လူငယ်ဆန်ဆန် သီချင်းတွေနဲ့ အုပ်စိုးခန့်ရဲ့ The Number One တေးစီးရီး မိတ်ဆက်

လူငယ်ဆန်ဆန် သီချင်းတွေနဲ့ အုပ်စိုးခန့်ရဲ့ The Number One တေးစီးရီး မိတ်ဆက်

ရန်ကုန်၊ဒီဇင်ဘာ ၂၈ ။             ။ ဆယ်ကျော်သက် တေးသံရှင် တစ်ဦးဖြစ်တဲ့ အုပ်စိုးခန့်ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ဖြစ်တဲ့ The Number One လို့ အမည်ပေးထားတဲ့ တေးစီးရီးကို ၂၀၁၉ ဇန်နဝါရီလဆန်းထဲမှာ စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

ဒီအခွေမှာ လူငယ်ဆန်ဆန် သီချင်းတွေအပြင် တခြားလူလတ်ပိုင်းတွေ ကြိုက်မယ့် တေးသီချင်းအမျိုးအစားတွေ ပါဝင်မှာ ဖြစ်ပြီး  The Number One အမည်ပေးထားတဲ့ ဒီတေးစီးရီး မိတ်ဆက်ပွဲကို  ဒီဇင်ဘာ ၂၈ရက်နေ့မှာ Sukura Tower မှာ ပြုလုပ်ခဲ့ပါတယ်။

" ဒီအခွေလေးက  The Number One လို့ပေးဖြစ်တာက  ဒီလို နံပါတ်ဝမ်းလို့ နမိတ်လေးကောက်ပြီး ပေးဖြစ်တာပါ။ ပြီးတော့ ကျွန်တော် အသက် ဆယ့်ခြောက် ဆယ့်ခုနှစ်မှာ ပထမဆုံး ထွက်တဲ့ အခွေလေး မို့လို့လည်း The Number One လို့ ပေးဖြစ်တာပါ။" လို့ တေးသံရှင် အုပ်စိုးခန့် ကပြောပါတယ်။

ဒီအခွေမှာ သီချင်းစုစုပေါင်း ၁၄ ပုဒ်ပါဝင်မှာ ဖြစ်ပြီး တေးသံရှင် မိုးထက်၊ Yung Hugo တို့က ပါဝင်အားဖြည့် သီဆိုထားတာပါတယ်။

ဒီအခွေမှာ တေးသံရှင် အုပ်စိုးခန့် ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းတွေအပြင် တေးရေးတွေအနေနဲ့ ရေမွန်၊ကောင်းဇော် ၊ရှိုင်း၊ သော်မိုးစက်၊ မိုးထက်တို့က ပါဝင်ရေးစပ်ပေးထားတာဖြစ်ပြီးတော့ ၃ နှစ်ကျော် အချိန်ယူခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

" ဒီအခွေမှာ ပါတဲ့ သီချင်းတွေက ရသမျိုးစုံပါတယ်။ လူငယ်တွေကြိုက်မယ်နှစ်သက်မယ့် သီချင်းလေးတွေ လည်း ပါသလို  အသက် ၂၀၊၃၀ လူလတ်ပိုင်း မမကြီး၊ ကိုကိုကြီးတွေကြိုက်မယ့် သီချင်းတွေပါတယ်။ " လို့ တေးသံရှင် အုပ်စိုးခန့် ကပြောပါတယ်။

The Number One အခွေကို  ဇန်နဝါရီလ ၆ ရက်နေ့မှာ စတင်ပြီး The Sun Production ကနေ Juction Squre မှာ Promotion ပွဲပြုလုပ်ပြီး ဖြန့်ချိ သွားဖို့ ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required