ရဲကင်းစခန်း ၄ခုအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွက် AA အဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့် အမှုဖွင့်

ရဲကင်းစခန်း ၄ခုအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွက် AA အဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့် အမှုဖွင့်
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဇန်နဝါရီ ၅ ။              ။ ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သော AA အဖွဲ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ နယ်မြေ(၁၀)၊ အမှတ်(၃) နယ်ခြား စောင့် ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား AAသောင်းကျန်းသူ ခေါင်းဆောင်စိစစ်ဆဲ ပါအင်အား (၁၀၀)ဦးခန့်မှလည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား AA သောင်းကျန်းသူ ခေါင်းဆောင် စိစစ်ဆဲပါအင်အား(၁၀၀)ဦးခန့်မှ လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအားAAသောင်းကျန်းသူ ခေါင်းဆောင် စိစစ် ဆဲပါအင်အား(၅၀)ဦးခန့်မှလည်းကောင်း၊ ခထီးလှရဲကင်းစခန်းအား AA သောင်းကျန်းသူ ခေါင်းဆောင် စိစစ် ဆဲပါအင်အား(၁၀၀)ဦး ခန့်မှ လည်းကောင်း အသီးသီးဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော် ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၉)ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် (၂)ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကျောင်းတောင်ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးကာ ရဲတပ်ဖွဲ့ဝင် ၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ဂုပ္ပိရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်(၃)ဦး ဒဏ်ရာရရှိခဲ့ကာ ခထီးလှရဲကင်းစခန်းတွင် ရဲတပ် ဖွဲ့ဝင် (၂)ဦးကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၃)ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဖွဲ့ပိုင်လက်နက်ခဲယမ်းများ ယူဆောင်ခံရပြီး ရဲတပ်ဖွဲ့ပိုင် ရဲကင်းစခန်း အဆောက်အဦနှင့် အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

 AAသောင်းကျန်းသူအဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီးငမြင်းဘော်ရဲကင်း စခန်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အတွက် ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေ ရဲစခန်းတွင် (ပ)၂/၂၀၁၉၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(က)/၅၄၊ (ပ)၃/၂၀၁၉၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က) အရလည်းကောင်း၊ ကျောင်းတောင် ရဲကင်း စခန်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အတွက်  ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေရဲစခန်းတွင် (ပ) ၄/၂၀၁၉၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄၊ (ပ)၅/၂၀၁၉၊ ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက် ဥပဒေပုဒ်မ ၂(၁)(က)အရလည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အတွက် ဘူးသီးတောင် မြို့နယ်၊ တောင်ပဇာ နယ်မြေရဲစခန်းတွင် (ပ)၆/၂၀၁၉၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ အရလည်းကောင်း၊ ခထီးလှရဲကင်း စခန်းအား ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်အတွက် ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေရဲစခန်း၌ (ပ)၇/၂၀၁၉၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ အရလည်းကောင်း၊ အသီးသီးအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly