ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်ပြီး မြေပြိုမှုတွေ ဖြစ်ခဲ့ပြီးနောက် သေဆုံးသူဦးရေ ၁၂၆ ဦးထိ ရှိလာ

ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်ပြီး မြေပြိုမှုတွေ ဖြစ်ခဲ့ပြီးနောက် သေဆုံးသူဦးရေ ၁၂၆ ဦးထိ ရှိလာ

ဇန်နဝါရီ ၆ ။           ။ ဖိလစ်ပိုင်မှာ ခရစ္စမတ်နောက်ပိုင်း မုန်တိုင်းတစ်ခု ဝင်တိုက်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေဟာ ယခုအခါ ၁၂၆ ဦးထိ မြင့်တက်ခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။

မုန်တိုင်း တိုက်ပြီး မိုးသည်းထန်စွာ ရွာခြင်းကြောင့် ဖြစ်ခဲ့ရတဲ့ မြေပြိုမှုတွေက သေဆုံးမှုတွေဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့လည်း ပြောပါတယ်။

ယင်းနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က မုန်တိုင်းဝင်ခဲ့တာဖြစ်ပြီး ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ရပါတယ်။

မနီလာမြို့ အရှေ့တောင်ပိုင်းက Bicol တောင်ကုန်းဒေသမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

Bicol ဒေသကတော့ မကြာခဏဆိုသလို ဆိုးရွားတဲ့ တိုင်ဖွန်း  မုန်တိုင်းတွေ ဝင်ရောက်လေ့ရှိတယ်ဆိုပေမယ့် ယခုတစ်ကြိမ်မှာတော့ မုန်တိုင်းကို လျှော့တွက်ပြီး ပြည်သူအများစုက လိုအပ်တဲ့ ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေ မလုပ်နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required