IBEC ဆရာတော်အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ နိုင်ငံတကာ ဂုဏ်ထူး ဆောင် ရွှေတံဆိပ်ဆပ်ကပ်

IBEC ဆရာတော်အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ နိုင်ငံတကာ ဂုဏ်ထူး ဆောင် ရွှေတံဆိပ်ဆပ်ကပ်

မုံရွာ၊ ဇန်နဝါရီ ၅ ။              ။  IBEC ဆရာတော်အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ပြည်တွင်း၊ ပြည်ပ ငြိမ်းချမ်းရေး၊ ပညာရေး၊ လူမှုရေးနှင့် ဘာသာရေး ဆောင်ရွက်ချက်များကို ဂုဏ်ပြုသော အားဖြင့် ဂုဏ်ဝိသိဋ္ဌပူဇာ ကျင်းပကာ နိုင်ငံတကာ ဂုဏ်ထူး ဆောင် ရွှေတံဆိပ်ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

နိုင်ငံတကာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့တွင် IBEC အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ၊International Buddhist Education Center စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးတွင် ကျင်းပပြု လုပ်ခဲ့သည်။

 အဆိုပါ ပူဇော်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်၍ ဂုဏ်ပြု ဆုတံဆိပ်အား ဆက်ကပ်လှူဒါန်းခြင်း၊သာသနာရေးဆိုင်ရာများအား လျှောက်ထား၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။

 IBEC ဆရာတော်သည် ၂ဝ၁၈ခုနှစ် ဇွန်လ၌ စတော့ဟုမ်းငြိမ်းချမ်းရေးဆု ကိုလည်းကောင်း၊ စက်တင်ဘာ လ တွင် ဒေါက်တာအမ်ဘေဒကာအင်တာနေရှင်နယ် ဆုကိုလည်းကောင်း ရရှိပြီး၊ ဒီဇင်ဘာ ၁ ရက်နေ့ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ကျင်းပသည့် Asia-Pacific Summit 2018 အစည်းအဝေးတွင် နီပေါနိုင်ငံအစိုးရ၏ အထူး ဧည့်သည်တော်အဖြစ်တက်ရောက်ပြီး ဒီဇင်ဘာ ၈ရက်နေ့၌ ထိုင်းနိုင်ငံ International Naga Award 2018 ဆုကိုလဲ ရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly