အသည်းကွဲရမှာကို ကြိုသိနေတဲ့ တေးသံရှင် နေသာရဲ့ ရှေ့ဖြစ် အမည်ရှိ တေးစီးရီး မိတ်ဆက်

အသည်းကွဲရမှာကို ကြိုသိနေတဲ့ တေးသံရှင် နေသာရဲ့ ရှေ့ဖြစ် အမည်ရှိ တေးစီးရီး မိတ်ဆက်

ရန်ကုန်၊ဒီဇင်ဘာ ၂၇ ။            ။ ချစ်သူနဲ့ ပတ်သက်ပြီး အသည်းကွဲရမှာ ကြိုသိနေတဲ့အဖြစ်ကို ဖွဲ့နွဲ့သီဆိုထားတဲ့ တေးသံရှင် နေသာရဲ့ ရှေ့ဖြစ် လို့ အမည်ရတဲ့ တေးစီရီး အသစ်မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပြည်သူရင်ပြင်ရှိ My Garden Restaurant မှာ ပြုလုပ်ခဲ့ပါတယ်။

" ဒီအခွေထဲမှာက ပါတဲ့ သီချင်းအမျိုးအစားက Pop သီချင်းတွေပါ။ စီးရီး Title ဖြစ်တဲ့ ရှေ့ဖြစ်ဆိုတဲ့ သီချင်းက တေးရေးဆရာ စောခူဆဲရေးပေးထားဖြစ်ပါတယ်။ ဒီသီချင်းပုံစံက ကိုယ် အသည်းကွဲမှာ လွမ်းရမှာကို ကြိုတင် သိနေတာပေါ့ အဲ့လို အဓိပ္ပာယ်ပါ။" တေးသံရှင် နေသာက ပြောပါတယ်။

ဒီအခွေမှာ သီချင်းစုစုပေါင်း ဆယ်ပုဒ်ပါဝင်မှာ ဖြစ်ပြီး အဆိုတော် အောင်ထက်၊ အိုင်ရင်းဇင်မာမြင့်၊ပိုင်မင်းဟိန်း၊ ရွှေရည်ဖြိုးမောင်တို့က ပါဝင်အားဖြည့် သီဆိုထားတာဖြစ်ပါတယ်။

 " ကျွန်တော်ရဲ့ ဒီအခွေလေးကို အားပေးကြမ်းဖို့ ကျွန်တော် မမျှော်လင့်ပါဘူး။ အောင်မြင်ဖို့ ကျော်ကြားဖို့လည်း မမျှော်လင့်ပါဘူး။ ဒါပေမယ့် ဒီအခွေလေးက သီချင်းလေးတွေကို တစ်ပုဒ်ပဲဖြစ်ဖြစ်၊ တစ်ပိုဒ်ပဲဖြစ်ဖြစ် ပရိသတ်တွေက နားထောင်တယ် ဆိုရင်ကျေနပ်ပါတယ်။" လို့ တေးသံရှင် နေသာက ပြောပါတယ်။

 ဒီတေးစီးရီးကိုတစ်နှစ်ကျော်အချိန်ယူခဲ့ရတာဖြစ်ပြီး တေးရေးဆရာတွေဖြစ်တဲ့ စောခူဆဲ၊မင်းချစ်သူ၊ ဆောင်းဦးလှိုင်၊ ဝေကြီး၊အောင်ဇော်၊နေငယ်၊ပိုင်မင်းဟိန်းတို့က ဒီအခွေထဲမှာပါဝင်တဲ့ တေးသီချင်းတွေကို ရေးစပ်ထားကြပါတယ်။

 အဆိုပါတေးစီးရီးမှာ Music Band တွေအနေနဲ့ Lucky Hand , Hi Bird Band တို့က တီးခတ်ပေးထားတာ ဖြစ်ပြီး ဇန်နဝါရီ ၃ရက်နေ့မှာ M united  Entertainment  ကနေ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required