နှစ်ဆတိုး ချစ်ပါ ဆိုတဲ့ . . အဆိုတော် ဂျူဝဲလ် နှင့် တွေ့ဆုံခြင်း - အပိုင်း ( ၂ )

နှစ်ဆတိုး ချစ်ပါ ဆိုတဲ့ . . အဆိုတော် ဂျူဝဲလ် နှင့် တွေ့ဆုံခြင်း - အပိုင်း ( ၂ )

မေး။ ။ ရန်ကုန်စရောက်လာပြီးတော့ ပြိုင်ပွဲတွေပြိုင်တယ်၊ ခုနပြောတဲ့ Melody world  မှာလည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတယ်။ ပြီးလို့ရှိရင် တစ်ဖြေးဖြေးနဲ့ ပရိသတ်တွေနဲ့ စပြီးတော့ ကိုယ့်ကို အသိအမှတ်ပြုတဲ့အရာလေးတွေဆိုရင်ရော ဘယ်သီချင်းလေးတွေ ဖြစ်မလဲ။

ဖြေ။ ။ ကျွန်တော်ထင်တယ်၊ ကျွန်တော်က Music လုပ်တာ ကိုယ်တတ်နိုင်တဲ့ နယ်ပယ်ဖက်လေးကနေလုပ်နေတာ ဆိုတော့  အဲဒီမှာလည်း တစ်ချို့သိတဲ့သူလည်းသိ မသိသူလည်းမသိဘူးပေါ့နော်။ အဲဒီကနေပြီးတော့ တစ်ဆင့် The Four နဲ့သီချင်းဆိုတယ်၊ ပြီးတော့ ဒီကြားထဲမှာတော့ Melody World ကတော့ ပြိုင်တယ်ပေါနော်။ တစ်ချို့ဆိုလည်း Melody World ကနေ သိတာ၊ ဆိုတော့ အသိမိတ်ဆွေ ဖြစ်တာပေါ့နော်။ ဆိုတော့ အဲဒီကနေလည်းသိပုံရတယ်။ ပြီးတော့ The Four က ငါ့ရဲ့လမင်းမှာလည်း တစ်ချို့သတိထားမိတယ်။ နောက်ထပ် မိုးလေးဖွဲတုန်း ပေါ့။  မိုးလေးဖွဲ မတိုင်ခင်မှာတော့ Message ပေါ့နော်။ Message ကလည်း တစ်ဖြေးဖြေးလေးနဲ့ သိနေတဲ့အချိန်လို့ ကျွန်တော်ထင်တယ်။ ဆိုတော့ ကျွန်တော့်ကို တွေ့မြင်တဲ့အထဲမှာ ပြောကြတာ များတာကတော့ မိုးလေးဖွဲ နဲ့ Message နဲ့လို့ ထင်ပါတယ်။

မေး။ ။ ဂီတလောကထဲမှာ ဆိုရင်လည်း ကိုယ့်အနေနဲ့ ပြိုင်ပွဲဝင်ခါစကနေပြီးတော့ အခုထိလျှောက်လှမ်းလာတာ နှစ်တော်တော်များများ လျှောက်လှမ်းခဲ့ရတယ်ပေါ့နော်။ ဒီပထမဆုံးအခွေလေး ထွက်နိုင်ဖို့ကို၊  ကြားထဲမှာ ကိုယ်တော်တော်လေး ကြိုးကြိုးစားစား၊ ကြိုးစားလိုက်ရတယ်ဆိုတဲ့အရာတွေကရော ဘာတွေဖြစ်မလဲ။

ဖြေ။ ။ အရမ်းကြီးတော့ မဟုတ်ဘူး။ ကျွန်တော်ကလေ ဥပမာ ကြိုးကြိုးစားစားလုပ်ရတယ်ဆိုတာ တစ်ခြားအလုပ်ကို ပြောင်းလုပ်ရင်တော့ ပုံမှန်ပေါ့။ ဂီတကျတော့ ကျွန်တော်နဲ့လည်း ရင်းနှီးပြီးသား ဖြစ်နေတယ်၊ ပြီးတော့ ငယ်ငယ်လေးကတည်းက ကျွန်တော် ဒီအလုပ်ကိုပဲ လုပ်တတ်တော့ ဒီအလုပ်ပဲ လုပ်ခဲ့တယ်ဆိုတော့ ဒီအလုပ်ပေါ်မှာ ကိုယ်တတ်နိုင်တဲ့ အားလေးနဲ့ တကယ်တမ်းကြိုးကြိုးစားစား လုပ်ခဲ့ရတာလည်း ရှိချင်တော့လည်း ရှိခဲ့တာပေါ့နော်၊ ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ ဒါလုပ်သင့် တယ်လို့ ထင်တဲ့ဟာမျိုးလောက်ပဲ တွေ့ခဲ့တာပေါ့။ ဆိုတော့ အဲဒီလို မှတ်မှတ်ရရရယ်လို့တော့ မရှိဘူး။ ဒါပေမယ့် ကျွန်တော့ ကံကတော့ တစ်ခုရှိတယ်ပေါ့နော်၊ အမြဲတမ်း ကိုယ်ဖြစ်ချင်တဲ့ဟာ ယူမယ် ဆိုလို့ရှိရင်တော့ အမြဲတမ်း အတိုက်အခိုက်ကတော့ အမြဲတမ်းခံခဲ့ရတဲ့ အမှတ်တရတွေတော့ အများကြီးပေါ့။ အဲဒီလိုမျိုးတွေတော့ရှိတယ်။ လွယ်လွယ်ကူကူနဲ့ မရဘူးပေါ့နော်။ အခက်အခဲတစ်ခုက အမြဲတမ်းရှိနေဆဲပဲ၊ ဆိုတဲ့ဟာက အခုထက်ထိ ဒွန်တွဲနေတာ။

မေး။ ။ တစ်ခါတစ်လေကျတော့လည်း ခုနပြောတဲ့ အတိုက်အခိုက်လေးတွေရှိခဲ့တယ်၊ အဖျက်အစီး လေးတွေရှိတယ်၊ အနှောင့်ယှက်လေးတွေရှိတယ်ပေါ့နော်။ အဲဒီတော့ ကိုယ့်ကို ဂီတလောကထဲက နေပြီးတော့ စိတ်ပျက်စေလောက်တဲ့အရာတွေဆိုရင်ရော ဘာတွေဖြစ်မလဲ။

ဖြေ။ ။ စိတ်ပျက်စေတဲ့ အရာရယ်လို့တော့မရှိဘူး၊ ဒါပေမယ့် ကျွန်တော်ကျတော့ ဒီအလုပ်ကို ကိုယ် တတ်စွမ်းနိုင်သလောက် လုပ်သွားမယ်ဆိုတဲ့ ခံယူထားတဲ့အတွက်ပေါ့နော်။ စိတ်ပျက်စေတဲ့အရာတွေ ရှိလာလို့ရှိရင်တောင်မှ၊ ဘာမှမဖြစ်တော့ဘူး။ အဲဒီလိုမျိုးသဘောထားတယ်ပေါ့။

မေး။ ။ ဒီဂီတကို ကိုယ်အရမ်းချစ်ပေမယ့် တစ်ခါလေတစ်လေ လက်လျှော့လိုက်ချင်တဲ့စိတ်မျိုးရော ဖြစ်မိလား။

ဖြေ။ ။ ဖြစ်မိတယ်၊ ဒါပေမယ့် ဘယ်အကြောင်းအရာကြောင့်ရယ် ဆိုတာမျိုးတော့ တစ်ခါတစ်လေ ရှာဖွေလို့တောင် မရဘူးပေါ့နော်။ ဖြစ်တော့ ဖြစ်ဖူးပါတယ်။

မေး။ ။ အဲဒီလိုစိတ်ဓာတ်ကျနေရင်ရော ကိုယ်က တစ်ဦးတည်းသော သားသမီးဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ မြင့်မားလာအောင် ဘာတွေလုပ်လဲ။

ဖြေ။ ။ အရင်နဲ့ခုအချိန်ပေါ့နော်   အရင်ကတော့ ကိုယ့်ကိုယ်ကို စကားတွေပြန်ပြောရတဲ့ အခါမျိုးတွေရှိတယ်၊ ပြီးတော့ သူငယ်ချင်းတွေကို ရင်ဖွင့်ရင်လည်း သူတို့ အကြံပေးတာမျိုး ရှိတယ် ပေါ့နော်။ အခုလတ်တလော နောက်ပိုင်းမှာတော့ ကျွန်တော့်ကို အကြံပေးတဲ့လူရှိတယ်ပေါ့နော်၊ သူကလည်း အများကြီး စိတ်ပိုင်းဆိုင်ရာရော အကုန်လုံးပေါ့နော်။ တစ်ခါတစ်လေ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် သူငယ်ချင်းလည်း ဖြစ်တယ်၊ ကိုယ့်ရဲ့ချစ်သူလည်းဖြစ်တယ်ပေါ့။ သူကလည်း အများကြီး အကြံပေးပါတယ်၊ ပြီးတော့ မိဘတွေ ကျွန်တော့်ကို ချစ်တဲ့သူတွေ အကုန်လုံးကလည်း အကြံပေး တော့၊ အရင်ကတော့ ကျွန်တော့ဟာကျွန်တော် ဆုံးဖြတ်တာများတယ်၊ ဒါပေမယ့် နောက်ပိုင်းတော့ အားလုံးရဲ့ အကြံဉာဏ်လေးကို ယူပြီးတော့မှ ဆုံးဖြတ်သင့်တဲ့ဟာကို ဆုံးဖြတ်ခဲ့တယ်၊ အဲဒီလိုမျိုးလေးတွေ။

မေး။ ။ ဂျူဝဲလ်ဆိုတာက တစ်ဖြေးဖြေးနဲ့ သူ့နာမည်လေးနဲ့ သူ့အရှိန်လေးနဲ့ သူ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကြားထဲမှာ ထိုးဖောက်နေတဲ့ အနုပညာရှင်တစ်ယောက်ပေါ့နော်၊ အဲ့ဒီတော့ ပထမဦးဆုံး အလ်ဘမ်လေးအတွက်ရော ဘယ်အချိန်လောက်ထဲက စပြီးတော့ ကြိုးပမ်းခဲ့ရလဲ။

ဖြေ။ ။ ဒီအခွေလေး လုပ်ဖြစ်တာကတော့ တစ်နှစ်ကျော်လောက်တော့ ကြာတယ်၊ ဒါပေမယ့် စပြီးတော့ တည်ဖြစ်ပြီး ကမ်းလှမ်းဖြစ်တာကတော့   လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကပေါ့နော်၊ အဲဒီတုန်းကတော့ ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကို အလ်ဘမ်လုပ်ဖို့ အစီအစဉ်မရှိသေးတာ ပေါ့နော်။ ခံယူချက်လည်း သိပ်မရှိသေးဘူးဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်နေရတဲ့ အပိုင်းလေးတွေလည်း ရှိနေတော့ မလုပ်ဖြစ်သေးဘူးပေါ့။ နောက် ဖြေးဖြေးချင်းနဲ့မှ ဖြစ်သွားတာ။ အားလုံးတည်ဖြစ်တာက တစ်နှစ်ကျော်လောက်တော့ ကြာမယ်ဗျ။

မေး။ ။ ဒါဆိုရင်။ ဒီအခွေလေးထဲမှာဆိုရင် သီချင်းက စုစုပေါင်း ဆယ့်တစ်ပုဒ်ပေါ့၊ အဲ့ဒီ ဆယ့်တစ်ပုဒ်ထဲမှာ ပရိသတ်တွေ ထူးထူးခြားခြား ဂျူဝဲလ် ဆိုနေကျ ပုံစံကနေပြီးတော့ ကွဲထွက်သွားတဲ့ သီချင်းလေးတွေများ ခံစားရဦးမလား။

ဖြေ။ ။ အဲဒီထဲမှာတော့   orchestra ကို ဦးစားပေးပြီးတော့၊ illustration ဦးစားပေးပြီးတော့ ဆိုထားတဲ့သီချင်းလေးတွေ သုံးပုဒ်လောက်ပါတယ်။ အဲဒီမှာ choir တွေနဲ့လည်း ထည့်ထားတယ်၊ ဆိုတော့ ဒီ မီးပြလိုက်တို့၊ ဆုံးဖြတ်ပြီးသား တို့ အရိပ်များ တို့ဆိုရင် ကိုယ်ဆိုနေကျပုံစံလေးတွေ မဟုတ်ဘူးပေါ့နော်၊ height  တွေလည်း များများဆိုထားတဲ့ အပိုင်းလေးတွေရှိတယ်ပေါ့။ ပြီးတော့ နောက်ပိုင်း ကျွန်တော်ကိုကျတော့ အများဆုံးသိတာက ဒီအအေးသီချင်းလေးတွေ သိတာပေါ့နော်။ ပြီးတော့ ပိုလည်းကြိုက်ကြတယ်။ ဒါပေမယ့် ဒီထဲမှာတော့ ကိုယ်ဆိုချင်တဲ့ပုံစံလေးတွေ ပါတယ်။ ပရိသတ်ကတော့ ကြိုက်မလား မကြိုက်ဘူးလားဆိုတာတော့ မျှော်လင့်နေတုန်းပဲပေါ့နော်။ ဆိုတော့ ဒီထဲမှာတော့ တစ်ခြား sixteen တို့ EX ဆို ပေါ့ပေါ့ပါးပါးတို့ ဘာတို့ဆိုရင် အဲဒီလိုသူ့ရဲ့ reythem လေးတွေက မတူဘူးပေါ့နော်။ တစ်ခါတစ်လေ ခြွင်းချက်ပုံစံမျိုးတွေ  အဲဒီလိုမျိုးလေးတွေလည်း ပါတယ်။ ဆိုတော့ အဲ့ဒါလေးတွေလည်း များများဆိုထားပါတယ်။

မေး။ ။ ဒီအခွေထဲမှာဆိုရင်တော့ ညီမလေးကိုယ်တိုင် ရေးထားတဲ့သီချင်းလေးတွေတော့ မတွေ့ရသေး ဘူး၊ အဲဒီတော့ အခုရော ကိုယ်ကိုယ်တိုင် သီချင်းတွေရေးနေပြီလား။

ဖြေ။ ။ ရေးတော့ ရေးနေပြီ ဒါပေမယ့် စိတ်ကြိုက်မရသေးဘူး။ တစ်ခါတစ်လေအားမရတဲ့ အပိုင်းလေး တွေရှိတယ်၊ဒါပေမယ့် ကြိုးတော့ ကြိုးစားနေပါတယ်။ ရေးဖို့ကြိုးစားနေတယ်။

မေး။ ။ ပရိသတ်တွေကတော့ ညီမလေးဆိုလို့ရှိရင် ခုနပြောတဲ့ အဆွေးသီချင်းလေးတွေနဲ့ပဲ ပိုသိတာ များတယ်ပေါ့နော်၊ ပိုသိတာများတော့ ကိုယ်ကိုယ်တိုင်ရော ဘယ်လို Music မျိုးဖန်တီးရတာ ပိုကြိုက်လဲ၊ ပြီးတော့ ဘယ် Music နဲ့ ပိုပြီးတော့ လိုက်တယ်လို့ထင်လဲ။

ဖြေ။ ။ ကိုယ်ကတော့ တစ်ခါတစ်လေ ကိုယ်ဆိုချင်တဲ့ဟာ အများကြီးရှိတာပေါ့နော်။ ဒါပေမယ့် အဲဒီထဲမှာမှ ပရိသတ်ကကျတော့လည်း ဒီအအေးသီချင်းလေးတွေကို ပိုကြိုက်တဲ့နေရာမှာရှိတယ်၊ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ ဖန်တီးတယ်ဆိုတာထက်ပေါ့နော်၊ အခုနောက်ပိုင်း ကိုယ့်စိတ်ထဲမှာလာတဲ့ Music ကိုရေးနေတယ်ပေါ့နော်။ ရေးနေတယ်ဆိုတော့ အဲ့ဒါဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာတော့ ကျွန်တော်လည်း ရင်ခုန်ရင်းနဲ့တော့ ကြိုးစားပြီးရေးနေတုန်းပဲပေါ့၊ အဲဒီလိုမျိုးဆိုတော့ စောင့်ကြည့်စေချင်ပါတယ်၊ ပြီးတော့ အအေးသီချင်းလေးတွေမှ မဟုတ်ဘူးပေါ့၊ ကျွန်တော် ဒီထဲမှာ ဆိုလည်း၊ ဆိုထားတာလေးတွေလည်း အများကြီးပါပဲလို့ အဲ့ဒါလေးတွေလည်း ခံစားနားဆင်ပေးကြပါလို့ ပြောချင်ပါတယ်။

မေး။ ။ ဒါ ကိုယ်အနုပညာလောက နဲ့ ဂီတလောကထဲကို စပြီးတော့ ဝင်လာတဲ့ အချိန်တုန်းက Music Trend နဲ့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ Music Trend တွေကျတော့ မတူတော့ဘူးပေါ့နော်၊ အရင်တုန်းက ဆိုရင် Producer တွေရှိမယ် ပြီးတော့ သူတို့က သီချင်းခေါ်ဆိုခိုင်း၊ အခွေထုတ်ပေးတာ တွေရှိတယ်၊ အခုနောက်ပိုင်းကျတော့ အခွေကို ကိုယ့်ဘာသာကိုယ်ထုတ်လာရတဲ့ အပိုင်းလေးတွေရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီဂီတ Trend တွေပြောင်းသွားတဲ့ အပေါ်မှာရော ညီမလေးအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ။ အဲ့ဒါကတော့ producer တွေကလည်း မှန်တယ်လေ၊ အခုက ဒီ စကေးက ကျနေပြီလေ၊ အကုန်လုံးလည်းသိတယ်ပေါ့နော်။ ဆိုတော့ producer တွေလည်း မလုပ်ရဲတဲ့ အပိုင်းတွေရှိမယ်၊ ကျွန်တော့်အခွေကတော့ အမ်မျူနိတ်တက် ကနေပြီးတော့ ငွေကြေးအားဖြင့် produc လုပ်ထားပေးတယ်၊ ကျွန်တော်ကတော့ သီဆိုတဲ့အပိုင်းမှာ အားစိုက်ထုတ်ထားတယ်ပေါ့၊ ဆိုတော့ ဒါ cooprerate လုပ်ထားတဲ့ ပုံစံမျိုးလေးပေါ့၊ ဒါကလည်း အမ်မျူနိတ်တက် ကိုလည်း ကျေးဇူးအများကြီးတင်တယ်၊ ဘာလို့လဲဆိုတော့ ခုနပြောသလို ထုတ်ပေးတဲ့ producer တွေက အရမ်းနည်းနေပြီလေနော်။ နည်းနေပြီဆိုတော့လည်း သူတို့ယုံကြည်ချက်နဲ့ အဆင်မပြေတဲ့ အပိုင်းတွေရှိမှာပေါ့၊ ဆိုတော့ အမ်မျူနိတ်တက် ကတော့ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ပေါင်းတဲ့အဖွဲ့တွေထဲမှာ ကိုဖြိုးတို့ ဘာတို့ အကုန်လုံးပေါ့၊ သူတို့နဲ့အကုန်လုံး ဒီ cooprerate ပုံစံမျိုးလေးတော့ သူတို့အမြဲတမ်း တတ်နိုင်သလောက် အများဆုံးကူညီပေးတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ခုနအစ်ကိုပြောသလို စကေးကျနေတဲ့အပိုင်းတွေကြောင့် အဓိကလို့တော့ ကျွန်တော်ထင်တယ်။

မေး။ ။ နောက်တစ်ခုကတော့ ဂီတနဲ့ ပတ်သက်တဲ့ ဆုပေါ့နော်။ ဂီတနဲ့ ပတ်သက်တဲ့ဆုဆိုရင်  မြန်မာနိုင်ငံမှာ ဆိုလို့ရှိရင် FM Radio က ကျင်းပတဲ့ ဆုပေးပွဲလောက်ပဲ ရှိသေးတာကို တွေ့ရတယ်၊ တကယ်ကြီးကြီးမားမား လုပ်ပေးတဲ့ ဆုပေးပွဲဆိုတာမျိုး မတွေ့ရသေးဘူးပေါ့နော်။ အဲဒီတော့ အဲဒီလိုမျိုး ဆုပေးပွဲပုံစံနဲ့ ပတ်သက်ပြီးတော့ရော ၊ နိုင်ငံတကာမှာတော့ အများကြီးလည်းရှိတယ်ဆိုတော့ ဘယ်လို ပုံစံမျိုးလေး ဖြစ်စေချင်လဲ။

ဖြေ။ ။ FM ကပေးတဲ့ဟာလည်း ကောင်းတယ်၊ ဒါပေမယ့် ခုနပြောသလို နိုင်ငံတကာက ပေးနေတဲ့ ဆုမျိုးလည်း ဖြစ်စေချင်တယ်ပေါ့နော်။ မြန်မာပြည်မှာပေါ့၊ အဲဒီလိုဆန္ဒတော့ ရှိပါတယ်။ ပြီးတော့ ဒါပေမယ့် ကိုယ့်ရဲ့ Artist ဖက်ကလည်း ကျွန်တော်ပေါ့နော်။ ကိုယ်တွေကလည်း ကြိုးစားဖို့လိုပါတယ် ထပ်ပြီးတော့ပေါ့နော်၊ ဒါ နိုင်ငံတကာ အဆင့်မီအောင် ဆိုတာကတော့ ကိုယ်တွေဆို ကြိုးစားဖို့ အများကြီးလိုသေးတယ်လို့ ကျွန်တော်ထင်တယ်။

မေး။ ။ အခုနောက်ပိုင်းမှာတော့ နောက်ပိုင်းအဆိုတော်တွေဆိုလို့ရှိရင် အင်္ဂလိပ်လိုတွေပါ တွဲပြီးတော့ ဂီတကို ဖန်တီးလာတာ တွေ့ရတယ်၊ သူတို့ နိုင်ငံတကာကို ချပြနိုင်လောက်အောင် သူတို့အနေနဲ့ ဖန်တီးလာတယ်၊ တစ်ဖြေးဖြေးနဲ့ ထိုးဖောက်ဖို့ ကြိုးစားလာတယ်ပေါ့၊ အဲဒီတော့ ညီမလေး အနေနဲ့ရော ထပ်ပြီးတော့ ဘယ်လိုမျိုးခြေလှမ်းတွေနဲ့ ဂီတလောကကို ထိုးဖောက်ဖို့ ရည်ရွယ်ထားလဲ။

ဖြေ။ ။ အဲဒီဟာကတော့ ခုနအစ်ကိုပြောတဲ့ အင်္ဂလိပ်သီချင်းတွေ ရေးနိုင်တာက အရမ်းကောင်းတာပဲ လေနော်၊ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လည်း အရမ်းကောင်းတယ်ပေါ့နော်။ ဆိုတော့ ကိုယ့် Artist တွေအချင်းချင်းလည်း ဂုဏ်ယူတယ်ပေါ့နော်။ ကျွန်တော်ကတော့ အရင်ကတော့ ကိုယ်တိုင် လည်း မရေးတတ်ဘူးပေါ့နော်၊ ရေးလည်း မရေးနိုင်သေးပါဘူး၊ ဒါပေမယ့် The Four နဲ့ကျတော့ ဒီအင်္ဂလိပ်သီချင်းလေးတွေတော့ ကိုယ်တတ်နိုင်တဲ့ဟာလေးတွေတော့ ဆိုတာပေါ့နော်၊ သူများသီချင်းတွေပေါ့ အင်္ဂလိပ် Cover song တွေဆိုတယ်။ ဆိုတော့ ကိုယ်ကိုယ်တိုင်တော့ ရေးဖို့ မရှိသေးဘူး။ ဒါမယ့် ကျွန်တော် အရင်တစ်နှစ်လောက်ကတည်းက Plan ထားတာ တစ်ခုတော့ ရှိတယ်ပေါ့နော်၊ ဒါပေမယ့် အဲ့ဒါကတော့ Single Song လောက်နဲ့ပဲ ထွက်ဖို့ စဉ်းစားထားတာပေါ့၊ ဒါပေမယ့် အခုထိတော့ အကောင်အထည်မဖော်နိုင်သေးဘူး၊ ဟိုနေ့က အင်တာဗျူးမှာလည်း ကျွန်တော်ဖြေလိုက်သေးတယ်၊ ညီမလေးလေ ဖွေးနုမုံကိုနော်  ၊ ကျွန်တော်ရေးထားခိုင်းတာ ရှိတယ်၊ သူက အရင်ကတည်းက အင်္ဂလိပ်သီချင်းတွေရေးတယ်ဆိုတော့လေ သူထွက်ထားတာလေး လည်း ရှိတယ်၊ ကျွန်တော် တော်တော်ကြိုက်တယ်ပေါ့နော်၊ သူ Music ပုံစံလေးတွေဆိုတော့ သူကို အကူအညီ တောင်းထားတာရှိတယ်။ သူက မရေးဖြစ်သေးဘူး၊ ဒါပေမယ့် သူကလည်း စာတစ်ဖက်နဲ့ ဆိုတော့ မအားဘူးပေါ့၊ အဲဒီလိုလေး သူနဲ့ ကျွန်တော်နဲ့ သူ့သီချင်းလေး ကျွန်တော်နဲ့ အဆင်ပြေသွားပြီ ဆိုရင်တော့ Single Song လေးတစ်ပုဒ်တော့ ဖြစ်နိုင်အောင်တော့ ကြိုးစားချင်တယ်ပေါ့နော် အဲဒီလောက်ပါပဲ။    ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required