အယ်ဒါဝီရယ်လ်ရဲ့ စာချုပ်ကို ၂၀၂၀ အထိ စပါးအသင်း သက်တမ်းတိုး

အယ်ဒါဝီရယ်လ်ရဲ့ စာချုပ်ကို ၂၀၂၀ အထိ စပါးအသင်း သက်တမ်းတိုး
Photo: Spurs

စပါးအသင်းဟာ ဘယ်လ်ဂျီယံနောက်ခံလူ တိုဘီ အယ်ဒါဝီရယ်လ်ရဲ့ စာချုပ်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လအထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိ အယ်ဒါဝီရယ်လ်ဟာ ၂၀၁၅ ခုနှစ်က အက်သလက်တီကိုအသင်းမှ ပရီးမီးယားလိဂ်ကလပ်သို့ ပြောင်းရွှေ့ခဲ့ပြီး အာဂျင်တီးလူမျိုးနည်းပြ ပိုချက်တီနိုလက်အောက်မှာတော့ စပါးနောက်တန်းမှာ အဓိကဗဟိုခံစစ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။

“ကျနော်တို့ဟာ အယ်ဒါဝီရယ်လ်ရဲ့ စာချုပ်ကို ၂၀၂၀ အထိ သက်တမ်းတိုးနိုင်ခဲ့ပြီလို့ ကလပ်အသင်းက အတည်ပြုပါတယ်”လို့ စပါးအသင်းက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်။

အယ်ဒါဝီရယ်လ်ဟာ အေဂျက်အသင်းမှာ ပရိုကစားသမားဘဝ ပထမဆုံးပွဲထွက်ခွင့်ကို ၂၀၀၈ ခုနှစ်မှာ ရရှိခဲ့ပြီး သူဟာ အသင်းနဲ့အတူ ဒတ်ချ်အမှတ်ပေးချန်ပီယံဖလားကို ၂၀၁၁-၂၀၁၃ ခုနှစ်အကြား ၃ ကြိမ်ဆက် ဆွတ်ခူးခဲ့ပါတယ်။

ဒတ်ချ်ကလပ်မှာ ၅ နှစ်ကြာ ကစားခဲ့ပြီးနောက် အယ်ဒါဝီရယ်လ်ဟာ အက်သလက်တီကိုသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် စပိန်ကလပ်က သူ့ကို ဆောက်သမ်တန်အသင်းသို့ ၂၀၁၄-၁၅ ရာသီမှာ တစ်ရာသီအငှားနဲ့ စေလွှတ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံနောက်ခံလူဟာ စပါးအသင်းအတွက် ပွဲပေါင်း ၁၃၅ ကစားထားပြီး နိုင်ငံအသင်းအတွက် ၈၈ ပွဲ ကစားထားသူဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly