Magway Old Star ဘောလုံးသမားများစုပေါင်း၍ ဒုတိယ အကြိမ်သက်ကြီး ပူဇော်ပွဲပြုလုပ်

Magway Old Star ဘောလုံးသမားများစုပေါင်း၍ ဒုတိယ အကြိမ်သက်ကြီး ပူဇော်ပွဲပြုလုပ်

မကွေး၊ ဇန်နဝါရီ ၇ ။           ။ မကွေးမြို့နယ်ရှိ Magway Old Star ဘောလုံးသမားများ စုပေါင်း၍ အသက် ၇၀ နှင့်အထက် ဘောလုံးသမား ဟောင်းများကို ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့သည်။

"အသင်းက အသက်(၇၀)နဲ့အထက် လက်ရွေးစင်ဟောင်းကြီးတွေကို ယခုနှစ်မှာက ဒုတိယ အကြိမ် ကန်တော့ တဲ့ ပွဲပါ။ အသင်းဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က ဘောလုံးသမားဟောင်းကြီးတွေရဲ့ သာရေးနာရေးတို့ကို ဆောင် ရွက်ဖို့ရယ် ၊မကွေးတိုင်းရဲ့ဘောလုံးရာဇဝင်ကလည်း ရန်ကုန် မန္တလေး ရှမ်းပြည်နယ်အထိ မညံ့ခဲ့တာကြောင့် နောက်မျိုးဆက်သစ်ဘောလုံးသမားတွေကိုလည်း စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်ပုံတွေကို လက်ဆင့်ကမ်းပြီး တိုင်းဂုဏ်ဆောင်နိုင်တဲ့ ဘောလုံးသမားကောင်းတွေ ပေါ်ထွက်လာဖို့ရယ် ရည်ရွယ်ဖွဲ့စည်းတာဖြစ်ပါတယ်" ဟု အသင်းဥက္ကဋ္ဌ တိုင်းလက်ရွေးစင်ဟောင်း ဦးအောင်ကျော်ဦးက ပြောသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲတွင် အသက် ၇၀ နှင့်အထက် ဘောလုံးသမား ၁၁ ဦးကို တစ်ဦးလျှင်ကျပ်ငါးသောင်း ခန့် အလှူငွေများ ပေးအပ်ခဲ့ပြီး အမှတ်တရ ချစ်ကြည်ရေးကစားပွဲနှင့် ညပိုင်းတွေ့ဆုံမိတ်ဆက်စားပွဲကို ပြုလုပ် ခဲ့ကြောင်း သိရသည်။

"မကွေးမြို့နယ်အတွင်းက ဘောလုံးသမားဟောင်းကြီးတွေ တစ်နေရာထဲ တစ်ချိန်ထဲမှာ ပြန်လည် တွေ့ဆုံခွင့် ရတယ်။ မကွေးတိုင်း၏ ဘောလုံးရာဇဝင်ကလည်း မညံ့ခဲ့ပါဘူး။ ယခုလိုဘဲ စည်းစည်းလုံးလုံး ညီညီ ညွှတ်ညွှတ် ရှိရှိနဲ့ လက်တွဲခေါ်စေချင်ပါတယ်။ နောက်မျိုးဆက်သစ်ဘောလုံးသမားတွေကိုလည်း လက်ဆင့်ကမ်း နိုင်အောင် စိတ်ဓာတ်နဲ့ စည်းလုံး ညီညွတ်ပုံတွေကို လက်ဆင့်ကမ်းပြီး တိုင်းဂုဏ်ဆောင်နိုင်တဲ့ ဘောလုံး သမား ကောင်းတွေ ပေါ်ထွက်လာဖို့ရယ် မျှော်လင့်ပါတယ်" ဟုအသင်း၏ နာယက ဦးစစ်ပိုင်က ပြောသည်။

မကွေးတိုင်းနှင့်မြို့နယ် ဘောလုံးလက်ရွေးစင်ဟောင်းများ ပထမအကြိမ် သက်ကြီးပူဇော်ပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာ (၅)ရက်နေ့က မကွေးခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပခဲ့ပြီး အသက် (၇၀)နှစ် အထက် ဘောလုံးသမားကြီးများဖြစ်ကြသော ဦးခင်မောင်လွင်၊ဦးစစ်ပိုင်၊ဦးကျော်ထူးနှင့်ဦးစိန်သန်းတို့အပြင် မြို့နယ်လက် ရွေးစင်ဘောလုံးသမား ဟောင်း စုစုပေါင်း (၁၁)ဦး တက်ရောက်ကြသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required