သူပုန်စစ်သားတစ်ချို့က အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီး အခြေအနေကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဟု ဂါဘွန်အစိုးရ ကြေညာ

သူပုန်စစ်သားတစ်ချို့က အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီး အခြေအနေကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဟု ဂါဘွန်အစိုးရ ကြေညာ

ဇန်နဝါရီ ၇ ။           ။ ဂါဘွန်မှာ ယနေ့ ဇန်နဝါရီ ၇ ရက်က သူပုန်စစ်သားတစ်ချို့က အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် ယခုအခါ  အခြေအနေကို ပြန်လည် ထိန်းသိမ်းလိုက်နိုင်ပြီ ဖြစ်ကြောင်း ဂါဘွန်အစိုးရက ထုတ်ပြန်ကြေညာသွားပါတယ်။

အာဏာသိမ်းရန် ကြိုးပမ်းရာမှာ ပါဝင်ထားသူ အများစုကိုလည်း ဖမ်းဆီးထားလိုက်ပြီဖြစ်ကြောင်း ကြေညာသွားပါတယ်။

အစောပိုင်းတုန်းက နိုင်ငံကို အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း စစ်တပ် တပ်ဖွဲ့ဝင်တစ်ချို့က နိုင်ငံပိုင် အသံလွှင့်ရုံကို ဝင်စီးနင်းပြီး ကြေညာထားခဲ့တာဖြစ်ပါတယ်။

စစ်တပ် စစ်သည်တစ်ချို့က အသံလွှင့်ရုံကို ဝင်စီးပြီး ပြည်သူတွေ ထကြွ တော်လှန်ကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ အာဏာသိမ်းဖို့ ကြိုးပမ်းသူတွေဟာ သူပုန်စစ်သားတွေ ဖြစ်တယ်ဆိုပြီး ဂါဘွန်အစိုးရက ပြောကြားလိုက်ပါတယ်။

" အခြေအနေတွေ ပြန်လည် တည်ငြိမ်သွားပါပြီ၊ ထိန်းချုပ်လိုက်နိုင်ပါပြီ" လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဂိုင်းလ် ဘာထရန် မာပန်ဂိုက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required