သည် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဇွန်လ တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ(၁) ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး MMA ၏ တစ်နှစ်တာအတွင်း အကောင်းဆုံး ပွဲအဖြစ် ONE Championship အဖွဲ့က အသိအမှတ်ပြု သတ်မှတ်ခံခဲ့ရသည်။

 (MMA) ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကြီးကို လာမည့် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ Ryogoku Kokuhikan မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံတွင် ကျင်းပသွားမည်ဟုသိရပြီး MMA ကမ္ဘာ့ချန်ပီယံ ခါးပတ် အကြိမ်ကြိမ် ရရှိထားဖူးသော ရုရှားနိုင်ငံသား Demetrious Johnson နှင့် ဖိလစ်ပိုင်နိုင်ငံမှ Eddie Alvar ez တွဲဆိုင်းကို ပွဲဦးထွက်ပွဲစဉ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly