အီဂျစ်မှာ ဗုံးစနက်တံဖြုတ်ဖို့ လုပ်ရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ ရဲတစ်ဦး သေဆုံး

အီဂျစ်မှာ ဗုံးစနက်တံဖြုတ်ဖို့ လုပ်ရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ ရဲတစ်ဦး သေဆုံး

ဇန်နဝါရီ ၇ ။         ။ အီဂျစ်နိုင်ငံက ဘုရားကျောင်းတစ်ခုအပြင်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခုတွေ့ရှိပြီးနောက် ယင်းကို ရှင်းလင်းဖို့ ကြိုးစားခဲ့တဲ့ ရဲတစ်ဦး မတော်တဆမှု ဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။

အဆိုပါရဲဝန်ထမ်းဟာ ကော့ပ်တစ် ခရစ်ယာန် ဘုရားကျောင်းအပြင်ဘက်က ဗုံးတစ်လုံးကို စနက်တံဖြုတ်ဖို့ လုပ်ခဲ့ရင်း ပေါက်ကွဲသွားခဲ့တာကြောင့် သေဆုံးသွားခဲ့တာဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ယင်း ဖောက်ကွဲမှုကြောင့် အခြား ရဲနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ကိုင်ရိုမြို့အနီးက Nasr city မှာ တွေ့ရှိတဲ့ ယင်းဗုံးကို စနက်တံဖြုတ်ဖို့ လုပ်ရင်း ခုလို ဖြစ်စဉ် တွေ့ကြုံလိုက်ရတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ရဲဝန်ထမ်းရဲ့ အမည်ကတော့ မူစတာဖာ အာဘစ် လို့ အမည်ရပြီး မိုင်းရှင်းလင်းရေးအဖွဲ့က အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာတော့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိတဲ့ ကော့ပ်တစ် ခရစ်ယာန်တွေဟာ မကြာခဏဆိုသလို အစ္စလမ္မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံနေရလျက် ရှိပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly