အမျိုးသားတိုးတက်မြင့်မားရေး ပါတီ၏ မူဝါဒ သဘောထား

အမျိုးသားတိုးတက်မြင့်မားရေး ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၆ ။         ။ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်အောင်က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့်တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးအေးအတူ၊ ပူအမျှ၊ အတူတကွယှဉ်တွဲနေထိုင်လျက် ရှိကာ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သော နိုင်ငံတော်သစ်ကြီးတစ်ခုအဖြစ် ရပ်တည်လာနိုင်ရန် စိတ်အားထက်သန်လျက်ရှိကြပေသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီးဖြစ်ပေါ်လာရန် လက်တွဲကြိုပမ်းရာတွင် ပဓာနအကျဆုံးလိုအပ်ချက်ဖြစ်သည့် တာဝန်သိနိုင်ငံသားကောင်းများမွေးထုတ်ရန် ၊နိုင်ငံတော်နှင့် နိုင်ငံသားတို့ အပေါ်သစ္စာစောင့်သိလျက် တိုင်းပြည်ကောင်းကျိုးအတွက် အနစ်နာခံလုပ်ဆောင်ကြမည့် လူတန်းစားအလွှာမျိုးစုံပါဝင်သည့် အင်အားစုတစ်ရပ်အဖြစ် တစ်စည်းတစ်လုံးတည်းစုစည်းနိုင်ရန် အထူးလိုအပ်လှပေသည်။

၎င်းအချက်ကို အကြောင်းပြု၍ အမျိုးသားတိုးတက်မြင့်မားရေးပါတီ(NPP) ကိုဖွဲ့စည်းပုံအခြေခံနှင့်အညီ အလွှာပေါင်းစုံမှ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၄ ဦးဖြင့် ၂၀၁၃ ဧပြီလ ၃၀ ရက်နေ့ တွင် နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် ၂၀၁၃ ခုနှစ်၊ဒီဇင်ဘာလ ၄ ရက်နေ့တွက် ပါတီမှတ်ပုံတင်အမှတ်(၆၆)ဖြင့် တရားဝင်ရပ်တည်နိုင်ခဲ့ပါသည်။

ပါတီတံဆိပ်သည် အစိမ်းရောင်သပြေရွက်ရှစ်ရွက်ပါရှိသည်။ သပြေခက်တစ်ခက်၏ထိပ်တွင် ရွှေရောင်ကြယ်တစ်လုံးပါရှိပြီး အောက်ခြေတွင် အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဟုမြန်မာ ဘာသာဖြင့် ရေးထိုးထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်များဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးထားကာပြည်နယ်များတွင် မိမိတို့ပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပေ။

ရည်ရွယ်ချက်

နိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားအတွက်အစိုးရ၊ ပြည်သူနှင့်လက်တွဲပူးပေါင်း၍ လက်တွေ့ကျသည့်လုပ်ဆောင်မှုများ ဆောင်ရွက်သွားရန်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခြေခံ၍စက်မှုလက်မှု၊ ပညာရေး အစရှိသည့်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုအားဖြင့် ဒေသတွင်းနိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အဆင့်တူ အမြန်ဆုံးရင်ပေါင်တန်းနိုင်ရန်။

တိုင်းရင်းသားလူမျိုးအချင်းချင်းယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှုရှိလျက် ၎င်းတို့၏အနာဂတ်ဘ၀ လုံခြုံမှုကိုအာမခံချက်ပေးနိုင်မည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်နိုင်ရန်။

ပါတီမူဝါဒအချို့ကောက်နုတ်ချက်များ

ပြည်ထောင်စုတိုင်းရင်းသား (၁၃၅) မျိုးလုံး၏လုံခြုံရေးနှင့်အကျိုးစီးပွားအန္တရာယ်များကို အပြည့်အဝအကာအကွယ်ပေးနိုင်ရန်ဖြစ်သည်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့ကို ဖော်ဆောင်ရာတွင် အမိနိုင်ငံတော်၏ဓလေ့ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှုများနှင့် သဟဇာတဖြစ်ရေး၊ လိုက်လျောညီထွေဖြစ်စေရေးကို အရေးပေးလျက် ရေခံမြေခံဒီမိုကရေစီကိုဖော်ဆောင်သွားမည်ဖြစ်သည်။

ပြည်ပနိုင်ငံများ၏လူမျိုးရေး၊ စီးပွားရေးအမြတ်ထုတ်ဝါးမျိုးမှုများ ပေါ်ပေါက်လာပါက ထိုသို့ပေါ်ပေါက်လာသည့် ဒေသများ၏ နစ်နာဆုံးရှုံမှုများ အတွက် ယင်းဒေသခံတိုင်းရင်းသားများရှေ့ဘက်မှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်သည်။

အခြေခံပညာရေးစနစ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ကို ရင့်သန်ခိုင်မာစေမည့် သင်ကြားမှုနည်းစနစ်များ၊ သင်ရိုးညွှန်းတမ်းများထည့်သွင်းနိုင်ရေးကို အလေးထားဆောင်ရွက်သွားမည်။

ဖွံ့ဖြိုးမှုနောက်ကျသည့် ဒေသများ၊ ဝေးလံခေါင်းဖျားဒေသများတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဒေသနူတရ၊ ကျန်းမာရေးဌာနများ၊ ဆေးခန်း၊ ဆေးရုံများ လုံလောက်အောင်ထားရှိရေး ကြိုးပမ်းဆောင်ရွက် မည်။

ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတကာ အရည်အသွေးပြည့်မီသည့် ကုန်ထုတ်လုပ်ငန်းများကို တိုင်းရင်းသားလုပ်ငန်းရှင်များမှတည်ထောင်နိုင်ရန်လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက် သွားမည်။

တောင်သူလယ်သမား မိသားစုတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးအသိပညာဖွံ့ဖြိုးတိုးတက်ရေးအပြင် နိုင်ငံတကာအဆင့်မီ စိုက်ပျိုးရေးနည်းပညာစနစ်များရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်။

အလုပ်သမားများ၊ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များရရှိနိုင်ရေး လစာများ၊ ကျန်းမာရေးအာမခံချက်များ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်။

ကြိုတင်မျှော်လင့်ထားနိုင်ခြင်းမရှိသည့် သဘာဝအန္တရာယ်များကိုရင်ဆိုင်ရာတွင် အသိ၊ သတိနှင့်ယှဉ်၍်ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန်စနစ်ကျနသည့် လေ့ကျင့်မှုများ၊ ကြိုတင်ပြင်ဆင်မှုများနှင့် နိုင်ငံတကာအဆင့်မီနည်းပညာများ၊ အထောက်အကူပစ္စည်းများအသုံးပြုနိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်သွားမည်။

တိုင်းရင်းသား(၁၃၅)မျိုးလုံး၏ယဉ်ကျေးမှုစရိုက်လက္ခာများ၊ ဓလေ့စရိုက်များ မပျောက်ပျက်အောင်ထိန်းသိမ်းပြီး ကမူ္ဘာ့နိုင်ငံများမှ မိမိတို့ယဉ်ကျေးမှုကို သိရှိအောင်စီစဉ်ဆောင်ရွက်သွားမည်။

ကျွနု်ပ်တို့အမျိုးသားတိုးတက်မြင့်မားရေးပါတီ (NPP)ကိုဖွဲ့စည်းထားခြင်းသည် ကျွနု်ပ်တို့ကိုယ်ကျိုး/မိသားစုဆွေမျိုးအကျိုးအတွက်မဟုတ်ပေ။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင် လျက်ရှိကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားစစ်စစ်အားလုံးတို့၏ ကောင်းကျိုး အတွက်သာဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်ရှိသော တိုင်းရင်းသားစစ်စစ်အားလုံး၏ကောင်းကျိုးကိုလိုလားသော ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံးကို ကျွန်ုပ်တို့ပါတီမှ  အမြဲတံခါးဖွင့်ကြိုဆို လက်ကမ်းလျက် ရှိသည်။

နိဂုံးချုပ်အနေဖြင့် အမျိုးသားတိုးတက်မြင့်မားရေးပါတီသည် အမျိုးသားရေးဦးစားပေးမည့် အနာဂတ်ပါတီ(NPP)ဆိုသည့် ပါတီဆောင်ပုဒ်အတိုင်း တိုင်းရင်းသားစစ်စစ် အားလုံးတို့၏ကောင်းကျိုးကို ရှေးရှုကာ အနာဂတ်စီမံကိန်းများဖော်ဆောင် ကာကွယ်သွားမည်။ ဒီမိုကရေစီရေး လူ့အခွင့်အရေးများကို အမျိုးသားရေးရှုထောင့်မှ လုပ်ကိုင်ဖော်ဆောင်ပြီး မိမိတို့၏ အမျိုးဘာသာသာသနာတည်တံ့ခိုင်မြဲရေးအတွက် အသက်ထက်ဆုံးကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားမည်ဟု ကတိသစ္စာ ပြုရင်း  နိဂုံးချုပ် အဆုံးသတ်လိုက် ပါသည်။

ရဟန်းရှင်သူမိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား။

အမျိုးသားတိုးတက်မြင့်မားရေးပါတီ

 ၁။  ပါတီအမည်  -  အမျိုးသားတိုးတက်မြင့်မားရေးပါတီ
 ၂။  ပါတီအမည်(English)  -  National Prosperity Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၃၀.၄.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၉ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအောင်နိုင်ထွန်း ၊ ဦးဇေယျာဝင်းမြင့်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၇.၉.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၇.၁၀.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၄.၁၂.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၆)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၇)၊တတိယထပ်၊မလွှကုန်းလမ်း၊ ကျောက်မြောင်းရပ်ကွက်၊တာမွေမြို့နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၉၃၆၄၂၃၂ ၊ ၀၉-၄၂၈၀၃၄၃၆၃
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly