အင်းစိန်၊ စဉ့်ငူရပ်ကွက်တွင် နေအိမ် ၁၆ လုံးခန့် မီးလောင်မှု ဖြစ်ပွား

အင်းစိန်၊ စဉ့်ငူရပ်ကွက်တွင် နေအိမ် ၁၆ လုံးခန့် မီးလောင်မှု ဖြစ်ပွား
ဓာတ်ပုံ - Myanmar Fire Services Department 

ရန်ကုန်၊ ဇန်နဝါရီ ၁ ။         ။ (Update) - မီးလောင်ကျွမ်းမှုနှင့် စိတ်မကျန်းမာသူကလေးငယ်မှာ မသက်ဆိုင်ကြောင်း သိရပြီး လက်ရှိတွင် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်

ရန်ကုန်တိုင်ဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်း၊ စဉ့်ငူရပ်ကွက်တွင် ဇန်နဝါရီလ ၁ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်မှာ ဦးတင်ညွန်႔၊ ဒေါ်မအိတို့ နေအိမ်မှမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၆ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်ထံမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် တစ်နာရီနီးပါး ကြာမြင့်ခဲ့ကာ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ ၅ခန်းတွဲ ၅လမ်းတွင် မီးလောင်မှုဖြစ်ပွားသဖြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level 2 ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။

မီးလောင်ရသည့် အကြောင်းအရင်းကို  စုံစမ်းနေဆဲဖြစ်ပြီး မီး စတင်လောင်ကျွမ်းခဲ့သောနေအိမ်တွင် စိတ်မကျန်းမာသူတစ်ဦးရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိတွင် မီးလောင်ကျွမ်းခံရသော မိသားစုများအား အဆိုပါရပ်ကွက်ရှိ သာသနာ့ရက္ခိတဓမ္မာရုံတွင် ခေတ္တနေရာချထားပေးထားပြီး မီးဘေးသင့်ပြည်သူမိသားစုများအနေဖြင့် အရေးပေါ်အကူအညီများလိုအပ်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly