မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (ပထမပိုင်း)

By မျိုးသန့်(မဇ္စျိမ)
06 January 2019
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (ပထမပိုင်း)

ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အပေါ်မှာ အခက်အခဲနဲ့ အောင်မြင်မှုတွေ. . . ဝန်ကြီးဌာနတွေရဲ့ အတွင်းရေးမှူးတွေနဲ့၊ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ . . . ဘောင်ထဲကပဲ လုပ်ချင်တယ်ဆိုတဲ့ . . . အိပ်ချင်မူးတူး ဖြစ်နေလို့ အမူးမပြေသေးတဲ့ ဝန်ထမ်းတွေ. . . မန္တလေးတိုင်း ဗဟိုဝန်ထမ်းတက္ကသိုလ် ဇီးပင်ကြီး စစ်တမ်း ၁ - ၂ - ၃ နဲ့ ဒီမိုကရက်တစ်ကာချာ (Democratic Culture) အကြောင်းတွေကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မဇ္စျိမကိုမျိုးသန့် တို့ ဆွေးနွေးထားတာကို   Minister’s Question ကဏ္ဍ အပိုင်း(၁)အနေဖြင့် တင်ပြလိုက်ပါတယ်။

မင်္ဂလာပါ မဇ္ဈိမပရိသတ်များခင်ဗျား။ ကျွန်တော်တို့ အစီအစဉ်ကတော့ Minister’s Question လို့ အမည်ပေးထားတဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံမေးမြန်းတဲ့ တွေ့ဆုံမေးမြန်းခန်းပဲဖြစ်ပါတယ်။

မေး။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရလာတယ်၊ အခုဆိုရင် သုံးနှစ်ကျော်လာပြီ၊ ဒီနေရာမှာ ပြုပြင်ပြောင်းလဲရေး နဲ့ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲ ဝင်စဉ်ကာလကတည်းက ပြုပြင်ပြောင်းလဲရေးလုပ်မယ် ဆိုပြီးတော့မှ လုပ်လာကြတဲ့အခါကျတော့ ဒီပြုပြင်ပြောင်းလဲရေးလုပ်တဲ့အပေါ်မှာ အခက်အခဲနဲ့ အောင်မြင်မှုတွေဘာတွေ ရခဲ့သလဲ ။ ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် အခက်အခဲတွေရော ဘာတွေရှိခဲ့ပါသလဲခင်ဗျား။

ဖြေ။ ။ မဇ္ဈိမပရိသတ်ကြီးကိုလည်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံး ကိုလည်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်၊ မဇ္ဈိမမေးတဲ့ တိုက်ရိုက် Minister’s Question ကို ဖြေကြားခွင့်ရတဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ အဲဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပေါ့နော်။ ကျွန်တော်တို့ တာဝန်ယူတာ စီမံခန့်ခွဲမှု၊ လုပ်ပိုင်ခွင့် ရယူတာ သုံးနှစ်ပြည့်သွားပြီ ပေါ့နော်။ ပြည်သူက ကျွန်တော်တို့ကို စီမံခန့်ခွဲခွင့် ပေးလိုက်တဲ့အတွက် ပထမဦးဆုံးတော့ ပြည်သူကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတွေကို ရွေးကောက်ပွဲအချို့ မှာ စည်းရုံးခဲ့တာ ရှိပါတယ်။ လူကို မကြည့်ပါနဲ့ ၊ ပါတီကို ကြည့်ပြီး မဲပေးပါ။ ကျွန်မပါတီကို ကျွန်မထိန်းကျောင်းပါ့မယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့  မူဝါဒကလည်း ကျွန်တော်တို့ အစိုးရဖြစ်တဲ့အချိန်မှာ ပြည်သူက ထိန်းကျောင်းတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ အလားတူ အစိုးရကလည်း ပြည်သူထိန်းကျောင်းမှုကို ခံလိုတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်း နေတာဖြစ်ပါတယ်။ အဲဒီတော့ အစိုးရတစ်ရပ်ဖြစ်တဲ့ တာဝန်ယူပြီးတဲ့အခါမှာ ဘာပဲပြောပြော အုပ်ချုပ်ရေးပိုင်းပေါ့နော်၊ ဥပဒေပြုရေး တရားစီရင်ရေးကတော့ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ လွှတ်တော်မှာလည်း ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အင်အားအများစုဖြစ်ပါတယ်။ အဲဒီတော့ ဒီအစိုးရ အုပ်ချုပ်ရေးပိုင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ အုပ်ချုပ်ရေးကို တာဝန်ယူတာဖြစ်ပါတယ်။ အဲဒီတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်တွေပဲ တာဝန်ယူတယ်ပေါ့။ အဲဒီတော့ ဒီလို အပြောင်းအလဲတစ်ခု ဆိုတာ က ဆောင်ရွက်ရတာ ကျွန်တော်တို့လို နိုင်ငံ မြန်မာနိုင်ငံဆို  ကျွန်တော်ထင်ပါတယ် စိန်ခေါ်မှု ပိုများတယ်နဲ့ တူတယ်၊ ဘာလို့လဲဆိုတော့ အမှောင်ခေတ်က ကျွန်တော်တို့က နှစ်ပေါင်းငါးဆယ် လောက်တိတိ အမှောင်ခေတ်ထဲ နေခဲ့ရတဲ့အခါ ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ ဝန်ထမ်းအဖွဲ့အစည်း တွေ အားလုံးဟာ အမိန့်နဲ့ လှုပ်ရှားကြတဲ့သူတွေ ဖြစ်လာတာပေါ့။ အဲဒီတော့ ဒီမိုကရက်တစ်ကာချာ လို့ခေါ်တဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ မနီးစပ်သေးဘူး၊ အဲဒီတော့ အခုဟာက ကျွန်တော်တို့က ဒီမိုကရေစီကို ပြည်သူတွေက ရွေးချယ်တဲ့ အစိုးရပေါ်လာတာ ၂၀၁၀ ကတစ်ခု ၊ အခုက ဒုတိယ သက်တမ်းပေါ့နော်။ အဲဒီတော့ ဘာပဲပြောပြော ကျွန်တော်တို့က နုနယ်သေးတယ် ၊ လွှတ်တော်က လည်း လွှတ်တော်သက်တမ်းအလျောက် နုနယ်သေးတယ်၊ အုပ်ချုပ်ရေးလည်း အုပ်ချုပ်ရေးပိုင်း အလျှောက် အစိုးရအဖွဲ့က ပြောရမယ်ဆိုရင် နုနယ်သေးတယ်ပဲ ပြောရမှာပေါ့။ ဒါပေမယ့် နဂိုရှိရင်းစွဲ ကျွန်တော်တို့အစိုးရဌာန အဖွဲ့အစည်းလည်း နှစ်ပေါင်းမြောက်များစွာ အသားကျလာတယ်။ ဘာလို့လဲ ဆိုတော့ under commend အောက်မှာ up Down နဲ့ အလေ့အကျင့်ရလာတဲ့အချိန်မှာ ဒီလို ကျွန်တော်တို့ တာဝန်ယူလိုက်တဲ့အခါ အခက်အခဲတော့ရှိလာတယ် စိန်ခေါ်မှုရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့က ဘာလဲ ဆိုလို့ရှိရင် အစိုးရက အဂတိတရားကင်းတဲ့ အစိုးရဖြစ်အောင်ကြိုးပမ်းမယ် ဆိုတာ နဂိုတည်းကလည်း ကတိပေးထားခဲ့တာပါ။ နောက်ပြီးကျတော့ ပွင့်လင်းမြင်သာမှု။ ကျွန်တော်တို့ ပြည်သူ ပွင့်လင်းမြင်သာမှုနဲ့ ကျွန်တော်တို့လုပ်မယ်၊ တာဝန်ယူမှု တာဝန်ခံမှုကို ကျွန်တော်တို့ အစိုးရအဖွဲ့ကသာ လုပ်မယ်ဆိုပြီးတော့ ဒီဟာကို ကြိုးပမ်းခဲ့တာပေါ့နော်။ အဲဒီတော့ အောင်မြင်တာသည် လက်ညှိုးထိုးပြမယ် ဆိုလို့ရှိရင် ပြည်သူက မနှစ်သက်တာပေါ့နော် ၊ ပြည်သူ သိပ်ပြီးတော့ အားမလို အားမရဖြစ်ခဲ့တဲ့ ဝန်ကြီးတစ်ချို့ကိုလည်း ကျွန်တော်တို့ လဲခဲ့တာပါ။ ဝန်ကြီးချုပ်ကိုလည်း လဲပြီးပါပြီ၊ ဒါကလည်း အများပြည်သူအသိပါပဲ၊ ဒါဖြင့် အရင်အစိုးရလက်ထက် က ဒါမျိုးလဲပေးခဲ့တာ ရှိပါသလား၊ ကျွန်တော်မေးခွန်းမေးကြည့်ချင်ပါတယ်၊ မရှိပါဘူး။ ကျွန်တော်တို့ လက်ထက်မှာ အဝေဖန်ခံရတယ်၊ တိုင်ကြားမှုတွေ ရှိနိုင်တဲ့ ဝန်ကြီးတွေကိုလည်း ဒုဝန်ကြီးတွေလည်း ကျွန်တော်တို့ အပြောင်းအလဲလုပ်ခဲ့သလို ဝန်ကြီးတွေလည်း အပြောင်းအလဲ။ ဆိုလိုချင်တာကတော့ တာဝန်ယူမှု တာဝန်ခံမှုကို ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အချိန်မှာ ဘာလဲဆို ပွင့်လင်းမြင်သာမှုမှာ အဲ့ဒီ ဘတ်ဂျက်ကိုတော့ ကျွန်တော် နည်းနည်းလေး ပြောချင်တာပေါ့နော်။ ကျွန်တော်တို့ အချို့တာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့က ဘတ်ဂျက်ကို ဘတ်ဂျက်ဆိုတာက ပြည်ထောင်စုဘတ်ဂျက်ရှိတယ်၊ တိုင်းဒေသကြီးဘတ်ဂျက်ရှိတယ်။ တိုင်းဒေသကြီး ဘတ်ဂျက်ကိုကတော့ ကျွန်တော်တို့က လုံးဝကို ကျွန်တော်တို့က စီမံပိုင်ခွင့်ရှိတာ၊ အဲဒီတော့ ပြည်ထောင်စုဘတ်ဂျက်ကိုကျရင် ကျွန်တော်တို့ ဘာမှ လွှမ်းမိုးပိုင်ခွင့် မရှိဘူးပေါ့နော်။ အဲဒီတော့ ၂၀၁၆-၁၇ ပထမတစ်နှစ်မှာ ၂၀၁၇-၁၈ ဘတ်ဂျက်မှာ ပြည်ထောင်စုဘတ်ဂျက်ကို ကျွန်တော်တို့ ကြီးကြပ်ပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် တိုင်းဒေသကြီးဘတ်ဂျက်ကိုကျတော့ ကျွန်တော်တို့ ဘတ်ဂျက်ချလိုက်ကတည်းကိုက estimate တွေ အကုန်တွက်ပြီးလို့ရှိရင် တင်ဒါခေါ်တဲ့အချိန်မှာ တတ်နိုင်သမျှ စိစစ်ရေးလုပ်တော့ တင်ဒါ ပိုလျှံငွေ ဆိုတာ ရှိလာတယ် ။ အဲဒီ တင်ဒါ ပိုလျှံငွေ တွေက ပထမ ၁၆-၁၇ တုန်းကဆိုလို့ရှိရင် 4 Billion ကျော်ကျော်လောက်ရှိတယ်။ အဲ့ဒါကို တစ်ခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တယ်။ အလားတူ အဲ့ဒီအတွေ့အကြုံယူပြီးလုပ်တဲ့အခါ ၂၀၁၇-၁၈ မှာလည်း ကျွန်တော်တို့ တိုင်းဒေသကြီးဘတ်ဂျက်ကို ဒီတိုင်း စိစိစစ်စစ်ပြန်ဆောင်ရွက်တဲ့ အခါ ငွေတွေပိုလျှံလာတယ်။ ပိုတော့ တိုင်းဒေသကြီးအတွင်းမှာ တစ်ခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လမ်းတံတား မီးလင်းရေး ကျွန်တော်တို့ ဇောက်ချပြီးလုပ်နိုင်တယ်။ ဆိုတော့ ဒါလေးတွေက ဘာပဲပြောပြော ကျွန်တော်တို့ ပွင့်လင်းမြင်သာမှု citizen budget ပေါ့နော်။ အဲ့ဒီဟာကို ကျင့်သုံးတဲ့အတွက် ဒါအောင်မြင်မှုလို့ ပြောချင်ပါတယ်။ အခုကျတဲ့အခါကျတော့ ဘာဖြစ်လဲဆို ၁၈-၁၉ မှာ ပြည်ထောင်စုက တိုင်းဒေသကြီး ကို စီမံခန့်ခွဲပိုင်ခွင့် စပြီးပေးပြီ။ ပညာရေးတင်ဒါတွေ၊ ကျောင်းတွေ ဆောက်တာတွေ ကျောင်းပြင်တာတွေ၊ အဆင့်မြင့်တက္ကသိုလ်တွေ ပြင်တာတွေ အားလုံးကို တိုင်းဒေသကြီးကို စလွှဲသွားပါပြီ။ ဆိုတော့ အနီးကပ်ရှိတာက ကျွန်တော်တို့၊ အရင်တုန်းက တက္ကသိုလ်မှာ ဘာဆောက်နေ ဆောက်နေ ကျွန်တော်တို့ မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ သွားကြည့်တဲ့အချိန်မှာ တကယ်တမ်းအရည်အသွေးမမှီတဲ့အခါကျတော့ ဘယ်ခေါင်းရောက်လဲ ဆိုတော့ ဝန်ကြီးချုပ်တွေ ခေါင်းရောက်တယ်။ တိုင်ကြ တောကြတဲ့ဟာတွေက ဝန်ကြီးချုပ်ဆီပဲ တိုင်ကြတော့ ဒီကိစ္စက နောက် ပြည်ထောင်စုကလည်း သိသွားတဲ့အခါကျတော့ ဒီနှစ်မှာ ကျွန်တော်တို့ ပညာရေး၊ ကျန်းမာရေးကပါ ကျွန်တော်တို့ တိုင်းဒေသကြီးကို လွဲပါတယ်။ လွဲတယ်ဆိုတာ ဘတ်ဂျက်ကို လွဲတာမဟုတ်ပါဘူး၊ စီမံခန့်ခွဲမှု တင်ဒါဥက္ကဋ္ဌကို ကျွန်တော်တို့ပဲ ရွေးပေးရတော့ တိုင်းဒေသက ပါလာတာပေါ့။ ဒါက ပြောရလို့ရှိရင် ကျွန်တော်တို့ တာဝန်ယူကတည်းကိုက ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်လိုက်တဲ့ အတွက် ဒီအပြောင်းအလဲတစ်ခုက အောင်မြင်မှုလို့ လက်ညှိုးထိုးပြချက်ရှိတာပေါ့။ အခက်အခဲ ကတော့ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးရဲ့ ဆက်နွယ်မှုက နည်းနည်းလေးတော့ ရှိနေသေးတာပေါ့ နော်၊ အဲဒီတော့ ပြောရလို့ရှိရင် ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ဇယား ၁၊ ဇယား ၂၊ ရှိတာပေါ့ အခြေခံဥပဒေပဲ ပြန်ညွန်းရမှာပေါ့။ ဆိုတော့ ဇယား ၁ မှာပါတဲ့ ဥပဒေပြုမှုအာဏာတို့၊ ဒီဇယား ၂ မှာပါတဲ့ဟာတွေက ကျွန်တော်တို့ သီးခြားစီ လေ့လာကြည့်လိုက်တော့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့်က နဲနဲ နည်းနေတယ်၊ အဲဒီတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆိုရင် တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့်ကို တစ်ဖြေးဖြေးချင်း ချဲ့ပေးရမယ်။ ဒါမှလည်း ဖက်ဒရယ် ပြည်ထောင်စု ဖြစ်မှာလေ tax sharing , power sharing , resource sharing တွေ ဆိုတော့ ဒီကိစ္စဟာ အခုထက်ထိတော့ ကျွန်တော်တို့ ကြိုးစား ပမ်းစားဆောင်ရွက်နေတုန်းကာလပဲ ဖြစ်တယ်။ ဆက်နွယ်မှုက အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမြဲတမ်းပြောပါတယ်၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီးအစိုးရတွေ ဆက်နွယ်ပြီး ဆောင်ရွက်ကြပါ၊ အခုက သီးခြားစီ ဖြစ်ဖြစ်နေတာ။ အဲဒီတော့ ဆက်စပ်မှုမရှိလိုက်တဲ့အခါ ကျတော့ လုပ်ငန်းတစ်ချို့တွေမှာ အခက်အခဲတွေပေါ်လာတာကိုး၊ ဥပမာပြောရရင် ဆိုပါစို့ဗျာ၊ ကျွန်တော့်ဆီမှာ အတွင်းရေးမူးပေါ့၊ အုပ်ချုပ်ရေးပိုင်းက အတွင်းရေးမူးပေါ့နော်။ အတွင်းရေးမှူးဖွဲ့တယ်ဆိ်ုတာ အုပ်ချုပ်ရေးက ညွန်မှူးအဖြစ်ပေါ့နော်၊ ဒုတိယညွန်ကြားရေးမှူးချုပ် လယ်ဗယ်ရှိတယ်၊ သူက အစိုးရရဲ့ အတွင်းရေးမှူးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုတာ အပြောင်းအလဲ၊ ကျွန်တော့်ဆီမှာ လေးယောက် ပြောင်းသွားပြီ။ ကျွန်တော်မှ သုံးနှစ်ရှိသေးတယ်၊ လေးယောက်ပြောင်း တော့ ကျွန်တော် အသားကျမယ်လို့ လုပ်လိုက်တဲ့အချိန်မှာ ပြောင်းပစ်လိုက်တာဗျာ၊ ပြောင်းသွားတာ ပေါ့။ အဲ့ဒီပြောင်းတာတွေကို ကျွန်တော်တို့က ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးဗျ။ အဲဒီလိုအလားတူူပဲ ဌာနဆိုင်ရာ တိုင်းအဆင့်တစ်ခုမှာ ကျွန်တော်တို့နဲ့ လုပ်ငန်းအဆင်ပြေနေတဲ့လူတွေ ၊ ဆိုပါစို့ ဥပမာ လမ်းဦးစီးဌာနတို့၊ ဆောက်လုပ်ရေးတို့၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့၊ အဲဒီလိုဟာတွေမှာ အပြောင်းလဲတွေက ကျွန်တော်တို့ ဝန်ကြီးချုပ်ကို အသိမပေးဘဲနဲ့ ပြောင်းပစ်လိုက်တဲ့အခါ လုပ်ငန်းလုပ်ရတဲ့ဟာတွေမှာ ကျွန်တော့်အတွက် အခက်အခဲလေးတွေရှိတာပေါ့။ အဲဒီတော့ အခုနောက်ပိုင်း ကျွန်တော်တို့က အဲ့ဒါတွေက ကျွန်တော်ပြည်ထောင်စု အစည်းအဝေးထဲမှာ ကျွန်တော်တို့ တင်ပြတော့ အခု စာထွက်လာပြီဗျ၊ ဘာဆက်ထွက်တာလဲဆို ပြည်ထောင်စု ဝန်ကြီးတွေ နဲ့ ဌာနတွေအနေနဲ့ တိုင်းအဆင့်အရာရှိတွေကို ပြောင်းမယ်ဆိုလို့ရှိရင် တိုင်းအစိုးရတွေ ဝန်ကြီးချုပ်တွေနဲ့ ညှိနှိုင်းပြီးတော့ သဘောထားမှတ်ချက်တောင်းပါ ၊ ဘာလို့ဆို ဒါလုပ်ငန်း အခက်အခဲ တကယ်ဖြစ်တယ်၊ ကျွန်တော်တို့က အဲဒီလို အတွင်းရေးမှူးပြောင်းတယ်ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရရင် တို့က အုပ်ချုပ်ရေးပိုင်းကို အခက်အခဲကို ထဲထဲဝင်ဝင်ကို သူတို့ကို သိခဲ့တာ သူတို့နဲ့ ကျွန်တော်တို့က ညှိပြီးတော့ ကျွန်တော်တို့ လုပ်ရတဲ့ အခါရှိတဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်းပြောရင်  efficient ကို လိုချင်တာပေါ့၊ efficient ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောတာ ကြောက်နေတတ်တဲ့လူကို မလိုချင်ဘူး၊ ဘောင်ထဲကနေပဲ လုပ်ပါရစေ ပြောနေတဲ့ လူမျိုးကို ကျွန်တော်တို့က သိပ်မလိုချင်ဘူးဗျ၊ အပြန်အလှန်ဆွေးနွေးမယ်၊ အပြန်အလှန်ညှိနှိုင်းမယ် ဥပဒေရှုထောင့်အမျိုးမျိုးကနေ ကျွန်တော်တို့ ဘာဖောက်ထွက်လို့ ရမလဲ ပေါ့နော်၊ ဆိုတော့ ဆိုလိုချင်တာက အလုပ်ဖြစ်ရေးကို ဦးတည်နိုင်တဲ့ အတွင်းရေးမှူးမျိုးကို လိုချင်တာပေါ့ဗျာ၊ မလုပ်မရှုပ် မပြုတ်၊ ဘာမှလည်းမလုပ်ဘူး၊ ဘာမှလည်း တာဝန်မခံဘူးဆိုတာ မလိုချင်ဘူး။ ဆိုတော့ ဒီဟာလေးတွေက ပြောရရင်တော့ အခက်အခဲလေးတွေ။ နောက်တစ်ခုက ဘာလဲဆိုတော့ ဌာနဆိုင်ရာ တစ်ချို့က ပွင့်ပွင့်လင်းလင်း ပြောရင် အိပ်ချင်မူးတူး ဖြစ်နေသေးတယ်၊ အမူးမပြေသေးဘူးဗျ။ သူတို့နေခဲ့တဲ့ အလေ့အကျင့်က အမိန့်နဲ့ ခိုင်းလိုက်တယ် လုပ်တယ်၊ ကြောက်တယ်ပေါ့ဗျာ။ ကျွန်တော်တို့က ဒီမိုကရက်တစ်ကာချာနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်တယ် ဆွေးဆွေးနွေးနွေးလုပ်တယ် ဆိုတာမျိုး ဖြစ်ခဲ့တဲ့အခါကျတော့ သံယောဇဉ်ပဲ ကျန်နေတာလား၊ ရွှေထီးဆောင်းခဲ့တဲ့ လူတွေကိုပဲ ပြန်တမ်းတနေသလားတော့ မသိဘူး။ ဒါ တကယ့် အခက်အခဲ။ ဘာကြောင့်လဲဆို ဒီလိုပြောလဲဆို ဆရာတို့လည်းသိမှာပါ သုံးလပဲ ခံမှာပါ၊ ခြောက်လပဲ ခံမှာပါ၊ တစ်နှစ်ပဲ ခံမှာပါဆို ကျွန်တော် အခုသုံးနှစ်ရှိပြီ၊ ဆိုတော့ ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဌာနဆိုင်ရာတစ်ချို့မှာ ရှိတာပေါ့၊ ဆိုလိုချင်တာက ပွင့်ပွင့်လင်းလင်းပြောရ လို့ဆိုရင် တစ်ချို့ဌာနတွေက ဝန်ကြီးချုပ်ကို အစီရင်ခံစရာမလိုဘူး ဝန်ကြီးပဲ သိရမယ်၊ ဒါပေမယ့် တိုင်းဒေသကြီး တစ်ခုရဲ့ အောက်မှာ ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ အားလုံးပေါင်း ဌာနဆိုင်ရာရှိတယ် ဝန်ကြီးချုပ် သိရမှာ ကျွန်တော်က ၁၅၁ ဌာန ရှိတယ်၊ ဒါပေမယ့် ဝန်ကြီးချုပ်ဆီကို အစီရင်ခံ မခံချင်ဘူးဗျ။ ဆိုတော့ သူတို့ခန့်ထားတော့ ဝန်ကြီးပေါ့။ ဒါပေမယ့် အခြေခံဥပဒေ အရကိုက ဌာနဆိုင်ရာတွေက ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲပိုင်ခွင့် ကျွန်တော် သိပိုင်ခွင့် ရှိတဲ့ဟာတွေ ရှိတယ်။ ဒီဟာ နည်းနည်းလေးတော့ အခက်အခဲရှိနေသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထင်ပါတယ် ရေရှည်ကျရင် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး ကြိုးစားနေတဲ့အခါ ဝန်ထမ်းတွေ သိလာမှာပါ။ အခြေအနေ အချိန်အခါ အရင်လို မဟုတ်တော့ဘူး၊ ဒီမိုကရေစီဘက်ကို ရှေးရှုနေပြီ၊ တိုင်းပြည်ရဲ့ အရေးကိုပဲကြည့်မယ်၊ ပြည်သူ့အရေးကိုပဲ ကြည့်မယ်ပေါ့။ အဲဒီလိုဟာမျိုးကို သိလာမယ်၊ ဒီမိုကရက်တစ်ကာချာကိုလည်း သိလာမယ်ဆိုလို့ရှိရင် ကျွန်တော်ထင်ပါတယ် ဒီလိုဝန်ထမ်းတွေ အမူးပြေသွားလိမ့်မယ်လို့တော့ ကျွန်တော်ထင်ပါတယ်၊ ပြီးရင် ဒီမိုကရေစီဆိုတာ ပြည်သူရွေးချယ်တဲ့ အစိုးရပဲ ပေါ်ပေါက်လာမှာပဲ ကျွန်တော်တို့ အားလုံးက ပြည်သူဟာ အရှင်သခင်ဆိုတာ သိအောင်လုပ်နေတဲ့အချိန်၊ ပြည်သူတွေလည်း awareness ဖြစ်လာပြီ၊ အဲဒီတော့ ဘာမှ ဟိုဟာဖြစ်စရာမရှိဘူးပေါ့ အဲဒီတော့ ဒီအခက်အခဲလေးကတော့ ဒါပါပဲ။

မေး။ ။ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးချုပ်ကြီးကလည်း အစိုးရဝန်ထမ်း ဖြစ်ခဲ့တဲ့အခါ ကျန်းမာရေးဝန်ထမ်းဖြစ်ခဲ့တဲ့အခါ ကျွန်တော်တို့ ဇီးပင်ကြီးမှာလည်း တက်ခဲ့တယ် လို့ထင်ပါတယ်။ ဆရာဝန် တစ်ယောက်က နေပြီးတော့ ဝန်ထမ်းကောင်းမှသာ တိုင်းပြည်ကောင်းမယ် ဆိုပြီးတော့ တစ်ချို့ အားနည်းချက်လေးကို ထောက်ပြ ဝေဖန်တာ ကျွန်တော်သိရပါတယ်။ ဝန်ကြီးချုပ်ကြီးကိုလည်း ဒီဆရာဝန်ကလာပြီးတော့မှ တွေ့တယ် သိရပါတယ်။

ဖြေ ။  ။ဒီဟာ ခင်ဗျားတို့ ဘယ်ကရလည်းမသိဘူး၊ ကျွန်တော်တို့ လျှို့ဝှက်ထားတဲ့ဟာဆိုတာကို ခင်ဗျားတို့ သိအောင်လုပ်နိုင်တယ်၊ ဆိုတော့ မဇ္ဈိမဆိုတာကတော့ ပဋိပဒါ ဖြစ်ပါစေနော်၊ အလယ်အလတ် တော့ ကျပါစေနော်၊ ခင်ဗျားတို့ မေးခွန်းတွေက အဲ့ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောတာ ပြည်သူတွေ လည်း ကြည့်နေတာ၊ ခင်ဗျားမေးတဲ့မေးခွန်း ဖြေမယ်၊ ကျွန်တော်ဖောင်ကြီးတက်ခဲ့တယ်။ ကျွန်တော်တို့က မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်အောက်မှာ ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်များများက ဖုန်းတွေလည်း ဆက်မေးတယ် အသိုင်းဝိုင်းပေါင်းစုံက နောက်ဆုံးတော့ ဝန်ကြီးချုပ်ခေါင်းပေါ်ရောက်လာတာပဲဗျ။ ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ကိုယ့်တိုင်း။ ဆိုတော့ မန္တလေးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်က ကျောင်းပြီးတဲ့ ဆရာဝန်လေး မိုးကုတ်ဆေးရုံမှာ တာဝန်ကျနေတယ်၊ ဖြစ်တော့လည်း ဒီမန္တလေး ဗဟိုဝန်ထမ်းတက္ကသိုလ် ဇီးပင်ကြီးမှာ ဖြစ်လိုက်တော့ နောက်ဆုံးတော့လည်း ကျွန်တော့်ခေါင်းရောက်လာတာပေါ့ဗျာ။ အဲဒီတော့ ဘက်ပေါင်းစုံကို ကျွန်တော်သုံးသပ်ပါတယ်၊ လေ့လာပါတယ်။ ဒီကလေးတင်ထားတဲ့ Post ကျွန်တော်အကုန်ဖတ်ကြည့်လိုက်တယ်၊ ဆိုတော့ ကျွန်တော့်ဟာနဲ့ ကျွန်တော် ပြန်စဉ်းစားလိုက်တယ်၊ ကျွန်တော်ဝန်ထမ်း တက်ခဲ့တယ် အစိုးရအလုပ်ကို ဝင်ချင်လွန်းလို့ဗျ။ ကျွန်တော်တို့ ခေတ်က အပြင်အလုပ်ထက်စာရင် ချမ်းသာတယ်ဗျ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ဝန်ထမ်းဝင်ခဲ့တာကိုက ပြည်သူကို အလုပ်အကျွေးးပြုချင်လို့ ကျွန်တော်တို့ ဝင်ခဲ့တာ၊ ဆေးရုံဘက် လုပ်ရင်းကနေ ကျွန်တော် ကျောင်းဘက်ကူးလိုက်တော့ ဖောင်ကြီးတက်ရတယ် မတက်လို့မရဘူးဗျ။ မတက်ရင် No Promotion ပဲ ၊ အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ ဝန်ထမ်းဝင်တာကိုက ဘွဲ့လွန်တက်ချင်တယ် ဘာလို့လဲဆိုတော့ Life longing အခုကြွေးကြော်နေပြီ၊ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ဘွဲ့လွန်လိုချင်တယ်။ ဒီဘွဲ့လွန်လိုချင်တာ ကိုယ့်အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့် ဘွဲ့လွန်ရမှလည်း ပြည်သူကို ပိုအကျိုးပြုနိုင်တဲ့ လုပ်ငန်းတွေ ရှိတာကိုးဗျ။ ဆိုတော့ တက်ခဲ့ရတဲ့ အခါ ကျွန်တော်တို့က ဆိုရှယ်လစ်ခေတ်ဗျ။ တစ်ကမ္ဘာလုံးမှာလည်း မနီရင်တောင် ပန်းရောင်သန်းနေတဲ့ကာလ အဲဒီတော့ ပြောရရင်တော့ ကြောက်ရတဲ့အချိန်ပေါ့နော်။ ဇီးပင်ကြီးမှာသင်တာက Socialist Economy သင်တယ်။ နောက်ပြီးတော့ ဆိုရှယ်လစ်ဇင်ကို သင်တယ်။ ဘာဒီမိုကရေစီကာချာမှ မရှိဘူး။ ဘာဒီမိုကရက်တစ်ကာချာတွေမှ မရှိတော့ ဒီမိုကရေစီဆို ကျွန်တော်တို့ကိုယ်တိုင် သည်ပင်လျင် မသိခဲ့ဘူး။ ကျွန်တော်ထင်တယ် အဲဒီ သင်ခဲ့တဲ့ဆရာတွေလည်း ဒီမိုကရက်တစ်ကာချာကို သိပုံမရဘူး။ ကြီးပြင်းလာတာ ဒါနဲ့ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ သင်ရတုန်းကတော့ Challenge  ဆိုတာ မရှိဘူးပေါ့နော်။ ဆိုရှယ်လစ်က  အကုန်လွှမ်းမိုးတာ၊ တစ်ကမ္ဘာလုံး ကြည့်လိုက်လို့ရှိရင် ဆိုရှယ်လစ်ဖြစ်နေတော့ ဒီဟာတွေ ယူခဲ့တဲ့ အခါ အဲဒီလောက်ကြီးတော့ ဘုန်းတော်ဘွဲ့ တွေ မပြောဘူးဗျ ၊ ကျွန်တော်တို့က တကယ့် သီအိုရီကိုပဲ သင်ခဲ့ရတာပေါ့နော်။ ခုနပြောလိုက်တဲ့ ချီးမွန်းခန်း ဖွဲ့တာတွေ မပါဘူးဗျ။ ဆိုတော့ သီအိုရီကို သင်ရတယ်၊ ဆိုရှယ်လစ် အီကော်နော်မီကို သင်ရတယ်။ ဒါပေမယ့် ဆိုရှယ်လစ် အီကော်နော်မီက ဆိုရှယ်လစ်ဇင်မှာပဲ အသုံးတည့်တယ် ဆိုတာလည်း ကျွန်တော်တို့က အဲဒီမှာ ဒါပေမယ့် ရုံးစာရေးနည်းတို့၊ အက်ဒမင်အုပ်ချုပ်ရေးပိုင်းတို့ ဘာတို့သင်တန်းတွေပေးခဲ့တော့ ဒါတွေက အကျိုးရှိသလောက် ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ဒီလိုသင်တန်းပေးတဲ့ဟာတော့ အဲ့ဒီချိန်မှာ အားလုံးဟာ မဆလ အဖွဲ့ဝင် ဖြစ်ရမယ်၊ ဒီနည်းနဲ့ ဒါမှမဟုတ် အရံပါတီဝင်တွေဖြစ်ရမယ်ဆိုတဲ့ မှုတွေနဲ့ လမ်းစဉ်လူငယ်တွေနဲ့ အခါကျတော့ မှန်သလိုလို သူတို့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီမိုကရေစီကို သိလာလိုက်တဲ့အခါကျတော့ နိုင်ငံရေးဆိုတာ ကိုယ်တိုင်လည်း လေ့လာသင်ယူရမယ့်ဟာ ဖြစ်ပါတယ်။ ဒီသင်တန်းတွေက ပို့ချနေတာ ခေတ်နဲ့ စနစ်နဲ့ အံမဝင်နိုင်ဘူးဆိုရင်တော့ Curriculum တွေ ပြောင်းမှာပေါ့။ ကျွန်တော် ပြောချင်တဲ့ဟာက ဘာလဲဆိုတော့ ကျွန်တော်တို့ က မဆလခေတ် ဖြတ်သန်းခဲ့တယ် ပြဿနာမရှိဘူး၊ အဲဒီတော့ တပ်မတော်လည်း အစိုးရလက်ထက်မှာလည်း ဇီးပင်ကြီးဆိုတာ ဗဟိုဝန်ထမ်းတက္ကသိုလ် ရှိခဲ့တော့ ပြောလို့ရှိရင် အဲ့ဒီမှာ ကျွန်တော်တို့ ဘာတွေသင်သလဲ ကာလတစ်လျှောက်လုံး ဘာတွေသင်ခဲ့သလဲ အခုအဲ့ဒါကို Curriculum ပြောင်းသွားပြီ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ပြည်သူက ရွေးချယ်တဲ့ အစိုးရလက်ထက်တော့ ၂၀၁၀ တည်းက စတာ။ အဲ့ဒါဆိုလို့ရှိရင် Curriculum  ပါ ဒီမိုကရက်တစ် ကာချာ ဖြစ်ရမယ် ဒီမိုကရက်တစ်ကာချာဆိုတာ ကျောင်းသားတွေကို သင်တဲ့အချိန်မှာ ဆွေးနွေးပိုင်ခွင့်ပေးရမယ် ၊ နိုင်ငံရေးက ဆွေးနွေးပိုင်ခွင့်မပေးဘဲနဲ့ ရိုက်သွင်းလို့မရဘူး။ ဒီဟာကတော့ ကျွန်တော်ထင်တယ် တော်တော်လေး အလေ့အကျင့် လုပ်ယူရတယ်။ အခုဟာက သင်လိုက်တဲ့ ဆရာတွေက မေးခွန်းမထုတ်နဲ့ Challenge မလုပ်နဲ့ ပြဿနာဖြစ်သွားမယ်။ ဒါမျိုးနဲ့ လုပ်တာ ၊ အမှန်က ကျောင်းသားနဲ့ ဆရာနဲ့ inter active learning ခေတ်လည်း ရောက်သွားပြီ။ အဲဒီတော့ ဒီဟာတွေကို ကျောင်းသားတွေက Challenge လုပ်တယ်ဆိုတာ ကျွန်တော်ထင်တယ် ဆရာတွေကိုယ်တိုင်လည်း စာပေများများဖတ်ထားမယ် ဝမ်းစာပြည့်အောင် လုပ်ပြီးလို့ရှိရင်  ဒီ Challenge ကို လက်သင့်ခံပြီး ဆွေးနွေးရမှာ၊ ဒါမှ inter active learning ဖြစ်မှာ။ အဲဒီတော့ ဒီဇီးပင်ကြီးမှာ စိုးသူဟဇော် အပြစ်သာပြောလိုက်လို့ရှိရင် စစ်တမ်း ၁၊၂၊၃၊ ပေါ့နော် အဲ့ဒါလည်း ကျွန်တော် ဖတ်ပြီးသွားပြီ။ အဲဒီတော့ ဒီမိုကရက်တစ်ကာချာ နဲ့ ဖြစ်ကိုဖြစ်ရမယ်ဗျ၊ ဒါ ဝန်ထမ်းကောင်းတစ်ယောက် မွေးထုတ်ပေးဖို့ ကျွန်တော် အဲ့ဒါလက်သင့်ခံတယ်၊ ဝန်ထမ်းတွေကောင်းမှ တိုင်းပြည်ကောင်းမှာလေဗျ။ ဝန်ထမ်းကောင်းကို ကောင်းရမယ်၊ ဝန်ထမ်းတွေက ဘာမှ အတွေ့အကြုံမရှိသေးဘူး အသစ်ဝင်လာလိုက်တဲ့ ဝန်ထမ်းလေးတွေကို ဆိုလိုချင်တာက တိုင်းချစ် ပြည်ချစ်စိတ်ရှိရမယ်၊ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ကောင်းကောင်းသိအောင် လုပ်ပေးရမယ်။ ကျောင်းသားဘဝမှာ နိုင်ငံရေးလေ့လာခဲ့တဲ့လူရှားချင် ရှားမယ်။ တော်တော်ရှားပါတယ် ဆရာ၊ ပွင့်ပွင့်လင်းလင်းပြောရင် အခုခေတ်ကြီးမှာ ဘာလို့လဲဆိုတော့ ဒါ တစ်ခြား စွဲဆောင်မှုတွေက အများကြီးလေ။ အဲဒီတော့ အစိုးရဝန်ထမ်းဖြစ်လာတာကို ကြိုဆိုရမယ်။ ဒီမိုကရေစီခေတ်မှာ အစိုးရဝန်ထမ်း သိပ်မလုပ်ချင်ကြဘူး exclamation  ကပြောင်းလာတယ်။ နောက်ပြီးကျတော့ အခွင့်အရေးတွေက ပြောရလို့ရှိရင် ဘေးအောက်ဆိုက် တွေက သိပ်မရနိုင်တော့ဘူး၊ ဆိုတော့ ဝင်လာတဲ့သူတွေကို ကြိုဆိုရမယ်၊ ဒါပေမယ့် ဝင်လာတဲ့ သူတွေက ဘယ်လိုလူစားလဲ ဆိုတာတော့ သိရမယ်။ ဆရာ တင်မောင်သန်း ရေးလိုက်တာလေး ဖတ်မိမှာပါပဲ ။ တပ်မတော်ရဲ့ training တွေဟာ opration ကိုရှေ့ရှုတယ်၊ ဒီပြည်သူ့ဝန်ထမ်း ဆရာဝန်တို့လိုဆိုတာက problem solving ၊  ဆရာဝန်ဆိုတာက လူနာကို ကြည့်လိုက်မယ်၊ ဘာရောဂါဖြစ်မလဲ ပြီးရင် ဘာဆေးပေးရင်ကောင်းမလဲ ဆိုတာတွေ မျိုးစုံစဉ်းစားပြီးတော့ပေါ့၊ အကယ်၍ အက်ဒမင် သွားမယ့်လူကလည်း အက်ဒမင်ပိုင်းလေး သိပြီးလို့ရှိရင် အုပ်ချုပ်မှုဆိုတာ ပြည်သူတွေကို အုပ်ချုပ်ရ၊ ဒီဝန်ထမ်းတွေပဲ အုပ်ချုပ်ရတာမဟုတ်ဘူး။ ဒီ လူနာတွေကိုလည်း အုပ်ချုပ်ရမယ်ဆိုတော့၊ အဲ့ဒါမျိုးလေးတွေပါမယ်။ နိုင်ငံရေးဆိုတာတော့ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ပေးလို့ရပါတယ်။ geopolitics ပြောလို့ရပါတယ်။ ဒါပေမယ့် ကနေ့ခေတ်ကြီးမှာ ခုနပြောလိုက်တဲ့ ပဋိပက္ခအမုန်းတရားတွေ hate speech ကျွန်တော်တို့ ကန့်သတ်သလို အစွန်းရောက်သွားတဲ့ ဒဿနမျိုးကို သစ်လွင်တဲ့ လူငယ်လေးတွေရဲ့ ဝန်ထမ်းလေးတွေ ခေါင်းနဲ့ ရိုက်မသွင်းနိုင်ဖို့ပေါ့နော်။ အဲဒီတော့ နောက်ဆုံးကျွန်တော် အဖြေကတော့ ဒီကိစ္စမှာ ဒီဟာက အကယ့်ကို issue ဖြစ်သွားမယ်၊ ပြဿနာမပြီးဘူးဗျ။ ဘာလို့ဆိုတော့ ဒီကလေးရဲ့ နောက်မှာ ကျန်းမာရေးလောကလူတွေက အများကြီးပဲ ပါလာတယ်။ အဲဒီတော့ ဒီကလေးက ကျွန်တော့်ကို လာတွေ့သွားတယ်ဆိုတာက အခြေအနေလေး လာပြောတာပါ တွေ့ချင်တယ် ကျွန်တော်ဟာ ကျွန်တော့်ကို တွေ့ချင်တယ် ဆိုတဲ့လူတွေမှာ အစိမ်းအကျက်မရွေးဘူး problem ရှိတဲ့လူရော problem မရှိတဲ့လူရော များသောအားဖြင့်တော့ လာပြီဆိုရင် ပြဿနာရှိတဲ့လူကပဲ ဝန်ကြီးချုပ်နဲ့ တွေ့ချင်တာပေါ့ဗျာ။ ပြဿနာလည်း ဘာမှမရှိဘူးဆို မတွေ့ဘူး။ အဲဒီတော့ ဒီကလေးလာ တယ် ကျွန်တော်နားလိုက်တယ် ဟုတ်ပြီ ကျွန်တော့်ဘက်က ကျွန်တော်ဆုံးမနိုင်တဲ့ဟာကိုလည်း ကျွန်တော်ဆုံးမလိုက်တယ် အဲဒီတော့ ဒီကလေးက ခင်ဗျားတို့ သိပြီးသွားပြီ ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင်က အေးအေးဆေးဆေးနေပါ ဘာပြဿနာမှ မရှိပါဘူး၊ အဲ့ဒီပြဿနာကို စလိုက်ပြီ ဆိုလိုက်တဲ့အတွက် ကျွန်တော်ထင်တယ် ဒီပြဿနာက ကျွန်တော်တို့ အေးအေးဆေးဆေး ဖြေရှင်းရမယ့်ဟာပါ၊ ဒါပေမယ့် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေရဲ့ Curriculum ကတော့ ပြန်ပြီးတော့ ကျွန်တော်ထင်တယ် Review လုပ်သင့်ပါတယ်။ အဖွဲ့ဖွဲ့ပြီးတော့ကို ဘာတွေသင်သလဲ သင်တန်းတက်ခဲ့တဲ့သူတွေ မေးပါပေါ့။ သင်တန်းတစ်ခု ဆိုတာတော့ သင်တန်းကတော့ သင်တန်းနဲ့ တူအောင်လို့တော့ နေရထိုင်ရတာတွေရှိတာပေါ့၊ ဒါတော့ ကျွန်တော်တော့ မပြောလိုဘူး။ ကျွန်တော်တို့ တုန်းကလည်း ကစ်တွေပုံရတာပဲ၊ ဒါပေမယ့် သင်ကြားရေးပိုင်းကတော့ တက်လာတဲ့ ခုနပြောလိုက်တဲ့ သင်တန်းသူ သင်တန်းသားရဲ့ ဘယ် Professional  က လာတာတဲ့အပေါ် မူတည်ပြီးရင်တော့ ကွဲပြားသွားမယ်။ အရေးကြီးတာက ဝန်ထမ်းကောင်းတွေဖြစ်အောင် ကျွန်တော်တို့ မွေးထုတ်ပေးမယ်။ စွမ်းဆောင်ရည်မြှင့်တဲ့ဟာတွေ၊ စွမ်းဆောင်ရည်မြှင့်ဖို့ဆိုတာလည်း နိုင်ငံရေး အသိလေးလည်း ရှိရမယ်၊ အုပ်ချုပ်ရေးတွေသိရမယ်။ ပြောပြောနေတာပေါ့ဗျာ၊ ဘာခေါ်လဲ ကျွန်တော်တို့ သုံးသုံးနေတာဘာတုန်း အရည်အသွေးတွေမှာ စီးပွားရေးအမြင်ရှိရမယ်၊ နိုင်ငံရေးအမြင်ရှိရမယ်၊ လူမှုရေးအမြင်ရှိရမယ် ဆို ဒီအမြင်တွေနဲ့ပေ့ါ။ ဒီအမြင်တွေပြောအောင် သင်ပေးတာတော့ ကျွန်တော်ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် Review တော့ ကျွန်တော်တို့ လုပ်သင့်တယ် ထင်တယ်ဗျာ။ ဒီ သင်ရိုးညွန်းတမ်းကတော့ ။   ။

Mizzima Weekly