မိန်းကလေးတွေရဲ့ အသည်းစွဲ အရုပ်လေး Barbie နှစ်သက်တမ်း ၆၀ ပြည့်ပြီ

မိန်းကလေးတွေရဲ့ အသည်းစွဲ အရုပ်လေး Barbie နှစ်သက်တမ်း ၆၀ ပြည့်ပြီ

ဇန်နဝါရီ ၆ ။             ။ Barbie ဆိုတာကတော့ တစ်ကမ္ဘာလုံးက မိန်းကလေးတွေ အသည်းစွဲနှစ်ခြိုက်ကြတဲ့ အရုပ် ဖြစ်ပါတယ်။

အမေရိကန် အရုပ်ကုမ္ပဏီ Mattel, Inc ထုတ်လုပ်ပြီး လွန်ခဲ့တဲ့ ၁၉၅၉ မတ်လတုန်းက စတင်ထုတ်ဖော်ခဲ့တဲ့ ဖက်ရှင် အရုပ် ဖြစ်ပါတယ်။

၂၀၁၉ မတ်လကျရင်တော့ ယင်း အရုပ်လေးဟာ နှစ်သက်တမ်း ၆၀ ပြည့်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လူတွေလိုမျိုး အသက် ၆၀ ပြည့်ချိန်မှာ မြင်လာရတတ်တဲ့ ပါးရေနားရေ တွန့်လိပ်တာမျိုး ယင်းအရုပ်လေးမှာ မြင်ရမှာတော့ မဟုတ်ပါဘူး။

အဖြူ၊၊ အနက်၊ အရောင်နုနု၊ ကျစ်လျစ် သွယ်လျတဲဲ့ ကိုယ်ခန္ဓာအချိုးအစား ပုံစံ၊ မင်းသမီး ဒါမှမဟုတ် အခြား ပုံစံ တစ်ခုခု နဲ့ တွေ့ရလေ့ ရှိတဲ့ Barbie ရုပ် ဆိုတာကတော့ ငယ်ရွယ်တဲ့ မိန်းကလေးတွေရဲ့ နှစ်ခြိုက်တတ်ကြတဲ့ အရုပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ယင်းအရုပ်က အငြင်းပွားစရာတွေ ဖြစ်စေခဲ့တာတောင်မှ ယင်းအပေါ် လူကြိုက်များမှုက လျော့ကျမသွားခဲ့ပါဘူး။

အရုပ် ထုတ်လုပ်ရောင်းချမှု လုပ်ငန်းထဲမှာ နောက်ပိုင်းနှစ်တွေအတွင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့လို့ ၂၀၁၈ မှာတော့ ယင်းအရုပ်ရောင်းအား ၁၈ ရာခိုင်နှုန်း ကျဆင်းထားခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်စဉ်နှစ်တိုင်း နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ယင်း Barbies ရုပ်ပေါင်း ၅၈ သန်းခန့်မျှကို ရောင်းချနေရလျက် ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၁၉၅၉ မတ်လ ၉ ရက်တုန်းက အမေရိကန် အရုပ်ပြပွဲတစ်ခုမှာ ယင်းကို ပထမဆုံံး ထုတ်ဖော်ပြီးနောက်ပိုင်း ယင်း Barbie အရုပ်ပေါင်း တစ် ဘီလီယံ ကျော်အထိ ရောင်းချထားခဲ့ရပြီး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required