တရုတ်နှင့်အကြား ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အခြေအနေများစွာ ကောင်းနေဟု ဒေါ်နယ်ထရမ့် အမွှမ်းတင် ပြော

တရုတ်နှင့်အကြား ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အခြေအနေများစွာ ကောင်းနေဟု ဒေါ်နယ်ထရမ့် အမွှမ်းတင် ပြော

ဒီဇင်ဘာ ၃၀ ။         ။ နှစ်နိုင်ငံအကြားက ကုန်သွယ်ရေး ပဋိပက္ခကိစ္စရပ်တွေနဲ့ပတ်သက်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၉ ရက်မှာ တွစ်တာကနေတဆင့် ပြောကြားသွားပါတယ်။

တရုတ်သမ္မတနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် ယခုအခါမှာတော့ အမေရိကန်နဲ့ တရုတ်အကြား ဖြစ်နိုင်ဖွယ် ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုရဖို့ကတော့ အခြေအနေ တော်တော်လေးကို တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ထရမ့်က အမွှမ်းတင်သွားပါတယ်။

အမေရိကန်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဌာနတစ်ချို့ လည်ပတ်မှု ရပ်ဆိုင်းထားခဲ့ရတာ ယခုဆိုရင် ၈ ရက်မြောက်နေ့ကို လွန်လာခဲ့ပြီးနောက်မှာတော့ ရီပတ်ဘလစ်ကန် သမ္မတကတော့ လက်ရှိမှာ ၀ါရှင်တန်မှာပဲ ရှိနေပြီး တွစ်တာကနေတဆင့် ဒီမိုကရက်တစ်တွေကို တိုက်ခိုက်ပြောဆိုတာ၊ တရုတ်နဲ့အကြား ဆက်ဆံရေးတိုးတက်မှုအကြောင်းတို့ကို ထုတ်ဖော်ရေးသားတာကို လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကမ္ဘာ့ အင်အားကြီး စီးပွားရေး နိုင်ငံကြီး နှစ်ခုကတော့ ၂၀၁၈ ခုနှစ်ထဲမှာ ကုန်သွယ်ရေး ပဋိပက္ခစစ်ပွဲတစ်ခု ဖြစ်ပေါ်ထားခဲ့ပြီး ဒေါ်လာပေါင်းများစွာ တန်ဖိုးရှိတဲ့ နှစ်ဘက်ကုန်စည်တွေအပေါ် အခွန်တွေ ပြဌာန်းကောက်ခံရင်းနဲ့ ကမ္ဘာ့ဘဏ္ဍာရေး စျေးကွက်တွေကို လှုပ်ရမ်းစေခဲ့ပါတယ်။

လက်တလောမှာတော့ အဆိုပါ ကုန်သွယ်ရေး ပဋိပက္ခစစ်ကို ယာယီ စစ်ပြေငြိမ်းပြီး နှစ်ဘက်အကြား ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိနေကြတာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required