လန်ဒန်တိရိစ္ဆာန်ရုံတွင်းရှိ တိရစ္ဆာန်အကောင်အရေအတွက်ကို တာဝန်ရှိသူများ စစ်တမ်းကောက်ယူ

လန်ဒန်တိရိစ္ဆာန်ရုံတွင်းရှိ တိရစ္ဆာန်အကောင်အရေအတွက်ကို တာဝန်ရှိသူများ စစ်တမ်းကောက်ယူ

ဇန်နဝါရီ ၇ ။          ။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ လန်ဒန်တိရိစ္ဆာန်ရုံရဲ့ အကြီးအကဲတွေဟာ ရုံထဲမှာရှိတဲ့ တိရိစ္ဆာန် အကောင်ရေ တွေကို သေချာ စိစစ်ရေတွက်လျက်ရှိတယ်လို့ သိရပါတယ်။

တိရိစ္ဆာန်ရုံတစ်ရုံရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရုံထဲမှာရှိတဲ့ တိရိစ္ဆာန်အကောင်အရေအတွက်ကို နှစ်စဉ်နှစ်တိုင်း စာရင်းချုပ်ပြုစုတာဖြစ်ပါတယ်။

တိရိစ္ဆာန်တွေအများကြီးရှိတဲ့အထဲက ဘယ်နှကောင်ရှိတယ်ဆိုတာကို အတိအကျသိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ယခုလိုပြောခဲ့ပါတယ်။

“တိရိစ္ဆာန်ရုံထဲမှာ မွေးထားသမျှ တိရိစ္ဆာန်တိုင်းကို တစ်ကောင်ချင်းစီ ရေတွက်ပါတယ်။ တစ်ပတ်လောက်တော့ အချိန်ပေးရမှာပေါ့။ သူတို့တွေရဲ့ မျိုးစိတ်၊ တစ်ကောင်ချင်း၊ အမူအကျင့်တွေကို ကြည့်ပြီး ရေတွက်လို့ရပါတယ်။”လို့ လန်ဒန်တိရစ္ဆာန်ရုံရဲ့ မန်နေဂျာ အန်ဂျလာ ရီယန်က ပြောပါတယ်။

“အဲဒီလိုသေသေချာချာစိစစ်ပြီး ရလာတဲ့ ရလဒ်ကို species 360 ဒေတာလို့ခေါ်ပါတယ်။ Species 360 ဒေတာကို ကမ္ဘာတစ်ဝန်းက တိရိစ္ဆာန်ရုံတွေဆီကို ပြန်လည်မျှဝေပေးတဲ့အတွက် ကျွန်မတို့ဆီမှာ ဘာအကောင်လေးတွေရှိလဲဆိုတာ သူတို့သိနိုင်တယ်။ ဘယ်မျိုးစိတ်တွေရှိလဲဆိုတာမျိုးပေါ့။”လို့ ၎င်းကဆက်ပြောပါတယ်။

“ပျားတွေ၊ ပုရွက်ဆိတ်တွေကို ရေတွက်ဖို့ကျတော့ မလွယ်ကူတဲ့အတွက် သူတို့ရဲ့ ပျားဘုရင်မ ဘယ်နှကောင်ရှိလဲ၊ သူတို့အုပ်စုဘယ်နှစုရှိလဲဆိုတာကိုကြည့်ပြီး ပျားဘုရင်မတစ်ကောင်ဆို တစ်ကောင်လို့ပဲ မှတ်တမ်းကောက်လိုက်တယ်။ အဲဒီအုပ်စုမှာ ဘယ်နှကောင်ပါလဲဆိုတာ မရေတော့ဘူး။”လို့ အန်ဂျလာ ရီယန်က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required