ရုရှအလှမယ်နဲ့ အိမ်ထောင်ပြုတယ်လို့ ကောလဟလ ထွက်ပြီးနောက် သမိုင်းမှာ ပထမဆုံးအဖြစ် မလေးရှားဘုရင် ထီးနန်းစွန့်

ရုရှအလှမယ်နဲ့ အိမ်ထောင်ပြုတယ်လို့ ကောလဟလ ထွက်ပြီးနောက် သမိုင်းမှာ ပထမဆုံးအဖြစ် မလေးရှားဘုရင် ထီးနန်းစွန့်

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၇ ။          ။ မလေးရှားဘုရင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ ဆေးခွင့်ယူသွားပြီးနောက်ပိုင်း သို့လောသို့လော သံသယထင်ကြေးတွေ ဖြစ်ပေါ်နေတာဟာ သမိုင်းမှာ ပထမဆုံးဖြစ်ရပ်နဲ့အတူ တနင်္ဂနွေနေ့မှာတော့ အဆုံးသတ်သွားပါပြီ။

ဘုရင် ဆူလတန်မိုဟာမတ်-၅ ဟာ ထီးနန်းစွန့်ကြောင်းကို တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ကြေညာလိုက်ပါတယ်။ ဒါဟာဆိုရင် ၁၉၅၇ ခုနှစ်က ဗြိတိန်ထံကနေ လွတ်လပ်ရေး ရခဲ့တဲ့ မွတ်စလင်အများစု မလေးရှားနိုင်ငံရဲ့ သမိုင်းမှာ ဘုရင်တစ်ပါး ပထမဆုံးအကြိမ် ထီးနန်းစွန့်တာလည်းပဲ ဖြစ််ပါတယ််။

နိုဝင်ဘာလအစမှာ ဘုရင်ဆူလတန်ဟာ ဆေးခွင့်နှစ်လ ယူခဲ့ပါတယ်။ အဲဒီ အချိန်အတောအတွင်း လူငယ်ဘုရင် ဆူလတန်ဟာ ရုရှအလှမယ်ဟောင်းတစ်ဦးနဲ့ အိမ်ထောင်ပြုခဲ့တယ်လို့ ကောလဟလတွေ ထွက်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ပြိုင်ကားတွေကို ကြိုက်နှစ်သက်တဲ့ လူငယ်ဘုရင် ဆူလတန် နန်းစွန့်ကြောင်းကို အမျိုးသားနန်းတော်ရာက တရားဝင်အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

“ဘုရင်မင်းမြတ်က မလေးရှားပြည်သူတွေကို မိန့်ကြားပါတယ်။ စည်းလုံးညီညွတ်မှုကို ဆက်လက်ကျင့်သုံးကြရန်၊ သည်းခံစိတ်ရှည်ပြီး လက်တွဲဆောင်ရွက်ကြရန် မှာကြားပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၄၉ နှစ်အရွယ် ဘုရင်ဆူလတန် နန်းစွန့်ရတဲ့ အကြောင်းရင်းကို ထုတ်ပြန်ချက်မှာ မဖော်ပြထားပေမယ့် ဘုရင်ဆူလတန်ဟာ ဆေးခွင့်ယူတဲ့ အချိန်နှစ်လမှာ ရုရှအလှမယ်ဟောင်းတစ်ဦးနဲ့ လက်ထပ်ခဲ့တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required