မန္တလေးမြို့တွင် အရက်အတုများ သိမ်းဆည်းရမိသဖြင့် အရေးယူထား

မန္တလေးမြို့တွင် အရက်အတုများ သိမ်းဆည်းရမိသဖြင့် အရေးယူထား
 ဓာတ်ပုံ-MOI

ဇန်နဝါရီ ၂ ။                ။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဇန်နဝါရီလ ၁ ရက်နေ့က နိုင်ငံခြားအရက်များအပါအဝင် အရက်တု ပုလင်း ၅၇၆ဝ လုံးအား ဖမ်းဆီးရမိကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် ရဲမှူး စိုးအောင်နှင့် ချမ်းအေးသာစံ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ အကွက်(၆၁၉)၊ မန်းမြို့တော်ပေါက်စီဆိုင် နောက်ကျောရှိ တိုက်ခန်း အမှတ်(၁) နေ ကိုတူး၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ယင်းသို့ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ကိုတူး(ခ) ထွန်းဦး(၅၀)နှစ်အား နေအိမ်တွင် တွေ့ရှိရပြီး နေအိမ်ပထမထပ် အခန်းအလယ်တွင် အရက်တု ပြုလုပ်ရာ၌ အသုံးပြုသော ပုလင်းအဖုံးခွံများ၊ ရေစစ်များ၊ ဘောသီးပါ ပလတ်စတစ် ဗူးဆို့များ၊ ဝါရှာ ပြားများ၊ Black Label ၊ Red Label ၊ Gold Label ၊ High Commissioner ၊ Dunfife ၊ Ballantines ၊ Glan Master စာတန်းတံဆိပ်ပါ စာရွက်များ၊ နိုင်ငံခြားထုတ် တံဆိပ်များပါ အရက်အတုဟု ယူဆရသော တံဆိပ်မျိုးစုံပါ အရက်ပုလင်း(၅၇၆ဝ)လုံးအား သိမ်းဆည်းရမိခဲ့သသည်။

လက်ရှိတွင် ကိုတူး(ခ)ထွန်းဦးအား ချမ်းအေးသာစံမြို့မရဲစခန်းမှ အရေးယူထားကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly